ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
တောင်သူဦးကြီးတို့ မင်္ဂလာပါခင်မျာ။
ယနေ့ခေတ်တွင် သြဂဲနစ်စိုက်ပျိုးရေးဟူ၍ အတော်ပင်ရေပန်းစားနေပါသည်။ ထို့ကြောင့် ပန်းမန်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင် (သို့မဟုတ်) စီးပွားဖြစ်စိုက်ပျိုးနေသော ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာများသည် အလွန်အရေး ပါလာပါသည်။ ဤနည်းစနစ်မှာ ကုန်ကျငွေနည်းပါးသည့်အပြင် အလွယ်တကူရရှိခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခြင်း စသည့်အကျိုး ကျေးဇူးများလည်းရှိပါသည်။ ပြုလုပ်နည်းမှာ လွယ်ကူပါသည်။ တိရစ္ဆာန်အညစ်အကြေး အခြောက်တစ်ဆ၊ သစ်ရွက်အမှိုက်ဆွေးတစ်ဆ၊ ရွှံ့ သို့မဟုတ် နုန်းမြေ တစ်ဆ၊ သဲ သို့မဟုတ် အပေါ်ယံမြေသား တစ်ဆ ထိုလေးမျိုးကို ဆတူရော၍ အသုံးပြုနည်းဖြစ်ပါသည်။ ကြက်ချေး၊ ဝက်ချေး၊ မြင်းချေး၊ နွားချေး၊ ဆိတ်ချေးရရာကို ကောင်းစွာစုဆောင်း၍ အခြောက်ခံထားပါ။ ချေးအစိုမှာ မီသိန်းဓာတ်ငွေ့ထွက်တက်ခြင်း၊ အပင်လောင်စေခြင်းတို့ ဖြစ်တက်သဖြင့် မသုံး သင့်ပါ။ စနစ်တကျ စုဆောင်းထားသော ချေးအခြောက်တို့ကို ထုထောင်းကြိတ်ချေ၍ အမှုန့်ပြု လုပ်ရမည်။
မိမိတို့ ယာခင်း သို့မဟုတ် အိမ်ခြံဝန်းရှိ သရက်၊ မန်ကျည်း၊ ဆီးစသော အရိပ်ရအပင် ကြီးများမှ နွေအခါ အရွက်ကြွေလျှင် ကောင်းစွာ လှဲကျင်းစုဆောင်းထား၍ အပင်ခြေ၌ စုပုံထားပါက အပင်၏မြေသား၊ အစိုဓာတ်ထိန်းသိမ်းမှုကို အထောက်အကူ ဖြစ်စေပါသည်။ အပင်တွင် ရောဂါပိုးအန္တရာယ် ကျရောက်ခြင်းမရှိပါက မလိုအပ်ဘဲ အမှိုက်သရိုက်များကို မီးမရှို့သင့်ပါ။ မီးရှို့ရာမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထွက်တတ်ပါသည်။ ထိုဓာတ်ငွေ့ သည် ပတ်ဝန်းကျင် ပူနွေးမှုကို ဖြစ်စေပါသည်။ ထို့ကြောင့် မီးမရှို့ခြင်းသည် ကာဗွန်ဒိုင်အောက် ဆိုဒ် ထုတ်လွှတ်မှုကို ထိန်းချုပ်ရာရောက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုပြုရာလည်းရောက်ပါ သည်။ မြေကျင်းပြုလုပ်၍ အမှိုက်သရိုက်များကို စုဆောင်းထားပါ။ ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်စသည့် ဓာတုပစ္စည်းများကို ဖယ်ရှားပါ။ သစ်ရွက်ဆွေး၊ အမှိုက်ဆွေးကောင်း စွာပြုလုပ်ပါ။
အပင်ခြေ သို့မဟုတ် မြေကျင်းနှင့် စုဆောင်းထားသော သစ်ရွက်ခြောက်၊ အမှိုက်များ အတွင်းသို့ တီကောင်ထည့်သွင်းပေးပါက ပိုမိုကောင်းမွန်သည်။ တီကောင်မှာ အမှိုက်သရိုက် သစ်ဆွေးစားသော အမျိုးအစားနှင့် မြေဆွေးစား အမျိုးအစားဟူ၍ နှစ်မျိုးရှိပြီး ထိုနှစ်မျိုး စလုံးစုဆောင်းထည့််သွင်းပေးပါ။ ထို့အပြင် အီးအမ််ဘိုကာရှီကိုလည်း ရနိုင်ပါက သုံးစွဲနိုင် သည်။ ပြီးလျှင် မကြာခဏ ရေဖျန်းပေးပါ။
ရွံ့ သို့မဟုတ် နုန်းမြေကို မြစ်ချောင်းများ၏ ကမ်းပါးမှ ရယူနိုင်ပါသည်။ အခြောက်အခဲ များကို ထုထောင်း၍ အမှုန့်ပြုလုပ်ရမည်။ မိုးနည်းပါးရာ အရပ်များတွင် မြေအစိုဓာတ် ထိန်းသိမ်းအား ကောင်းစေရန် အနည်းငယ်မျှပိုမို၍ ထည့်သွင်းအသုံးပြုသင့်သည်။ အပေါ်ယံ မြေသား သို့မဟုတ် မြေပွရာ ဒေသများတွင် သုံးစွဲရမည်။ ဤလေးမျိုးကို ဆတူရော၍ မွှေပါ။ နှစ်ရက်ခန့် နေလှန်းထားပါ။ တစ်ရက်လျှင် နှစ်ကြိမ်ခန့် အထက်အောက်လှန်ပေးပါ။
မြေသားအားလုံး သမသောအခြေအနေရအောင် လုပ်ပေးရမည်။ ထို့နောက် မိုးမရွာ ပါက ရေဖျန်းပေးပါ။ တစ်ပတ်ခန့် နှပ်ထားပြီးမှ စိုက်ပျိုးမှုတွင် စတင်၍ သုံးစွဲပါ။ လက်တွေ့ စမ်းသပ်သုံးစွဲရာတွင် အသုံးပြုပြီး တစ်လခန့်မှစ၍ ထူးခြားစွာ အပင်သန်စွမ်းသည်ကို တွေ့ရ ပါလိမ့်မည်။ တခြားမြေသြဇာ သုံးစွဲရန် မလိုပါ။ ပိုမိုကောင်းမွန်လိုပါက ရွက်ဖျန်းမြေသြဇာ အကြိမ် ရေအနည်းငယ်နှင့် ဓာတ်မြေသြဇာအနည်းငယ်သာ ဖြည့်စွက်သုံးစွဲရမည်။
ဤသို့သုံးစွဲခြင်းအားဖြင့် အော်ဂဲနစ်စနစ်ဖြစ်သဖြင့် ဓာတ်ကြွင်းအာနိသင်ကင်းသော သန့်ရှင်းသည့် သစ်သီးဝလံပန်းမန်များကို ရရှိစေနိုင်သည်။ ကျေးရွာတောင်သူများအဖို့ ဖော်ပြပါ ပစ္စည်းများမှာ အလွယ်တကူရရှိနိုင်ခြင်း၊ တန်ဖိုးနည်းပါးခြင်းတို့ကြောင့် ကုန်ကျမှု နည်းပါးသည့် အကျိုးကျေးဇူးရရှိနိုင်သည်။ ထို့အပြင် အမှိုသရိုက်များကို စနစ်တကျ သုံးစွဲရာရောက်သဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကိုပါ အထောက်အကူပြုရာရောက်ပါသည်။
(၂၀၁၁ခုနှစ်၊ နိုင်ဝင်ဘာလတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဥ်ထုတ်ဝေသည့် လက်တစ်ကမ်းမှ ရွှေနည်းလမ်းများ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
MgHlaMgHla
လွန်ခဲ့သော ၅ နှစ် ကလေ့လာလျှက်စဲပါ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မောင်ချမ်းသာဦး
အားလုံး
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020
အပင်နာခြင်း သို့မဟုတ် နလန်ထူနှေးခြင်း
13/11/2020