အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်နာခြင်း သို့မဟုတ် နလန်ထူနှေးခြင်း

အပင်နာခြင်း သို့မဟုတ် နလန်ထူနှေးခြင်း

    ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။

    ဦးကြီးတို့သီးနှံများ စိုက်ပျိုးကြရာတွင် အစေ့ကို တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပျိုးထောင်၍ စိုက်ပျိုးခြင်း၊ ကိုင်းကူး၍ စိုက်ပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးကြပါသည်။ ထို့သို့စိုက်ပျိုးရာ၌ ပျိုးထောင်၍စိုက်ပျိုးသော အပင်များတွင် အပင်နာခြင်းများဖြစ်ပေါ်ပါသည်။ 

    အပင်နာခြင်း ဆိုတာဘာလဲ?။  အပင်နာခြင်းဆိုသည်မှာ အပင်များကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့စိုက်ပျိုးရာ၌ ပျိုးပင်တွင် ဒဏ်ရာတစ်ခုခုရရှိခြင်းကြောင့် သို့မဟုတ်် ပတ်ဝန်းကျင်အခြေအနေမပေးခြင်းကြောင့် ပြောင်းရွေ့စိုက်ပျိုးလိုက်သော နေရာသစ်တွင် နေသားမကျဘဲဖြစ်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့လူသားများတောင် နေရာအသစ်တစ်ခုသို့ပြောင်းသွားလျှင် ထိုပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေနိုင်အောင် ကြိုးစားကြရပါသည်။ အပင်များသည်လည်း ထို့သို့ကြိုးစားကြရပါသည်။

    ဆောင်းရာသီရောက်တော့မယ်ဆိုတော့ ဆောင်းသီးနှံများ စိုက်ပျိုးရန် ပြင်ဆင်နေကြပြီလို့ ထင်ပါသည်။ ဆောင်းရာသီတွင်စိုက်ပျိုးသော သီးနှံအများစုသည် ပျိုးထောင်၍ စိုက်ပျိုးသော သီးနှံများဖြစ်သောကြောင့် အပင်နာခြင်းများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန် လိုအပ်ပါသည်။ 

အပင်နာခြင်းကို ဘယ်လိုလျော့ချမလဲ

    ပျိုးပင်များ ပြောင်းရွှေ့စိုက်ပျိုးရာတွင် အမြစ်များကို ထိခိုက်မှုမရှိအောင် ပြောင်းရွှေ့ စိုက်ပျိုးရပါမည်။ အပင်တိုင်း၏ အမြစ်အဖျားကလေးသည် ရေနှင့် အာဟာရဓာတ်များကို စုပ်ယူပေးသော အဓိကနေရာဖြစ်ပါသည်။ ထို့ကြောင့် အမြစ်ဖျားတွင် ဒဏ်ရာရသွားပါက အပင်နာခြင်းဖြစ်နိုင်ပါသည်။

    ပျိုးပင်များကို နှုတ်၍ စိုက်ပျိုးရာတွင် အမြစ်များများပါအောင်နှုတ်၍ စိုက်ပျိုးပေးသင့်ပါသည်။ အမြစ်များများပါလျှင် အပင်အတွက်လိုအပ်သော ရေနှင့် အာဟာရဓာတ်များကို ပို၍စုပ်ယူပေးသောကြောင့် အပင်မြန်မြန်နလန်ထူစေပါသည်။

    ပြောင်းရွှေ့စိုက်ပျိုးသောအပင်များကို ရေအဆက်မပြတ်လောင်းပေးသင့်ပါသည်။ ရေ သည် အပင်တိုင်းအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး အပင်နာခြင်းကို ရှောင်ရှားရာတွင်လည်း ရေလောင်းပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

    ပျိုးအိတ်များဖြင့် ပျိုးထောင်ထားသော အပင်များကို ပြောင်းရွှေ့စိုက်ပျိုးရာတွင် မြေလုံးမပျက်စေဘဲ စိုက်ပျိုးသင့်ပါသည်။ မြေလုံးပျက်သွားပါက အမြစ်များပျက်စီးသွားပြီး အပင်နာခြင်းဖြစ်ပေါ်စေပါသည်။

    ပျိုးများနှုတ်ပြီး တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့စိုက်ပျိုးသော ကြားအချိန်တွင် လည်း အမြစ်များကို အစိုဓာတ်မပြတ်အောင် ပြုလုပ်ပေးထားရပါမည်။ အမြစ်များ ခြောက်သွားလျှင် အပင်ကိုထိခိုက်စေပြီး အပင်နာသွားနိုင်ပါသည်။

    စိုက်ပျိုးသော မြေကြီးကိုလည်း စိုစွတ်အောင် ပြုလုပ်ထားပေးသင့်ပါသည်။

    ပတ်ဝန်းကျင်တွင် အပူချိန်များနေလျှင် အပင်ငွေ့ပျံနှုန်းများကာ အပင်နာခြင်းဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်တွင် စိုထိုင်းဆများနေလျှင် အပင်ငွေ့ပျံနှုန်းနည်းကာ မြန်မြန်နလန်ထူ စေပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်အခြေအနေကိုကြည့်၍ ပျိုးထောင်၍ စိုက်ပျိုးသင့်သလား၊ ပျိုးမထောင်ဘဲ မျိုးစေ့ကို တိုက်ရိုက်စိုက်ပျိုးသင့်သလား ဆုံးဖြတ်သင့်ပါသည်။

    ပျိုးထောင်ပြီး ပြောင်းရွှေ့စိုက်ပျိုးသောအချိန်တွင် ပတ်ဝန်းကျင်၏ အပူချိန်မြင့်နေပါက အပင်ငွေ့ပျံနှုန်းချော့ချစေရန် အရွက်များကို  ခြွေချပေးနိုင်ပါသည်။ ကိုင်းများကိုလည်း လျှော့ချပေးနိုင်ပါသည်။ ချွင်းချက်အနေနှင့် ခရမ်းချဥ်စိုက်ပျိုးသောအခါ ပျိုးခင်းမှနှုတ်လာသည့်အတိုင်း စိုက်ပျိုးပေးရပါမည်။

    ပျိုးပင်များကို အကြမ်းခံနိုင်စေရန် ပြောင်းရွှေ့မစိုက်မီ ပျိုးဘောင်တွင်ကတည်းက ပြုလုပ်ပေးရမည်။ ထို့ကြောင့် ပျိုးဘောင်ပေါ်ရှိ ပျိုးပင်များကို ပြောင်းရွှေ့စိုက်ရန် တစ်ပတ်အလိုကတည်းက ရေအနည်းငယ်သာပေးပြီး နေရောင်အောက်တွင် နာရီအနည်းငယ်ထားပေးပြီး အကြမ်းခံအောင် ပြုလုပ်ပေးနိုင်ပါသည်။

    အမြစ်သစ်များ မြန်မြန်ထွက်စေရန် အမြစ်ထွက်ဟော်မုန်းများ သုံးပေးနိုင်ပါသည်။

    မြေသြဇာကျွေးခြင်းကို ရပ်နားထားသင့်ပါသည်။

    ပျိုးပင်ဝယ်ရမည်ဆိုလျှင်လည်း ကျန်းမာသန်စွမ်းသော ပျိုးပင်များကို ရွေးချယ် အသုံးပြုသင့်ပါသည်။

    ပျိုးပင်များမှ သေနေသောအစိတ်အပိုင်းများကို ဖယ်ရှားပေးသင့်ပါသည်။

Source 

https://www.gardeningknowhow.com/plant-problems/environmental/learn-how-to-avoid-and-repair-transplant-shock-in-plants.htm

1
တိုးတိုးနိုင်

တိုးတိုးနိုင်

လွန်ခဲ့သော ၅ နှစ် က

ကျနော်ဘူးပင်စိုက်တာ အပင်တက်နှေးနေတယ် အပင်မတက်ဘူကြာနေပြီ အဲတာဘယ်လိုလုပ်ရမလဲဗျ

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။