အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု

                                     ဦးကြီးတို့အားလုံးမင်္ဂလာပါဗျ။

         တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများ ဖြစ်သော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ဘက်တီးရီးယားသတ်ဆေး၊ နီမတုတ် သတ်ဆေး၊ ဓာတုဓာတ်မြေသြဇာများ၊ ဟော်မုန်းများ စသည့်တို့ကို တွင်ကျယ်စွာအသုံးပြု လာကြပါသည်။ ထိုသို့တွင်ကျယ်စွာအသုံးပြုလာသောကြောင့် ဓာတုဆေးများ၏ အကျိုးသက် ရောက်မှုများကိုလည်း ဆိုးရွားစွာခံစားနေကြရပါသည်။ တောင်သူဦးကြီးတို့ဘက်မှ ပြန်ကြည့် လျှင်လည်း ထိုဓာတုဆေးများကို အသုံးမပြုလျှင်လည်း သီးနှံအထွက်နှုန်းများ ကျဆင်းလာ ကာ အရှုံးပေါ်လာနိုင်ပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနှင့် ထိုဓာတုဆေးများကို မည်ကဲ့သို့ အသုံးပြုမည်နည်း?။

         စိုက်ပျိုးရေးဆိုသည်မှာ သစ်ပင်များစိုက်ပျိုးခြင်းတစ်ခုတည်းမဟုတ်ဘဲ မွေးမြူရေး ရောတွဲဖက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေရရှိရုံသာမက တရိစ္ဆာန်များမှ ရရှိသောအညစ်အကြေးများဖြစ်သော နွားချေး၊ မြင်းချေး၊ ကျွဲချေး၊ ဝက်ချေး၊ ကြက်ချေးစသည့်တို့ကို စိုက်ခင်းများထဲသို့ ပြန်လည်ထည့်သွင်းပေးခြင်းအားဖြင့် ဓာတု ဓာတ်မြေသြဇာများသုံးစွဲခြင်းကို လျှော့ချနိုင်ပါသည်။ ထို့အပြင် သီးနှံအကြွင်းကျန်များ၊ သစ်ရွက်အမှိုက်များ၊ မီးဖိုချောင်မှဆွေးမြေ့စေသော ပစ္စည်းများ၊ ပေါင်းမြတ်များကို စနစ်တကျ ဆွေးမြေ့စေပြီး စိုက်ခင်းထဲသို့ ပြန်လည်ထည့်သွင်းနိုင်ပါသည်။ ထို့ကြောင့် ဓာတုဓာတ် မြေသြဇာများကို လိုအပ်မှသာ သုံးစွဲသင့်ပါသည်။ သုံးစွဲလျှင်လည်း စနစ်တကျ နှုန်းထား မှန်ကန်စွာဖြင့် ထည့်သွင်းအသုံးပြုသင့်ပါသည်။

          စိုက်ပျိုးရေးကဏ္ဍတွင် အန္တရာယ်များသော ပေါင်းသတ်ဆေးများသည်လည်း တောင်သူဦးကြီးတို့အတွက် အရေးကြီးသော အရာတစ်ခုဖြစ်လာပါသည်။ မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်သော လုပ်သားများ ပေါများလာပြီး စိုက်ပျိုးရေးကဏ္ဍ အတွက်လုပ်သားများ ရှားပါးလာသောကြောင့် အချိန်ကုန်သက်သာပြီး ပေါင်းများအလွယ်တကူ နှိမ်နင်းနိုင်သော ပေါင်းသတ်ဆေးများကို အသုံးပြုမှုများလာကြပါသည်။  ပေါင်းသတ်ဆေးများ၏ အန္တရာယ်ကို ဦးကြီးတို့သိနှင့်ပြီးသားဖြစ်မှာပါ။ သိသော်လည်း ဦးကြီးတို့မှာ လုပ်သားများခေါ်မရသောကြောင့် စိုက်ပျိုးစရိတ်များနှင့် ကာမိအောင် ပေါင်းသတ်ဆေး များကို အသုံးပြုနေကြရပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနှင့် ပေါင်းများနှိမ်နင်းရာတွင် တတ်နိုင်သမျှလုပ်သားများဖြင့် နှိမ်နင်းပြီး ပေါင်းသတ်ဆေးများကို လိုအပ်မှသာ အသုံးပြုသင့်ပါသည်။ ပေါင်းသတ်ဆေးများ အသုံးပြုရာတွင်လည်း ဆေးအညွှန်အတိုင်း တိကျသေချာစွာ အသုံးပြုပြီး စနစ်တကျကိုင်တွယ်အသုံးပြုသင့်ပါသည်။

         ယနေ့ခေတ်တောင်သူဦးကြီးတို့သည် ပိုးမွှားရောဂါများ နှိမ်နင်းရာတွင် စျေးကွက်တွင် အလွယ်တကူဝယ်ယူရရှိသော ဆေးများကို ဝယ်ယူအသုံးပြုကြပါသည်။ ထိုဆေးများအသုံး ပြုမှုများသောကြောင့် ပြည်ပဈေးကွက်မရရှိဘဲ နယ်စပ်ဂိတ်များမှ လှည့်ပြန်လာရသော သီးနှံတင်ကုန်ကားများ များစွာတွေ့နေရပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနှင့် ပထဦးဆုံး သဘာဝပိုးသတ်ဆေးများဖြစ်သော တမာပိုးသတ်ဆေးများ၊ ဆေးရွက်ကြီးများဖြင့်ပြုလုပ်သော ပိုးသတ်ဆေးများ စသောဆေးများကို ပြုလုပ်၍ ကာကွယ်နှိမ်နင်းပြီး လိုအပ်မှသာ ဓာတုပိုးသတ်ဆေးများကို အသုံးပြုသင့်ပါသည််။

          သဘာဝပိုးသတ်ဆေးများအသုံးပြုရာတွင် သတိထားရမည်မှာ သဘာဝပိုးသတ်ဆေးများသည် ဓာတုပိုးသတ်ဆေးများကဲ့သို့ ပိုးမွှားများကို ဖျန်းလိုက်သောအခါ ချက်ချင်းမသေဘဲ ပိုးမွှားများ၏ ဇီဝကမ္မဖြစ်စဥ်များ ပျက်သွားကာ တဖြည်းဖြည်းသေသွားပါသည်။ ထို့အပြင် ပိုးမွှားများနှိမ်နင်းရာတွင် သက်ရှိကို သက်ရှိဖြင့်ကာကွယ်နှိမ်နင်းနည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသည်။ ပိုးမွှားများ ကာကွယ်နှိမ်နင်းရာတွင် အကောင်းဆုံးနည်းလမ်းမှာ ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းနည်း ဖြစ်ပါသည်။ 

          ထို့ကြောင့် တောင်သူဦးကြီးတို့ကို ဓာတုဆေးများ လုံးဝအသုံးမပြုပါနှင့်ဟုတော့ မတိုက်တွန်းလိုတော့ပါ။ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများကို တတ်နိုင်သမျှ လျှော့သုံး၍ သဘာဝမှရရှိသော မြေသြဇာများ၊ ပိုးသတ်ဆေးများကို တွင်ကျယ်စွာအသုံးပြုသင့်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
Mg Thet Moe Aung

Mg Thet Moe Aung

လွန်ခဲ့သော ၅ နှစ် က

စပါခင်ထဲဓာတ်စားမပက်ပဲနဲနွာချေးနဲကြည်ချေးပက်ရင်ကောင်ပမလား

ကိုဇော်ဇော်

ကိုဇော်ဇော်

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုမျိုးလက်တွဲခေါ်ဆောင်သွားရင်ရမလဲ

ကိုဇော်ဇော်

ကိုဇော်ဇော်

လွန်ခဲ့သော ၅ နှစ် က

ဓာတုဓာတ်မြေသြဇာနှင့်ဓာတုပိုးသတ်ဆေးအသုံးပြုသော တောင်သူလယ်သမားများ သြဂဲနစ် နည်းစနစ်ဘက်စိတ်လည်လာအောင်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။