About Green Way (အစိမ်းရောင်လမ်း) | ကျွန်တော်တို့အကြောင်း
Green Way (အစိမ်းရောင်လမ်း) App is a free agriculture app for farmers and agricultural businesses in Myanmar, available on the web at greenwaymyanmar.com and on Android and iOS. Besides farming and livestock techniques, it helps farmers run agriculture as a business and improve their income by connecting them with markets and business opportunities.
Anyone can read articles, crop prices, questions and answers without an account. You only need to sign in to ask or answer questions, chat, keep records, or buy and sell.
1. Advisory Services
Questions & Answers: farmers ask questions and get answers directly from agricultural experts.
Cultivation guides: step-by-step growing guides for different crops.
2. Learning Resources
Articles on agriculture, livestock and fisheries
Agriculture and livestock news and general knowledge
5-day weather forecasts for your region
Bookshelf: download agriculture books free of charge
3. Business Tools
Agriculture grows sustainably when it is managed as a business, so Green Way connects farmers with business opportunities and services:
Green Way Records: record farming expenses and calculate profit and loss.
Marketplace: buy agricultural inputs and sell your harvest directly.
Input Calculator: calculate the inputs needed for the crops you plan to grow.
Crop Prices: check daily crop market prices across townships.
Fishing Records: keep catch records for people working in fisheries.
Sign in with Google
You can create a Green Way account and sign in with your Google account. When you do, we receive only your name, email address and profile picture. We use them only to create your account, sign you in, and show your name and photo on the content you post. We do not sell this data, do not use it for advertising, and do not share it except with the service providers that host our app. You can delete your account at any time.
Read our Privacy Policy and Terms of Use.
Get agricultural knowledge, expert advice, weather forecasts and business opportunities in one place.
Contact: [email protected]
© 2026 Green Way
အစိမ်းရောင်လမ်း စိုက်ပျိုးမွေးမြူရေးဖုန်းဆော့ဝဲလ်က တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖုန်းဆော့ဝဲဖြစ်ပါတယ်။ တောင်သူများကို စိုက်ပျိုးမွေးမြူရေးနည်းပညာများအပြင် စိုက်ပျိုးရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် မြင်လာပြီး ဝင်ငွေတိုးတက်ကောင်းမွန်လာဖို့ စီးပွားရေးလုပ်ငန်းများနှင့်ပါ ချိတ်ဆက်ထားပါတယ်။ အစိမ်းရောင်လမ်းမှာ ကဏ္ဍ (၃) ခု ကို ဦးစားပေးထည့်သွင်းထားပါတယ်။
၁။ အကြံပေးကဏ္ဍ
အကြံပေးကဏ္ဍမှာတော့ စိုက်ပျိုးသူတောင်သူနှင့် ပညာရှင်များကို တိုက်ရိုက်ချိတ်ဆက်ပေးထားတဲ့ အမေးအဖြေ၊ နှင့် စိုက်ပျိုးသီးနှံများအတွက် စိုက်ပျိုးနည်း လမ်းညွှန်များ ပါဝင်ပါတယ်။
၂။ လေ့လာစရာများ
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သက်ဆိုင်သော နည်းပညာဗဟုသုတများကို အလွယ်တကူ လေ့လာနိုင်အောင် ဖော်ပြပေးထားပါတယ်။ ထို့အပြင် စိုက်ပျိုးမွေးမြူရေး သတင်းများ၊ အထွေထွေဗဟုသုတများအပြင် မိမိဒေသအတွက် (၅) ရက်တာ မိုးလေဝသခန့်မှန်းချက်ပါ ရနိုင်မှာဖြစ်ပါတယ်။ စာအုပ်စင်ကဏ္ဍကိုလည်း ထည့်သွင်းထားတာကြောင့် ဖုန်းထဲကနေ စိုက်ပျိုးရေးစာအုပ်တွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။
၃။ စီးပွားရေးကဏ္ဍ
စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုလို မြင်ပြီး လုပ်ဆောင်မှာသာ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူများကို စီးပွားရေးကဏ္ဍများနှင့် ချိတ်ဆက်နိုင်ဖို့ အစိမ်းရောင်လမ်း အဖွဲ့သားတွေက အမြဲမပြတ် ကြိုးစားနေပါတယ်။ ပထမဆုံးအနေဖြင့် အစိမ်းရောင်လမ်းပေါ်မှာရှိတဲ့ အစိမ်းရောင်မှတ်တမ်းက စိုက်ပျိုးစရိတ်တွေကို မှတ်သားပြီး အရှုံးအမြတ်ကို တွက်ချက်ပေးမှာဖြစ်ပါတယ်။ ဈေးတန်းကြီးကဏ္ဍမှာ တောင်သူများလိုအပ်သော သွင်းအားစုများကို ဝယ်ယူနိုင်ပြီး ထွက်လာသော သီးနှံများကိုလည်း တိုက်ရိုက်ရောင်းချနိုင်ပါတယ်။ သွင်းအားစုထွက်ချက်ခြင်း လုပ်ဆောင်ချက် ထည့်သွင်းထားလို့ စိုက်မယ့်သီးနှံပေါ်မူတည်ပြီး သွင်းအားစုလိုအပ်ချက်တွေကို တွက်ချက်နိုင်ပါတယ်။ သီးနှံဈေးနှုန်းမှာလည်း နေ့စဉ်သီးနှံပေါက်ဈေးကို မြို့နယ်အစုံကြည့်လို့ရနိုင်ပါတယ်။ ရေလုပ်ငန်းသမားများအတွက် ငါးဖမ်းမှတ်တမ်းကိုလည်း ထည့်သွင်းထားပါတယ်။
© 2026 Green Way