ဖြေကြားချက် ၂ ခု
@မောင်ခိုင်လင်းထွန်း ပုံအရ စပါးပင်တွေ ဝါခြောက်နေတာဟာ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (BLB)ကျတယ်ယူဆပါတယ်။ ရောဂါ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ရေဝပ်မှုနဲ့ မြေဆီလွှာပြဿနာတွေကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။ ရွှေ့ပြောင်းစိုက်ပြီးခါစ စပါးပင်ငယ်တွေ အမြစ်မစွဲနိုင်ဘဲ ရေဝပ်၊ငတ်ဒဏ်၊ မြေချဉ်/ဆားပေါက်ဒဏ်တွေ ခံနေရတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လယ်ကွက်ထဲကို ရေချို ချက်ချင်းသွင်းပေးပြီး တစ်ရက်နှစ်ရက်နေရင် ရေဟောင်းဖောက်ထုတ်ကာ ရေသစ်ပြန်သွင်းပေးပါ။ Copper oxychloride, Copper hydroxide, Kasugamycin, Bismerthiazole Oxolinic acid ဘက်တီးရီးယားသတ်ဆေးတစ်မျိုးမျိုး သီးသန့်ဖျန်းပေးပါ။ထို့နောက် ရောဂါထိန်းနိုင်သွားရင်အပင်ပြန်လန်းလာစေဖို့ အမြစ်အားကောင်းဆေး (Humic acid) ဖျန်းပေးပါ။ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါဟုတ်မဟုတ် သိနိုင်ရန်အနီးကပ်ပုံများမြင်ရရင်ပိုမိုခွဲခြားပေးနိုင်ပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပုံပါမြက်ကိုနိုင်သောေရွးခြယ်ဆေး ကိုညွှန်ပြပေးပါခင်ဗျာ။
ဖြေကြားချက် 2 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့...
ဖြေကြားချက် 2 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံး...
ဖြေကြားချက် 2 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 1 ခု
စပါးအပင် ပျက်ကျနေတယ် မနှစ်ကဆိုမရိတ်ရသည့်နေရာတေ အတော်များတယ်အခုလည်းစ ဖြစ်နေပါတယ်ဆရာဘာဆေးများသုံးရမလဲညွှန်းပေးပါ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ