အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်

သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်

သော်ဇင်
သော်ဇင် • 05/10/2026

တောင်သူဦးကြီးတို့ခင်ဗျာ…

သကြားလို့ကြားလိုက်တာနဲ့ စားစရာအချိုလို့ပဲ မြင်ထားကြပါသလားဗျာ။

အပင်တွေမှာလည်း “သကြား (Sugar/Sucrose)”ဆိုတာရှိပါတယ်။ သူက စွမ်းအင်ပေးရုံတင် မဟုတ်ပါဘူး။ ရောဂါကာကွယ်ဖို့နဲ့ သီးနှံအထွက်တိုးဖို့အတွက် အလွန်အရေးပါတဲ့ “ဉာဏ်ကြီးရှင် ဆက်သွယ်ရေးစနစ်” အဖြစ် လုပ်ဆောင်နေတာပါ။

 ၁။ သကြားဆိုတာ အပင်ရဲ့ “စွမ်းအင်” တင်မကဘူး “သတင်းပို့သူ” ပါ။

အပင်ရဲ့ အရွက်တွေက အလင်းမှီစုဖွဲ့ခြင်း (Photosynthesis) နဲ့ သကြားဓာတ် (Sucrose) ကို ထုတ်လုပ်ပါတယ်။ ဒီသကြားဓာတ်ဟာ အမြစ်၊ အသီး၊ အပွင့်တွေဆီ စီးဆင်းပြီး ကြီးထွားဖို့ စွမ်းအင်ပေးရုံတင်မကဘဲ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ရောဂါဒဏ်တွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုပါ ညွှန်ကြားပေးပါတယ်။

၂။ “ချိုမြိန်သော ခုခံအားစနစ်” (Sweet Immunity) ဆိုတာ ဘာလဲ?

သုတေသနတွေအရ အပင်ရဲ့ ဆဲလ်တွေထဲမှာ သကြားဓာတ် ကြွယ်ဝနေရင် မှိုနဲ့ ဗိုင်းရပ်စ်ရောဂါတွေကို ခုခံနိုင်စွမ်း ပိုမိုမြင့်မားလာတာကို တွေ့ရပါတယ်။ ဒါကို သိပ္ပံပညာရှင်တွေက “Sweet Immunity” (အချိုဓာတ်အခြေပြု ခုခံအား) လို့ ခေါ်ကြပါတယ်။ အပင်ထဲမှာ သကြားဓာတ် ပြည့်ဝနေရင် ရောဂါပိုးဝင်တာနဲ့ ရောဂါဒဏ်ကို တိုက်ထုတ်မယ့် ဓာတုဓာတ်ပစ္စည်းတွေကို ချက်ချင်း ထုတ်လုပ်ပေးတာပါ။

၃။ အေးလွန်း/ပူလွန်းတဲ့ ရာသီဥတုမှာ သကြားဓာတ်က ဘယ်လိုအလုပ်လုပ်လဲ?

ရာသီဥတု အပြောင်းအလဲကြောင့် အေးလွန်းတာ ဒါမှမဟုတ် မိုးခေါင်တာမျိုး ကြုံရတဲ့အခါ အပင်တွေဟာ သကြားဓာတ် ပျော်ဝင်မှုကို တိုးမြှင့်လိုက်ပါတယ်။ အရွက်ထဲမှာ ပျော်ဝင်သကြားဓာတ်တွေ များလာခြင်းက အပင်ကို အေးဒဏ်နဲ့ ရေငတ်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ သဘာဝ “အကာအကွယ်အင်္ကျီ” တစ်ထည်လို ကူညီပေးတာဖြစ်ပါတယ်။

 ဆိုတော့ မိတ်ဆွေတောင်သူများ သကြားနဲ့ ပတ်သက်ပြီး ဒီ အချက် ၃ ချက်ကို မှတ်ထားလို့ရပါတယ်။

 အချက် ၁ - သကြားဓာတ် = အပင်၏ ကိုယ်ခံအား အင်ဂျင်

 အပင်မှာ သကြားဓာတ် ကြွယ်ဝမှ မှိုရောဂါအပါဝင် အပင်ရောဂါအချို့ကို သဘာဝအတိုင်း တွန်းလှန်နိုင်စွမ်း (Sweet Immunity) အပြည့်ရပါမယ်။

အချက် ၂ - သကြားဓာတ် စီးဆင်းမှု = အသီးအနှံ အထွက်နှုန်း

 အရွက်ကထုတ်တဲ့ သကြားဓာတ် အသီးနဲ့ စပါးနှံဆီ ကောင်းမွန်စွာ စီးဆင်းနိုင်မှ အသီးအနှံ အောင်မြင်ပြီး အထွက်တိုးမှာဖြစ်ပါတယ်။

 အချက် ၃ - ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေဖို့

 အအေးဒဏ်၊ ရေငတ်ဒဏ်ခံရချိန်မှာ အပင်က အချိုဓာတ်ကို မြှင့်တင်ပြီး ရာသီဥတုဒဏ်ကို ရင်ဆိုင်ပါတယ်။

ဆိုတော့

အပင်တွေ သကြားဓာတ် ပုံမှန်ထုတ်လုပ်ပြီး စီးဆင်းနိုင်ဖို့အတွက် အရွက်တွေ နေရောင်ခြည် ကောင်းစွာရရှိဖို့၊ အလင်းမှီစုဖွဲ့ခြင်းကို အထောက်အကူပြုတဲ့ အာဟာရဓာတ်များ (ဥပမာ- ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်) မှန်ကန်စွာ ကျွေးမွေးဖို့နဲ့ ရေဝပ်ခြင်း/ရေငတ်ခြင်း မရှိအောင် ထိန်းသိမ်းပေးဖို့ လိုအပ်ပါသည်။

ကိုးကားလင့်ခ်

https://www.semanticscholar.org/paper/The-Role-of-Sugars-in-Plant-Responses-to-Stress-and-Jeandet-Formela-Luboi%C5%84ska/2132ac0b6b0dde5cc650beb4fb3662fc965d20de

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

အပင်အာဟာရဓာတ်များ

အပင်အာဟာရဓာတ်များ

မောင်မင်းသူ

မောင်မင်းသူ

လွန်ခဲ့သော ၁ ပတ် က

ဆန်ဆေးရည် ကြက်ဥခွံ သကြား ဟင်းချိုမှုန့်ကိုရောပီး အချဥ်ဖောက်ထားပီး အပင်တေကိုဖြန်းတာရော ဆိုးကျိုးရှိမရှိလေးသိချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

အရွက်က ခြောက်ပြီး ဝါလာပြီ ဘာတွေ လုပ်ပေးရမလဲဆရာ

နန်းထွေးမေ • ဖြေကြားချက် 1 ခု

ဆရာကြီးနွားသေးအချဉ်ဖောက်တာ 5ရက်ရှိပါပီး အသုံးပြုရပီးလားဆရာ အပင်လောင်တာတို့ရှိနိင်သေးလားဆရာ

U Than Toe Aung • ဖြေကြားချက် 3 ခု

ငါးအမိုင်နိဖောက်ထားတာ 2လလောက်ရှိပြီဗျ၊ အနံကတော့ ထန်းလျက်နံ့နဲ့ ငါးညီနဲ့လိုလိုရတယ်ဗျ၊ အပင်တွေပေါ် 300cc နှုန်းလောက်နဲ့ဖြန်းတာ သိသိသာသာပြောင်းလဲမှုမရှိလို့ဗျ ဘာအဆင်မပြေလို့လဲဗျ ပုံမှန်ပဲလားဗျ သူများတွေသုံးတာတော့ စိမ်းခဲ့တာလို့ပြောလို့ဗျ ပဲပင်ပေါ်စမ်းတော့လဲ အတူတူပဲဗျ

andrich • ဖြေကြားချက် 3 ခု

ဘာဖျန်းသင့်လည်းခင်ဗျ

ဦးဇာနည် • ဖြေကြားချက် 2 ခု

ဆရာတို့ခင်ဗျာ ပြောင်းပင်များ ပြောင်းဖူး ဖူးချိန်တွင် မုန့်ဖုတ်ဆော်ဒါအား အပင်ခြေပုံခြင်း ဖြင့်လည်းကောင်း အရည်ဖျော်၍ ဖျန်းပေးခြင်းဖြင့်လည်းကောင်း အဖူးထွားသည်ဟု ပြောကြပါသည်။ သို့ဖြစ်ပါ၍ ထိုအယူအဆမှာ မှန်ကန်ခြင်း ရှိ/မရှိ သိပါရစေဗျာ။ ပြောင်းစိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် မြေသြဇာကိုလည်း သိပါရစေခင်ဗျာ။ အောက်ပါပုံတွင် ပါရှိသော ပြောင်းပင်တွင်ကျရောက်နေသည့် မှိုရောဂါအတွက် မည်သို့ကုသရမည် ဆိုသည်ကိုလည်း ညွှန်ကြားပေးပါခင်ဗျာ။

ဦးနိုင်လင်းထွန်း • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။