ဖြေကြားချက် ၃ ခု
@U Than Toe Aung နွားသေးအချဉ်ဖောက်ထားတာ ၅ ရက်ပဲ ရှိသေးရင် အပင်လောင်နိုင်သေးတဲ့အတွက် လုံးဝ အသုံးမပြုသင့်သေးပါဘူးခင်ဗျာ။ ၅ ရက်အရွယ်မှာ နွားသေးထဲက အမိုးနီးယား (Ammonia) ဓာတ်ငွေ့တွေ ပြင်းထန်နေသေးလို့ စပါးရွက်တွေကို လောင်ကျွမ်းပျက်စီးစေနိုင်ပါတယ်။ အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ် (၁၄ ရက် - ၂၁ ရက်) အထိ စောင့်ပြီး စူးရှတဲ့ နွားသေးနံ့ ပျောက်ကာ အမြှုပ်တွေ ငြိမ်သွားမှ အသုံးပြုပါ။ အသုံးပြုတဲ့အခါမှာလည်း အရွက်ဖျန်းဆေးအတွက် နွားသေး ၁ ဆကို ရေ ၁၀-၁၅ ဆ၊ မြေထဲလောင်းဖို့အတွက် ရေ ၅-၈ ဆ ရောစပ်ပြီး ညနေခင်း နေအေးချိန်မှသာ အသုံးပြုသင့်ပါတယ်။စိုက်ခင်းထဲမှာ နွားသေးသုံးရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ??? ဒီဆောင်းပါးမှာလေ့လာကြည့်ပါဗျ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
စာဖိုးစာ စပါးမျိုးအကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
နွေစပါး ရက်၉၀မျိုးစိုက်ပျိုးမှာဖြစ်လို့ မြေဩဇာထည့်ရမည့်အမျိုးအစားများနှင့် ထည့်ရမည့်ရက်၊ နှုန်းထားများဖော်ပြ...
ဖြေကြားချက် 2 ခု
စကားတွေ မိုးရိုက် လို့လဲနေတာစိတ်ပူရသလားဗျ
ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးကြဲစိုက်ပျိုးမှာဖြစ်တဲ့အတွက် စပါးမရိတ်သိမ်းမီကာလအတွင်း ရေတင်ခြင်း ရေနုတ်ခြင်းများကို မည်သည့်အ...
ဖြေကြားချက် 4 ခု
စပါးပင်များတွင်နှံ့စုပ်ပိုးများတွေ့နေ၍ဘယ်လိုပြုလုပ်ရမလဲဆရာ။
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ