အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးငြိမ်းချမ်း
လွန်ခဲ့သော ၉ နာရီ က · မအူပင်

နွေစပါး ရက်၉၀မျိုးစိုက်ပျိုးမှာဖြစ်လို့ မြေဩဇာထည့်ရမည့်အမျိုးအစားများနှင့် ထည့်ရမည့်ရက်၊ နှုန်းထားများဖော်ပြပေးပါ

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 472,397 လွန်ခဲ့သော ၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

@ဦးငြိမ်းချမ်း နွေစပါး ရက် ၉၀ မျိုး တစ်ဧကစာအတွက် နောက်ဆုံးသမန်းပြင်ချိန် (မြေခံ) တွင် တီစူပါ အိတ်ဝက်၊ ပိုတက်ရှ် တစ်စိတ်နှင့် သဘာဝမြေဆွေးတို့ကို ထည့်သွင်းရပါမယ်။ ထို့နောက် ပုလဲ (ယူရီးယား) တစ်အိတ်ကို ၃ ပုံ ခွဲ၍ စိုက်ပြီး ၁၄-၂၀ ရက်သား (ပင်ပွားထွက်ချိန်) တွင် ၃ ပုံ ၁ ပုံ၊ ၃၀-၃၅ ရက်သား (အနှံသန္ဓေတည်ချိန်)မှို့ကပ်ချိန် တွင် ၃ ပုံ ၁ ပုံ (ပိုတက်ရှ် တစ်စိတ်နှင့်တွဲ၍) နှင့် ၄၅-၅၀ ရက်သား (အနှံမထွက်မီ) တွင် ကျန် ၃ ပုံ ၁ ပုံကို အချိန်ကိုက် ခွဲကျွေးရပါမယ်။ တီစူပါနှင့် ပိုတက်ရှ် မရနိုင်ပါက မြေခံတွင် ကွန်ပေါင်း (15:15:15) တစ်အိတ် အစားထိုးသုံးနိုင်ပြီး မြေဩဇာမကြဲမီ ပေါင်းမြက်ရှင်းလင်းခြင်း၊ ရေအနက် ၁ လက်မခန့်သာ ထိန်းထားခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကာ ရက် ၅၅-၆၀ နောက်ပိုင်း ပန်းပွင့်ချိန်တွင် ပုလဲမြေဩဇာ လုံးဝထပ်မကျွေးကန်သတိပြုပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဦးငြိမ်းချမ်း
ဦးငြိမ်းချမ်း 26 လွန်ခဲ့သော ၅၂ မိနစ် က

ကျေးဇူးပါ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။