အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးငြိမ်းချမ်း
လွန်ခဲ့သော ၅၄ မိနစ် က · မအူပင်

ရက်၉၀စပါးပျိုးကြဲစိုက်ပျိုးမှာဖြစ်တဲ့အတွက် စပါးမရိတ်သိမ်းမီကာလအတွင်း ရေတင်ခြင်း ရေနုတ်ခြင်းများကို မည်သည့်အချိန်များတွင်လုပ်ဆောင်ရမည်ကိုဖြေကြားပေးပါ

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 472,397 လွန်ခဲ့သော ၄၇ မိနစ် က
ဤအဖြေဖြင့် ပြေလည်

@ဦးငြိမ်းချမ်း ရက် ၉၀ စပါး ကြဲခင်းစိုက်ပျိုးရာတွင် မျိုးစေ့စကြဲချိန်၌ ရေဝပ်မနေစေဘဲ ရေထုတ်ထားပြီး မြေအစိုဓာတ်သာ ထိန်းထားရမည်ဖြစ်ကာ မျိုးစေ့ကြဲပြီး ၁၀ မှ ၁၄ ရက်သားခန့် (အပင် ၂-၃ ရွက်ထွက်ချိန်) ရောက်မှသာ ရေအနက် ၁ လက်မခန့် စတင်သွင်းပေးရပါမယ် ။ ပင်ပွားထွက်ချိန် (၁၅-၃၀ ရက်သား) တွင် ရေ ၁ လက်မမှ ၂ လက်မခန့် ထိန်းထားပြီး ပေါင်းသတ်ဆေးဖျန်းပါက ရေကြိုထုတ်၍ ဆေးဖျန်းပြီး ၄-၅ ရက်ကြာမှ ရေပြန်သွင်းရပါမယ်။ အရေးအကြီးဆုံးကာလဖြစ်သော အနှံသန္ဓေတည်ချိန်မှ ပန်းပွင့်ပြီး ၁ ပတ်အထိ (ရက် ၃၅ မှ ၆၅ ရက်သားဝန်းကျင်) တွင် ရေလုံးဝမပြတ်စေဘဲ ၂ လက်မခန့် အမြဲလှောင်ထားပေးရမည်ဖြစ်ပြီး ၊ စပါးနှံများ နို့ရည်တည်ပြီး အစေ့တင်းမာလာချိန် မရိတ်သိမ်းမီ ၇ ရက် မှ ၁၀ ရက်အလို တွင် စပါးအညီအညာ ရင့်မှည့်စေရန်နှင့် ရိတ်သိမ်းရလွယ်ကူစေရန် အခင်းအတွင်းမှ လက်ကျန်ရေများကို အပြီးအပိုင် နုတ်ပစ် (ရေဖြတ်) ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 472,397 လွန်ခဲ့သော ၃၃ မိနစ် က

@ဦးငြိမ်းချမ်း ရက် ၉၀ စပါး ကြဲခင်းတွင် အသုံးပြုသည့် ဆေးအမျိုးအစားပေါ် မူတည်၍ ပေါင်းမပေါက်မီ ကြိုတင်ကာကွယ်ဆေး (Pre-emergence) ဖြစ်ပါက မျိုးစေ့ကြဲပြီး ၁ ရက် မှ ၄ ရက်အတွင်း ဖျန်းရမည်ဖြစ်ပြီး၊ ပေါင်းပေါက်ပြီးမှ ဖျန်းရသည့် ရွေးချယ်ပေါင်းသတ်ဆေး (Post-emergence) ဖြစ်ပါက စပါးသက်တမ်း ၇ ရက် မှ ၁၅ ရက်သားအတွင်း (ပေါင်းမြက်များ ၂ ရွက် မှ ၃ ရွက်ထွက်ချိန်) ဖျန်းခြင်းသည် အထိရောက်ဆုံး ဖြစ်ပါတယ်။ ပေါင်းသတ်ဆေး မဖျန်းမီ ၁ ရက်ကြို၍ အခင်းထဲမှ ရေများကို ကုန်အောင်ထုတ်ထား ရမည်ဖြစ်သော်လည်း မြေအစိုဓာတ် ကောင်းစွာရှိနေရမည်ဖြစ်ကာ၊ ဆေးဖျန်းပြီး ၂ ရက် မှ ၃ ရက်အကြာ တွင် ရေပြန်သွင်း၍ ပေါင်းပင်များ ထပ်မကြွလာစေရန် ထိန်းထားရပါမယ်။ ထို့ပြင် နေအပူရှိန်ပြင်းချိန်နှင့် လေပြင်းတိုက်ချိန်များကို ရှောင်ရှား၍ နံနက်ခင်း နှင်းကွဲချိန် သို့မဟုတ် ညနေခင်း နေအေးချိန်တွင် ဖျန်းရမည်ဖြစ်ပြီး၊ ဆေးမဖျန်းမီ ၇ ရက်နှင့် ဖျန်းပြီး ၇ ရက်အတွင်း ဓာတ်မြေဩဇာကျွေးခြင်း၊ အားဆေးဖျန်းခြင်းတို့ကို လုံးဝရှောင်ကြဉ်ရပါမယ်။

ဦးငြိမ်းချမ်း
ဦးငြိမ်းချမ်း 26 လွန်ခဲ့သော ၃၅ မိနစ် က

ပေါင်းသတ်ဆေးမည်သည့်အချိန်တွင်ဖျန်းရမလဲ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။