ဖြေကြားချက် ၁ ခု
@Thura ပုံပါစပါးခင်းသည် အစေ့အဆန်ဖြည့်တင်းနေချိန်တွင် မိုးရိုက်၍ လဲကျနေခြင်းဖြစ်သောကြောင့် အဖျင်းများခြင်း၊ စပါးစေ့ပုပ်ခြင်းနှင့် အပင်ပြန်ပေါက်ခြင်းများ မဖြစ်စေရန် အမြန်ဆုံး ဂရုစိုက်ရပါမယ်။ ရှေးဦးစွာ လယ်ကွက်ထဲမှ ရေများကို အပြောင်ဖောက်ထုတ်ပြီး လဲနေသော စပါးပင်များကို တစ်ဆုပ်စာစီစုကာ ထိပ်ပိုင်းမှ ခပ်ဖွဖွ စည်းနှောင်၍ ပြန်ထောင်ပေးပါ။ ထို့အပြင် အစေ့အဆန် အောင်မြင်စေရန် ပိုတက်ရှ် (Potash) ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းပေးသင့်ပြီး၊ ယူရီးယားပုလဲမြေဩဇာ ထပ်ကျွေးခြင်းကို လုံးဝရှောင်ကြဉ်ကာ ကြွက်နှင့် မှိုရောဂါအန္တရာယ်ကို ဂရုစိုက်ကာကွယ်ပေးရပါမယ်။ လယ်ထဲမှာရေမရှိဘူး၊ စပါးနှံများက မြေကြီးအစိုဓာတ်ဖြင့်ထိစပ်ခြင်းမရှိဘူးဆိုရင်မစိုးရိမ်ရပါဘူးခင်ဗျာ၊ အောက်မှာအစိုဓာတ်ထဲအထိစပါးနှံများလဲကျရင်တော့စိုးရိမ်ရပါမယ်။ ဖြုတိပိုးကျ၊မကျအမြဲစစ် ဆေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်း (ဘေးကြား) ခင်းဖြုတ်ကျရင် ဘာဆေးတွေကောင်းလဲဗျ ကျွန်တော်တို့ နယ်ဘက်မာတော့ ဝူရှူး၊ ပိုင်ဒီ၊ နော့ဒေါင်း စ...
ဖြေကြားချက် 1 ခု
ရာသီမရွေးစိုက်လို့ရတဲ့စပါးမျိုးက ဘာတွေဖြစ်မလဲ ဥပမာ နွေ မိုး ဆောင်း စိုက်လို့ရလား စပါးမျိုးနဲ့ သက်ရက်လေးသိချင်...
ဖြေကြားချက် 3 ခု
ဆင်းသုခစပါး သက်တမ်း 40 မှာ ရွက်ဖျား 1 လက်မခြောက်နေလို့ဗျ ရောဂါလား ဆေးဖြန်းဖို့လိုရင် ဘာဆေးတွေ သုံးရမလဲ လမ်း...
ဖြေကြားချက် 1 ခု
နွားသေးအချဉ်ဖောက်ရည် ကို စပါးခင်းအတွက် ဘယ်အချိန်ထိဖျန်းရသလဲဆရာ
ဖြေကြားချက် 1 ခု
အဲ့ဒီခြေနေမှာ အဆီဖိတ်လိုမျိုးဆေးကိုဖြန်းလို့ရလားဗျ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ