အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးနိုင်လင်းထွန်း
လွန်ခဲ့သော ၃ ရက် က · ဝါးခယ်မ

ဆရာတို့ခင်ဗျာ ပြောင်းပင်များ ပြောင်းဖူး ဖူးချိန်တွင် မုန့်ဖုတ်ဆော်ဒါအား အပင်ခြေပုံခြင်း ဖြင့်လည်းကောင်း အရည်ဖျော်၍ ဖျန်းပေးခြင်းဖြင့်လည်းကောင်း အဖူးထွားသည်ဟု ပြောကြပါသည်။ သို့ဖြစ်ပါ၍ ထိုအယူအဆမှာ မှန်ကန်ခြင်း ရှိ/မရှိ သိပါရစေဗျာ။ ပြောင်းစိုက်ပျိုးရေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် မြေသြဇာကိုလည်း သိပါရစေခင်ဗျာ။ အောက်ပါပုံတွင် ပါရှိသော ပြောင်းပင်တွင်ကျရောက်နေသည့် မှိုရောဂါအတွက် မည်သို့ကုသရမည် ဆိုသည်ကိုလည်း ညွှန်ကြားပေးပါခင်ဗျာ။

အပင်အာဟာရ ပြောင်း
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 474,574 လွန်ခဲ့သော ၃ ရက် က
ဤအဖြေဖြင့် ပြေလည်

@ဦးနိုင်လင်းထွန်း မုန့်ဖုတ်ဆော်ဒါသည် အပင်အာဟာရဓာတ် မဟုတ်သည့်အပြင် ဆိုဒီယမ်ဓာတ် ပါဝင်မှုကြောင့် အသုံးများပါက အပင်ကို အဆိပ်သင့်စေနိုင်သဖြင့် အဖူးထွားစေသည်ဟူသော အယူအဆမှာ မမှန်ကန်ပါဘူး။ (မှတ်ချက်- မုန့်ဖုတ်ဆော်ဒါကို အရွက်မျက်နှာပြင် pH မြှင့်ပြီး ဖားဥမှိုလို မှိုရောဂါတချို့ ကာကွယ်ဖို့ အပျော့စားအနေနဲ့ သုံးတာမျိုးပဲရှိပြီး အဖူးထွားစေတဲ့ မြေဩဇာအဖြစ် သုံးလို့မရပါဘူး။) ပြောင်းပင်အတွက် အသင့်တော်ဆုံး မြေဩဇာကျွေးနည်းမှာ စိုက်ချိန်တွင် သဘာဝမြေဩဇာနှင့် ဖော့စဖရပ်ဓာတ်များသော မြေဩဇာကို မြေခံထည့်ပြီး၊ ရက် ၂၀-၂၅ သားတွင် ယူရီးယားနှင့် ကွန်ပေါင်း၊ ရက် ၄၀-၄၅ သား (အဖူးတည်ချိန်) တွင် အဖူးထွားအစေ့အောင်စေရန် ပိုတက်ရှ် (Potash) ဓာတ်ကို အဓိကထား ကျွေးပေးရပါမယ်။(ဥပမာ- ၁၅:၁၅:၁၅ ကွန်ပေါင်း သို့မဟုတ် ပိုတက်ရှ်မြေဩဇာ) နဲ့ ဘိုရွန် (Boron)၊ ဇင့် (Zinc) တို့လို အနည်းလိုအာဟာရဓာတ်တွေကိုသာ စနစ်တကျ ကျွေးပေးရမှာ ဖြစ်ပါတယ်။ ပုံပါရောဂါမှာ မြေဆောင်မှိုကြောင့်ဖြစ်သော ရွက်ဖုံးခြောက်ရောဂါ (Banded Leaf and Sheath Blight) ဖြစ်ပြီး ရောဂါရ အောက်ရွက် ၂-၃ ရွက်ကို ခွာယူမီးရှို့ဖျက်ဆီးကာ Azoxystrobin + Tebuconazole သို့မဟုတ် Validamycin သို့မဟုတ် Propiconazole ကဲ့သို့ မှိုသတ်ဆေးတစ်မျိုးမျိုးကို ၁၀-၁၄ ရက်ခြား နှစ်ကြိမ်ခန့် ပက်ဖျန်းကုသရပါမယ်။ရောဂါစတင်ဖြစ်ပေါ်နေတဲ့ အောက်ခြေ အရွက် ၂ ရွက် မှ ၃ ရွက်ခန့် (အကွက်ဖြစ်နေတဲ့ ရွက်ဖုံးများ) ကို ဂရုတစိုက် ခွာယူပြီး အခင်းပြင်ပမှာ မီးရှို့ဖျက်ဆီးပစ်ပါ။ ဒီနည်းလမ်းက မှိုစပိုးတွေ အပေါ်ပိုင်း အဖူးဆီ ဆက်မတက်အောင် တားဆီးရာမှာ အလွန်ထိရောက်ပါတယ်။ရေဝပ်ခြင်းမရှိအောင် ရေနုတ်မြောင်းများ ဖောက်လုပ်ပေးပါ။ အပင်ခြေ လေဝင်လေထွက်ကောင်းစေဖို့ ပေါင်းမြက်များ ရှင်းလင်းပေးပြီး ယူရီးယား (ပုလဲ) မြေဩဇာကို လိုတာထက် ပိုမကျွေးမိစေဖို့ သတိပြုပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဦးနိုင်လင်းထွန်း
ဦးနိုင်လင်းထွန်း 195 လွန်ခဲ့သော ၃ ရက် က

ကျေးဇူးတင်ပါတယ် ဆရာတို့ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,125,762 လွန်ခဲ့သော ၃ ရက် က

မုန့်ဖုတ်ဆိုဒါကို အော်ဂင်းနစ်သီးနှံတွေမှာ မျက်စိမှိတ်သုံးနေကြတဲ့ မီးဖိုချောင်သုံးပစ္စည်းတမျိုးပါ။ YouTube တွေမှာ တင်ပြသလို၊အပြင်လက်တွေ့မှာ /စိုက်ခင်း‌ေတွမှာ အကျိုးမဖြစ်နိုင်ပါဘူး။(ပြောင်းဖူးထွားစေတယ်ဆိုတာ၊ မမှန်နိုင်ပါဘူး) ပုံပါရောဂါကို Trifloxystobin+ tebuconazole ဆေးတပုံး ၂၀ဂရမ်နုန်း ဖျန်းနိုင်ပါတယ်။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။