ငါးဖမ်းစက်လှေတွေ ပင်လယ်ပြင်ကို ထွက်မှုနည်းလို့ ငါးပိ၊ ငါးခြောက်များ ဈေးတက်
စက်သုံးဆီဈေးနှုန်းမြင့်တက်လာတဲ့ အခြေအနေကြောင့် ဧရာဝတီတိုင်းထဲက ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာ ပင်လယ်ပြင်ထွက်နိုင်မှု နည်းလာပြီး မျှင်ငပိထုတ်လုပ်တဲ့ မျှင် ရရှိမှု လျော့ကျလာတယ်လို့ ဧရာဝတီတိုင်းမှ ငပိငါးခြောက် ရောင်းဝယ်သူများထံမှ သိရပါတယ်။
ပင်လယ်ပြင်ကို ငါးဖမ်းထွက်နိုင်တဲ့ စက်လှေအရေအတွက် နည်းလာသလို ရာသီဥတုအခြေအနေကြောင့် ပင်လယ်ပြင်မှာ မျှင်လည်းမတက်တာကြောင့် မျှင်ရရှိမှု အလွန်နည်းလာတဲ့အတွက် လတ်တလောမှာ မျှင်ငပိ ထုတ်လုပ်နိုင်မှု လျော့ကျလာပြီး ဈေးနှုန်းမြင့်လာတယ်လို့ ဆိုပါတယ်။
"ဆီဈေးရယ် ရာသီဥတုရယ်ကြောင့် လှေတွေလည်း ကောင်းကောင်းမဆင်းနိုင်လို့ ငါးတွေ မျှင်တွေ မရတာ အတော်ကြာပါပြီ။ အရောင်းအဝယ်တွေက အရင်လို မချောမွေ့တော့ဘူး။ မျှင်ငပိ နှစ်ထပ်ထောင်းဆိုရင် မရသေးပါဘူး။ ပင်လယ်မှာကို မျှင်လည်းမတက်ဘူး" လို့ ဧရာဝတီတိုင်းထဲက ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်မျိုးစုံ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ မျှင်ငပိဈေးနှုန်းတွေလည်း မြင့်တက်လာပြီး ယခင်က မျှင်ငပိ လေးထပ်ထောင်း တစ်ပိဿာကို လက်လီဈေး ၃၅,၀၀၀ ကျပ်သာရှိရာကနေ လက်ရှိမှာ ၄၀,၀၀၀ ကျပ်နှုန်း ဖြစ်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု ဂယက်ကြောင့် ရေထွက်ကုန်ပစ္စည်း ထုတ်ကုန်တွေကို တင်ပို့ရာမှာလည်း သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာသလို ဆီအခက်အခဲကြောင့် ကုန်ကားတချို့မှာ ခရီးဝေးမထွက်နိုင်ခြင်းစတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

"တန်ဆာခတွေ ဈေးကြီးတာရော၊ ဆီမရလို့ ကားမထွက်နိုင်တာတွေရော၊ ပို့နေကျမဟုတ်ရင် လက်မခံတာတွေရော အစုံပါပဲ။ မြို့တွင်း ဒလီခတွေလည်း ဈေးကြီးကုန်ပြီ။ လောလောဆယ်တော့ အဆင်ပြေသလို လုပ်နေရတယ်" လို့ ရေထွက်ကုန်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောပါတယ်။
ရေထွက်ကုန်ပစ္စည်း ရောင်းချသူတချို့ကတော့ မျှင်ငပိအပါအဝင် ရေထွက်ကုန်ပစ္စည်း ရောင်းချမှုကို လက်လီရောင်းချခြင်းအစား လက်ကားရောင်းချမှုပုံစံမျိုး ဖြစ်စေ၊ ဒေသအလိုက် ရောင်းချနိုင်မယ့် ဈေးဆိုင်၊ စတိုးဆိုင် စတဲ့ အရောင်းဆိုင်တွေမှာ ဖြန့်ဖြူးရောင်းချနိုင်ဖို့ စီစဉ်မှုရှိလာကြတယ်လို့ သိရပါတယ်။
ထို့ပြင် စက်သုံးဆီဈေးကြောင့် ငါးဖမ်းစက်လှေတွေ ပင်လယ်ပြင်ကို ထွက်ရှိမှုနည်းပြီး ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် စတဲ့ ရေထွက်ကုန်ပစ္စည်း ဈေးနှုန်းတွေလည်း မြင့်တက်နေတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026