အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်ဈေး   လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ

ကြက်သွန်ဈေး   လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ

AMIA
AMIA • 24/09/2026

ကြက်သွန်နီဈေး ဆက်တိုက်တက်လာပြီး ကုန်စည်ဒိုင်များတွင် လက်ကားဈေး အမြင့်ဆုံး ကျပ် ၈,၀၀၀ အထိ ဈေးပေါက်ကာ လက်လီဈေးကွက်တွင် ကျပ် ၁၀,၀၀၀ အထိ ဈေးရှိလာကြောင်း ကုန်စည်ဈေးကွက်မှ သိရသည်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်၌ ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် ကြက်သွန်ကား ၁၂ စီး ဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူကြက်သွန်သည် ကျပ် ၆,၀၀၀ မှ ၇,၇၀၀၊ မုံရွာကြက်သွန်သည် ကျပ် ၆,၃၀၀ မှ ၇,၇၀၀၊ မင်းဘူးကြက်သွန်သည် ကျပ် ၆,၁၀၀ မှ ၇,၈၀၀ ဈေးဖွင့်ထားကာ မနေ့ကဖြစ်ပေါ်ခဲ့သည့် ဈေးထက် ကျပ် ၃၀၀ မှ ၅၀၀ အထိ ထပ်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြင်းခြံကုန်စည်ဒိုင်တွင်လည်း ကြက်သွန် ပိဿာချိန် ၂၄,၀၀၀ ဝင်ရောက်မှုရှိပြီး တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ၇,၄၀၀ ဈေးပေါက်ကြောင်း သိရသည်။

ပခုက္ကူကုန်စည်ဒိုင်တွင်မူ ကြက်သွန် ပိဿာချိန် ၈,၀၀၀ သာ ဝင်ရောက်မှုရှိပြီး အနိမ့်ဆုံး ကျပ် ၇,၀၀၀ မှ ၈,၀၀၀ အထိ ဈေးပေါက်သဖြင့် ကုန်စည်ဒိုင်များအနက် ဈေးတန်းအမြင့်ဆုံး ဈေးဖွင့်လာခြင်း ဖြစ်သည်။

"ကုန်အဝင်နည်းတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားက မမျှဘဲ ဈေးက ခုန်တက်နေတာ။ မနေ့ကနဲ့ ယှဉ်ရင် ဒီနေ့ ၁,၀၀၀ တက်သွားတယ်။ ဈေးက ထပ်တက်ဦးမယ့် အခြေအနေရှိတယ်" ဟု ပခုက္ကူမြို့မှ ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

မြင်းခြံကုန်စည်ဒိုင်နှင့် ပခုက္ကူကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသည့် ဈေးတန်းများသည် ကြက်သွန် အကြီးအသေး အရောအနှော (ဂျွန်) ရောင်းချသည့် ဈေးဖြစ်ပြီး ရန်ကုန် ဘုရင့်နောင်တွင် ဖြစ်ပေါ်သည့် ဈေးတန်းသည် အလတ်၊ အချော၊ ရှယ်၊ အကြီး အရွယ်အစား ရွေးပြီးရောင်းချသည့် ဈေးတန်းဖြစ်ကြောင်း သိရသည်။

နယ်ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်သည့် ဈေးတန်းနှင့် ယှဉ်ပါက ရန်ကုန် ဈေးတန်းသည် နယ်ဈေးထက် အောက်ရောက်နေသည့်အတွက် တင်ပို့ရောင်းချမှုနည်းပြီး တင်ပို့ရောင်းချသည့် ကြက်သွန်ကိုလည်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဈေးတန်းဖွင့်ထားခြင်းမရှိဟု သိရသည်။

လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် လက်ကား အရောင်းသွက်ပြီး လက်လီ ပုံမှန် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

"ကြက်သွန် နယ်ဈေးက ရန်ကုန်ဈေးထက် မြင့်နေတယ်။ တက်ဈေးခေါ် ရောင်းနေကြတယ်။ ပြည်ပက အဝယ်ရှိတာကြောင့်လည်း ပါတယ်" ဟု ရန်ကုန် ကြက်သွန်ကုန်သည်တစ်ဦးက ပြောသည်။

ပြည်တွင်းတွင် ကြက်သွန် လက်ကျန်နည်းလာပြီး ကုန်စည်ဒိုင်များသို့ ကုန်အဝင်နည်းလာခြင်း၊ ကုန်အဝင်နည်းပြီး ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားများခြင်း စသည့် အခြေအနေများကြောင့် ဈေးနှုန်း ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မိုးကြက်သွန်အသစ်များသည် လာမည့် အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင်မှ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာမည် ဖြစ်သဖြင့် နွေကြက်သွန်ဈေးသည် အတက်တွင်သာ ဆက်ရှိနိုင်ကြောင်း သိရသည်။

ဩဂုတ်လ ၃ ရက်က ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဆိပ်ဖြူကြက်သွန်သည် တစ်ပိဿာလျှင် ကျပ် ၄,၆၀၀ မှ ၅,၈၀၀ အတွင်း ဈေးရှိပြီး မုံရွာကြက်သွန်သည် ကျပ် ၄,၉၀၀ မှ ၅,၉၀၀ အတွင်း၊ မြင်းခြံကြက်သွန်သည် ကျပ် ၅,၁၀၀ မှ ၅,၉၀၀ နှင့် ပခုက္ကူကြက်သွန်သည် ကျပ် ၅,၀၀၀ မှ ၅,၉၀၀ အတွင်း ဈေးရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက်က ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင်မူ ကြက်သွန်အမျိုးအစားအလိုက် ဆိပ်ဖြူတစ်ပိဿာလျှင် ကျပ် ၄,၄၀၀ မှ ၅,၆၀၀၊ မုံရွာကြက်သွန်သည် ကျပ် ၄,၆၀၀ မှ ၅,၇၀၀ ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁ ရက်တွင်မူ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်၌ ကြက်သွန်အမျိုးအစားအလိုက် ဆိပ်ဖြူတစ်ပိဿာလျှင် ကျပ် ၃,၀၀၀ မှ ၄,၁၅၀၊ မုံရွာကြက်သွန်သည် ကျပ် ၃,၀၀၀ မှ ၄,၁၀၀ နှင့် ပခုက္ကူတစ်ပိဿာလျှင် ကျပ် ၃,၂၀၀ မှ ၄,၂၀၀ သာ ရှိခဲ့ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 2 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။