အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11
လွန်ခဲ့သော ၅ နာရီ က · လပွတ္တာ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၁၆ မိနစ် က

သံဓာတ်အဆိပ်သင့်တယ်လို့ ယူဆပါတယ်။ ရောဂါ‌ေကြာင့်လို့ ပြောလို့မရပါ။ ရေဝပ်ကြာခြင်းကြောင့်၊မြေချဉ်ခြင်းကြောင့်၎င်း၊အမြစ်ဇုံ အောက်ဆီဂျင်ငတ်ကာ၊သံဓာတ်အဆိပ်သင့်စေပါတယ်။ ရေထုတ်ပြီး၊ပိုတက်/ကေဟူးမစ် ပက်ကျွေးပါ

349,542 လွန်ခဲ့သော ၃ နာရီ က

စပါးပင်အပေါ်ပိုင်းတွင် သိသာသော ရောဂါကွက်များ မမြင်ရသော်လည်း အပင်နီပြီး ပုတိုနေရခြင်းမှာ မြေအောက်ရှိ အမြစ်စနစ်များ ပုပ်ဆွေးကာ အရောင်မည်းနက်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဤလက္ခဏာသည် ရေဝပ်ပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဖြစ်ရသည့် တမန်းကြီးခြင်း (အမြစ်ပုပ်ခြင်း) ကြောင့် ဖြစ်နိုင်ပါတယ်။ ပြဿနာကို ဖြေရှင်းရန်အတွက် စိုက်ခင်းအတွင်းရှိ ရေများကို ကုန်စင်အောင် ချက်ချင်းထုတ်ပစ်ပြီး (၃-၅) ရက်ခန့် မြေမျက်နှာပြင် တင်းလာသည်အထိ ရေထုတ်ပေးရပါမယ်။ ထို့နောက် ရေသွင်းပြီးအမြစ်သစ်များ အမြန်ပြန်ထွက်လာစေရန်ပိုတက်ဆီယမ်နှင့် (Humic Acid) ပါဝင်သည့် ကေဟူးမစ်ကျွေးပေးရပါမယ်။ စပါးပင်က ဖုံးလုံးချိန်၊မှို့ကပ်ချိန်ရောက်နေပြီဆိုရင်တော့ ရေမထုတ်ဘဲ ကေဟူးမစ်သာ ချက်ချင်းကျွေးပေးပါခင်ဗျာ။ အရွက်နှင့်ပင်စည်မှာတော့ အခွံချွတ်ထားလို့ ရောဂါကွက်တွေမရှိလောက်ဘူးလို့ယူဆလိုက်ပါတယ်၊ပင်စည်လုံးတွေထဲကိုလည်း ဖြဲကြည့်ပါဦး ကြက်သွန်မြိတ်ပိုးရှိမရှိ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။