အာရှ၊ အာဖရိက အိမ်ထောင်စုတွေကို ဘတ်ဂျက်ထိစေမယ့် မိုးထိုးလာတဲ့ ဆန်ဈေး
ကမ္ဘာ့ဆန်ဈေးတွေ ၁၅ နှစ်နီပါးအတွင်း အမြင့်ဆုံးနှုန်းအထိ ထိုးတက်လာတာကြောင့် ကမ္ဘာ့ပေါ်က အဆင်းရဲဆုံးလူထုတွေအတွက် အစားအသောက်စရိတ်စကတွေ မတန်တဆ ကြီးမြင့်လာမယ့်အရေး စိုးရိမ်မှုသစ်တွေ ဖြစ်ထွန်းလာခဲ့ပြန်ပါတယ်။
ဆန်ဟာ အာရှနဲ့ အာဖရိကတိုက်က လူသန်းပေါင်းများစွာရဲ့ အခြေခံအစားအစာအဖြစ် အလွန်အရေးပါလှပါတယ်။ အရှေ့တောင်အာရှနဲ့ အာဖရိကဒေသတွေမှာ ဆန်ဟာ လူတွေရဲ့ ကယ်လိုရီစားသုံးမှုစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးတွေမှာဆိုရင် စားသုံးမှုရဲ့ ၇၀ ရာခိုင်နှုန်းအထိတောင် ရှိတယ်လို့ သိရပါတယ်။
ဒီတခါ ဆန်ဈေးတွေ ပြန်လည်ထိုးတက်လာခြင်းက ပြင်းထန်တဲ့ ရာသီဥတုကြောင့်တစ်မျိုး၊ ယူကရိန်းပဋိပက္ခပိုဆိုးလာတာကတစ်မျိုးနဲ့ ကမောက်ကမဖြစ်နေရတဲ့ ကမ္ဘာ့စားသောက်ကုန်စျေးကွက်အပေါ် ဖိအားတွေ ထပ်တိုးလာစေပါတယ်။ ထိုင်းနိုင်ငံမှာ ခြောက်သွေ့တဲ့ရာသီဥတုက စပါးသီးနှံကို ခြိမ်းခြောက်နေသလို ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ၄၀ ရာခိုင်နှုန်းအထိ ရောင်းချပေးနေတဲ့ ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယကလည်း ပို့ကုန်ကန့်သတ်ချက်တွေ တို့မြှင့်ချမှတ်လိုက်တဲ့အတွက် ထိုင်း ငါးမှတ်ဆန်ဖြူဈေးတွေဟာ ယခုအပတ်မှာ တစ်တန်ကို ၆၄၈ ဒေါ်လာအထိ မြင့်တက်သွားခဲ့ပါတယ်။
"ဆန်းဈေးတက်လာတာဟာ စားသောက်ကုန်ဈေး မြင့်တက်မှုကို အားပေးလိမ့်မယ်။ အထူးသဖြင့် ဆန်စားသုံးမှုများတဲ့ အာရှနိုင်ငံတွေက ဆင်းရဲတဲ့မိသားစုတွေမှာ ပိုခံရမယ်" လို့ ဝါရှင်တန်ရှိ နိုင်ငံတကာစားနပ်ရိက္ခာ မူဝါဒသုတေသနအဖွဲ့ အကြီးတန်းပညာရှင် Joseph Glauber က ပြောပါတယ်။ "နိုင်ငံတွေဟာ တစ်နိုင်ငံက ပို့ကုန်ပိတ်ဆို့ရင် အလားတူ လိုက်ပြီးလုပ်တတ်ကြတယ်။ ကမ္ဘာ့အဆင်းရဲဆုံးလူထုတွေဟာ အကြီးမားဆုံး ထိခိုက်နစ်နာမှုကို ကြုံကြရလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။
ကမ္ဘာဆန်ရောင်းအား ကျပ်တည်းလာမယ့်အရေး စိုးရိမ်မှုတွေနဲ့အတူ အစိုးရအသီးသီးဟာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး ဦးစားပေးပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒတွေ အပြိုင်အဆိုင် ကျင့်သုံးလာမယ့်အန္တရာယ်လည်း တိုးပွားလာပါတယ်။ အာရှတိုက်ရဲ့ စပါးသီးနှံကို ဒုက္ခပေးမယ့် အယ်နီညိုရာသီဥတု ပြန်ဖြစ်ထွန်း လာခြင်းကလည်း စိုးရိမ်မှုတွေကို မီးလောင်ရာလေပင့် ဖြစ်စေပါတယ်။
"အယ်နီညိုရာသီဥတု ဖြစ်ထွန်းလာပြီးနောက်နဲ့ ရုရှားက ယူကရိန်းရဲ့ ဂျုံနဲ့ပြောင်းတင်ပို့လုပ်ငန်းအပေါ် တိုက်ခိုက်မှု တိုးမြှင့်လာပြီးနောက်ပိုင်း ဆန်ဟာ ဈေးပိုကောင်းတဲ့ကုန်စည် ဖြစ်လာတယ်" လို့ စားနပ်ရိက္ခာဖူလုံရေးနဲ့ ပတ်သက်လို့ ဆယ်စုနှစ်များစွာ သုတေသနပြုလုပ်ခဲ့သူ ဟားဗက်တက္ကသိုလ်အငြိမ်းစားပါမောက္ခ Peter Timmer က ပြောပါတယ်။ ဆန်ဈေးဟာ လာမယ့် ခြောက်လနဲ့တစ်နှစ်အတွင်း တစ်တန်ကို ဒေါ်လာ ၁၀၀ လောက် ထပ်တက်လာနိုင်ကြောင်း ၎င်းက ပြောပါတယ်။
"အဓိက မေးခွန်းထုတ်ရမှာကတော့ ဆန်ဈေးဟာ စားသုံးသူတွေကို ကြောက်လန့်တကြား မဖြစ်စေဘဲ ပြင်ဆင်ချိန်ရအောင် ဖြည်းဖြည်းချင်းပဲ တက်မလား၊ ဒါမှမဟုတ် တစ်တန်ကို ဒေါ်လာ ၁၀၀၀ နဲ့အထက်ထိ ချက်ချင်းကြီး ခုန်တက်သွားမလားဆိုတာပါပဲ" လို့ ၂၀၀၈ စားနပ်ရိက္ခာအကျပ်အတည်း ကြုံစဉ်က အာရှအစိုးရတွေနဲ့ ပူးပေါင်းပြီး မူဝါဒတွေ ရေးဆွဲခဲ့ဖူးသူ Timmer က ပြောပါတယ်။ အဲဒီကာလတုန်းက အိန္ဒိယ၊ ဗီယက်နမ်တို့လို အဓိကဆန်တင်ပို့နိုင်ငံတွေ ပို့ကုန်ပိတ်ပင်ခဲ့ပြီးနောက် ဆန်ဈေးဟာ တစ်တန်ကို ဒေါ်လာ ၁၀၀၀ အထက်ထိ မြင့်တက်ခဲ့ပါတယ်။

အယ်နီညိုအန္တရာယ်
ကမ္ဘာပေါ်မှာ ဆန်စပါးကို အာရှတိုက်မှာပဲ အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး အာရှတိုက်ကပဲ အများအဆုံး စားသုံးပါတယ်။ လက်ရှိ အဲဒီဒေသက တောင်သူလယ်သမားတွေဟာ အပူလှိုင်း၊ မိုးခေါင်ခြောက်သွေ့မှုတို့နဲ့ နပန်းလုံးနေကြရပါတယ်။ ဆန်တင်ပို့မှု ဒုတိယများဆုံး ထိုင်းနိုင်ငံမှာဆိုရင် အစိုးရက စပါးအစား ရေလိုအပ်ချက်နည်းတဲ့ တခြားသီးနှံကို စိုက်ပျိုးကြဖို့ တိုက်တွန်းလျက်ရှိပါတယ်။ အင်ဒိုနီရှားနိုင်ငံက ဆန်းစပါးဒေသတွေမှာလည်း တောင်သူတွေဟာ မိုးခေါင်နိုင်တာကိုတွက်ပြီး စပါးအစား ပြောင်ဖူး၊ ဂေါ်ဖီထုပ် စတာတွေကိုစိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်။
အယ်နီညိုနဲ့ ရာသီဥတုပြောင်းလဲမှုက ဆန်စပါးစိုက်ပျိုးရေးကို အနှောင့်အယှက်ပြုပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာအောင် လုပ်မလားဆိုတာက အဓိကကျတဲ့ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှိလိမ့်မယ်လို့ စင်ကာပူနိုင်ငံ Maybank Investment Banking Group ရဲ့ အကြီးတန်းစီပွားရေးပညာရှင် Chua Hak Bin က ပြောပါတယ်။
အခြေအနေဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒတွေ အပြိုင်အဆိုင် ပြဋ္ဌာန်းလာစေဖို့ စေ့ဆော်ပေးနိုင်ပါတယ်။ အဲဒီလို ပို့ကုန်ထိန်းချုပ်ကန့်သတ်တာတွေ ထပ်ရှိလာရင် ကမ္ဘာမှာ စားသောက်ကုန် ပြတ်လပ်တာ၊ ဈေးနှုန်းတက်လာတာတွေ ထပ်တိုးဖြစ်ပေါ်နိုင်တယ် လို့ ၎င်းက ပြောပါတယ်။ "ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ရှိတဲ့ငွေကြေးကို အစားအစာအတွက် အဓိကသုံးနေရတာကြောင့် စားသောက်ကုန်ဈေး တက်တဲ့အခါ ပိုပြီး ထိခိုက်နိုင်မယ်" လို့ ၎င်းက ပြောပါတယ်။
ဒါပေမယ့် ဆန်စားသုံးမှုများတဲ့နိုင်ငံက အစိုးရတွေရဲ့ စားသောက်ကုန်ဈေးထိန်းချုပ်ရေးအစီအမံတွေနဲ့ အစာအစာထောက်ပံ့ရေးအစီအစဉ်တွေက ဆန်းဈေးထိန်းချုပ်ရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။ ခုဖြစ်ရပ်ဟာ ၂၀၀၈ နဲ့ယှဉ်ရင်တော့ ထိန်းချုပ်နိုင်ဖွယ်ရာ ပိုရှိပါတယ်လို့ Maybank ရဲ့ ပညာရှင် Chua က ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Soaring Rice Prices Stretch Budgets for Billions in Asia, Africa -Bloomberg
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023