သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
ဝယ်လိုအားနည်းတူ ရောင်းလိုအားပေါ်မှာလည်း အချက်များစွာက လွှမ်းမိုးနေပါတယ်။ တောင်သူတွေအနေနဲ့ သီးနှံတစ်မျိုး ရောင်းလိုအား ဘာကြောင့် များနေရသလဲဆိုတာ နားလည်ဖို့အရေးကြီးပါတယ်။ ဒါမှသာ သီးနှံတစ်မျိုးအတွက် စုစုပေါင်းရောင်းလိုအားပမာဏ ဘယ်လောက်ရှိနိုင်မယ်ဆိုတာ ချင့်ချိန်ပြီး သီးနှံဈေးနှုန်းအလားအလာကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။
လူအား၊ မြေအားနဲ့ ငွေအား
သီးနှံစိုက်ပျိုးရေးအတွက် စိုက်ပျိုးမည့်သူ လူအား လိုအပ်တယ်။ အလားတူ စိုက်ပျိုးစရာမြေဖြစ်တဲ့ မြေအားလည်း လိုအပ်ပါတယ်။ နောက်ပြီး မျိုးစေ့၊ ဓာတ်မြေသြဇာ စတာတွေ ဝယ်ယူသုံးစွဲနိုင်ဖို့ ငွေအားလည်း လိုအပ်တယ်။ အဲဒီ လူအား၊ မြေအား၊ ငွေအားတို့ကိုလိုက်ပြီး တောင်သူရဲ့ သီးနှံထုတ်လုပ်နိုင်မှု အပြောင်းအလဲ ဖြစ်ပေါ်ပါတယ်။ တနည်း ဒီအချက်တွေက သီးနှံထုတ်လုပ်နိုင်စွမ်းကို ပြောင်းလဲစေခြင်းအားဖြင့် သီးနှံရောင်းလိုအားအပေါ် လွှမ်းမိုးနေတာဖြစ်ပါတယ်။
ရာသီချိန်ခါ
တောင်သူတွေဟာမှာ ရာသီအပေါ် မှီခိုလုပ်ကိုင်ကြရပါတယ်။ ဒါကြောင့် သူတို့ရဲ့ သီးနှံထုတ်လုပ်မှုအားဟာ ရာသီအလိုက် ပြောင်းလဲနေပါတယ်။ သီးနှံပေါ်ချိန်မှာ အဲဒီသီးနှံရဲ့ ရောင်းလိုအား မြင့်နေပြီး ကျန်ကာလတွေမှာတာ့ ရောင်းလိုအား နိမ့်ကျနေတတ်ပါမယ်။ သီးနှံ လှိုင်လှိုင်ပေါများနေချိန်မှာ သီးနှံဈေး ကျလာမှာဖြစ်ပြီး ကျန်ကာလတွေမှာတော့ ဈေး ပြန်မြင့်တက်လာမှာ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ သီးနှံရှားပါးချိန်ရောက်မှ ထုတ်ရောင်းနိုင်အောင် စီမံနိုင်မယ်ဆိုရင် ဈေးကောင်းရပြီး ဝင်ငွေ တိုးလာကြပါလိမ့်မယ်။
မိုးလေဝသ
သီးနှံထုတ်လုပ်မှုဟာ မိုးလေဝသအပေါ်လည်း မူတည်နေပြန်ပါတယ်။ မိုးလေဝသ ကောင်းရင် သီးနှံအထွက်ကောင်းပြီး ရောင်းလိုအား မြင့်တက်လာပါလိမ့်မယ်။ တစ်ခါ ရာသီဥတု ဖောက်ပြန်ခဲ့ရင်တော့ သီးနှံအထွက် ညံ့ဖျင်းပြီး ရောင်းလိုအား လိုက်ပါကျဆင်းလာပါလိမ့်မယ်။ သီးနှံတစ်မျိုး အထွက်ကောင်းနေရင် ဈေးအကျဘက် ဦးတည်နိုင်ကာ အထွက်နည်းရင်တော့ ဈေးနှုန်း အတက်ဘက်ဆီ ဦးတည်သွားမှာဖြစ်ပါတယ်။
စိုက်ပျိုးသူဦးရေ
သီးနှံတစ်မျိုး ရောင်းလိုအားပေါ် အဲဒီသီးနှံ စိုက်ပျိုးသူဦးရေနဲ့ ထုတ်လုပ်မှုပမာဏတို့ကလည်း လွှမ်းမိုးပါတယ်။ တောင်သူအများစုမှာ ဈေးကောင်းရနေတဲ့ သီးနှံကို လိုက်ပြီးစိုက်လေ့ရှိကြတယ်။ သီးနှံတစ်မျိုး ဈေးကောင်းနေရင် နောက်တစ်နှစ်မှာ တောင်သူအများစု စိုက်လာတာကြောင့် အဲဒီသီးနှံရောင်းအား မြင့်တက်သွားတတ်တယ်။ ရောင်းလိုအားဟာ လိုတာထက် ပိုများသွားတဲ့အခါ အဲဒီသီးနှံဈေး ကျသွားရပြန်တယ်။ ဈေးဆက်တိုက်ကျနေပြန်တော့လည်း တောင်သူတွေက ငွေပိုရမယ့် အခြားသီးနှံဘက် လှည့်သွားတတ်ကြပြီး ကနဦးဖော်ပြပါသီးနှံရဲ့ ရောင်းလိုအားပါ လိုက်ပါကျဆင်းသွာတတ်ပါတယ်။ ဒီလိုနဲ့ သီးနှံတစ်မျိုးရဲ့ ဈေးနှုန်းဟာ စိုက်သူနည်းလိုက် တက်လာလိုက်၊ စုပြုံစိုက်လိုက် ပြန်ကျသွားလိုက် သံသရာလည်နေတတ်တယ်။

သွင်းကုန်
ဈေးကွက်အတွင်း သီးနှံတစ်မျိုးရဲ့ ရောင်းလိုအားအပေါ် ပြည်တွင်းထုတ်လုပ်မှုကသာ လွှမ်းမိုးတာမဟုတ်ပါဘူး။ အနီးအနားနိုင်ငံတွေရဲ့ ထုတ်လုပ်မှုကလည်း လွှမ်းမိုးနိုင်ပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ သီးနှံတစ်မျိုး ဈေး မြင့်နေတဲ့အခါ ကုန်သည်တွေက ပြည်ပကနေ သွင်းပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းချတတ်ကြပါတယ်။ ဒီလိုနည်းနဲ့ ပြည်တွင်းဈေးကွက်ရဲ့ ရောင်းလိုအားအပေါ် လွှမ်းမိုးခြင်းဖြစ်ပါတယ်။
ဈေးနှုန်း
သီးနှံရောင်းလိုအားအပေါ် အဲဒီသီးနှံရဲ့ ဈေးနှုန်းကလည်း လွှမ်းမိုးပြန်ပါတယ်။ ပုံမှန်အားဖြင့် တောင်သူအများစုက ဈေးကောင်းရနေတဲ့သီးနှံကို စိုက်ပျိုးဖို့ အားထုတ်ကြတာ များပါတယ်။ ဒီနည်းနဲ့ သီးနှံရဲ့ရောင်းလိုအား များလာခြင်းဖြစ်ပါတယ်။ သီးနှံဈေး ကျနေရင်တော့ တောင်သူတွေ အစိုက်နည်းလာပြီး အဲဒီသီးနှံ ရောင်းလိုအားလည်း လိုက်ပါကျဆင်းသွားမှာဖြစ်ပါတယ်။
အခု ဆွေးနွေးခဲ့တာတွေဟာ ဈေးကွက်အတွင်းက သီးနှံတစ်မျိုးရဲ့ ပေါက်ဈေးအပေါ် ရောင်းလိုအား၊ ဝယ်လိုအားတို့က လွှမ်းမိုးတတ်ပုံအကြောင်း ဖြစ်ပါတယ်။ သီးနှံကို အချိန်အခါကိုက် ရောင်းချနိုင်ရေး ကြိုးပမ်းရာမှာ ဒီအချက်တွေ သိထားဖို့ အရေးကြီးပါတယ်။ လယ်ယာကုန်စည်အမျိုးမျိုးရဲ့ ဈေးကွက်လမ်းကြောင်း၊ ရောင်းလိုအား၊ ဝယ်လိုအားတွေကို စောင့်ကြည့်လေ့လာခြင်းအားဖြင့် တောင်သူတွေဟာ မိမိတို့စိုက်ပျိုးရာသီးနှံကို ဈေးကောင်းကောင်းနဲ့ ဈေးကွက်တင်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Naing zaw
လွန်ခဲ့သော ၂ လ က👍
Aung Khant Win
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ကျော်သိဂ်ါအောင်
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဦးစိုင်းမျ ိုးမြင့်
လွန်ခဲ့သော ၂ နှစ် ကပြောင်းဈေးနုန်းများပါတင်ပေးရန်
ဆက်စပ်မေးခွန်းများ
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
တောင်သူတို့အတွက် မားကတ်တင်း
19/09/2023