တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
ဝင်ငွေရရှိလိုတဲ့ ဘယ်တောင်သူမဆို တစ်ချိန်မဟုတ် တစ်ချိန်မှာ ဈေးကွက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာကြရပါတယ်။ မိမိသီးနှံကို ဝယ်လက်က ဝယ်ချင်လာအောင်၊ ဈေးကောင်းပေးလာအောင် လုပ်ကြရပါတယ်။ သီးနှံဈေး ကောင်း၊ မကောင်းဆိုတာ ဈေးကွက်အနေအထားအပေါ် မူတည်နေပါတယ်။ တောင်သူဆီမှာ သီးနှံရောင်းအား ဘယ်လောက်ရှိသလဲ၊ ဝယ်လက်ဘက်က ဝယ်လိုအား ဘယ်လောက်ရှိသလဲဆိုတာက သီးနှံဈေးနှုန်းကို အဆုံးအဖြတ် ပေးပါတယ်။ ဒီဆောင်းပါးမှာ သီးနှံဈေးအတက်အကျ ဘယ်လိုဖြစ်ပေါ်သလဲ၊ ဘယ်အချက်တွေက လွှမ်းမိုးသလဲဆိုတဲ့အကြောင်း ရှင်းပြသွားပါမယ်။
ဈေးကွက်ဆိုတာ
ဈေးကွက်အကြောင်း မပြောခင် ဈေးအကြောင်း စပြောရပါမယ်။ ရောင်းသူနဲ့ ဝယ်သူဆုံတွေ့ကြပြီး အရောင်းအဝယ်ပြုလုပ်တဲ့နေရာကို “ဈေး” လို့ ခေါ်ပါတယ်။ ရောင်းမယ့်သူဟာ သူ့သီးနှံ၊ သူ့ရောင်းကုန်ကို ခင်းကျင်းပြသထားမယ်။ ဝယ်မယ့်သူက နှိုင်းယှဉ်ကြည့်ရှုပြီး အကြိုက်တွေ့တဲ့အခါ ဝယ်ယူမှာဖြစ်ပါတယ်။ အဲဒီလို ဈေးတစ်ခုကို နေရာမျိုးစုံမှာ တွေ့နိုင်ပါတယ်။ ကျေးလက်မှာ ကျေးလက်ဈေး ရှိနိုင်သလို မြို့ပေါ်မှာလည်း ဈေးအမြောက်အမြား တွေ့ရပါတယ်။ ဈေးတစ်ခုဖြစ်ဖို့ လိုရင်းဟာ ရောင်းသူ၊ ဝယ်သူ တွေ့ဆုံရောင်းဝယ်ကြဖို့သာဖြစ်ပါတယ်။
ဒါပေမယ့် ‘ဈေးကွက်’ လို့ သုံးနှုန်းတဲ့အခါမှာတော့ ပိုပြီး ကျယ်ပြန့်သွားပါတယ်။ ကျေးလက်ဈေးတစ်ခုထက် ပိုသွားပါပြီ။ သီးနှံတစ်မျိုးမျိုးရဲ့ စုစုပေါင်းရောင်းလိုအားနဲ့ စုစုပေါင်းဝယ်လိုအားတို့အထိ သက်ဆိုင်သွားပါတယ်။ ကုန်တိုက်တွေ၊ ပွဲစားတွေ၊ သမဝါယမလို အသင်းအဖွဲ့တွေဟာ ‘ဈေးကွက်’ ထဲမှာ အစိတ်အပိုင်း တစ်ခုစီအနေနဲ့ ပါဝင်သွားကြပါတယ်။

ဈေးကွက်လမ်းကြောင်းဆိုတာ
ဈေးကွက်အကြောင်း ပြောဆိုရာမှာ ကုန်စည်တစ်ခု ကူးလူးစီးဆင်းရာ လမ်းကြောင်း အကြောင်းလည်း ပါရပါမယ်။ တောင်သူက ထုတ်လုပ်လိုက်တဲ့ သီးနှံဟာ တစ်ချိန်မဟုတ်တစ်ချိန် စားသုံးသူထံ ရောက်သွားရစမြဲပါ။ ဒါပေမယ့် သီးနှံဟာ တောင်သူ့လက်ကနေ စားသုံးသူလက်ထဲကို လွယ်လွယ်နဲ့ ရောက်သွားတာတော့ မဟုတ်ပါဘူး။ အဆင့်ဆင့် ကျော်ဖြတ်ရပါသေးတယ်။ အဲဒီအဆင့်တွေထဲမှာ သီးနှံသိုလှောင်တာ၊ စီမံပြုပြင်တာ၊ ထုပ်ပိုးတာ၊ သယ်ယူပို့ဆောင်တာ အစရှိတာတွေ ပါဝင်ပါတယ်။ ဒီလုပ်ငန်းစဉ်အရပ်ရပ်တွေရဲ့ အစအဆုံး ကွင်းဆက်တစ်ခုလုံးကို ဈေးကွက်လမ်းကြောင်း လို့ ခေါ်ပါတယ်။
တောင်သူအနေနဲ့ ဈေးကွက်လမ်းကြောင်းရဲ့ ဘယ်နေရာ၊ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေသလဲ။ သီးနှံကို ဘယ်နေရာမှာ ရောင်းချမလဲ။ ကျေးလက်ဈေးမှာ ရောင်းမလား။ ပွဲစားဆီ ရောင်းမလား။ ကုန်တိုက်သို့ သွားရောင်းမလား။ ဒါမှမဟုတ် သီးနှံကို ကြိတ်ခွဲပြုပြင်ပြီးမှ ရောင်းချမလား။ ဒါတွေကို စဉ်းစားရပါမယ်။
တောင်သူအနေနဲ့ ဈေးကွက်လမ်းကြောင်းမှာ မိမိအတွက် အားအသာဆုံးနေရာကနေ ရွေးချယ်ပါဝင်တတ်ဖို့လိုပါတယ်။ မိမိနယ်မှာ ကုလားပဲကို အစေ့အဆံအတိုင်း ရောင်းတာထက် အမှုန့်ကြိတ် ရောင်းချတာက အကျိုးအမြတ် ပိုရရင် အကျိုးအမြတ် ပိုရတဲ့လမ်းကို ရွေးရပါမယ်။ ဟင်းသီးဟင်းရွက်ကို ကျေးလက်ဈေးမှာ ရောင်းတာထက် စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေဆီ ရောင်းတာက အမြတ်ပိုကျန်ရင် အမြတ်ပိုကျန်မယ့်လမ်းကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဈေးကွက်လမ်းကြောင်းအသွားအလာအရ မီးစင်ကြည့် ကတတ်ရမှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kozay
လွန်ခဲ့သော ၇ လ ကဂုန်နီအိတ်ပါးက ၁ပိဿာ တဲ့...ငလခွီး..🤬
kozay
လွန်ခဲ့သော ၇ လ ကဆိပ်ဖြူမှာ ကြက်သွန်ဒိုင်က အိတ်စာ ၁ပိဿာ နုတ်တယ် ၁အိတ်ကိုနော်
kozay
လွန်ခဲ့သော ၇ လ ကပွဲစား ခွေးသား ရိုင်းသွားတာ ခွင့်လွှတ်
ညိမ်းထွန်း
လွန်ခဲ့သော ၂ နှစ် ကတင်ပေးတာကျေးဇူးပါ
Naungwin
လွန်ခဲ့သော ၂ နှစ် ကပဲကြီးအဖြူဘယ်ဈေးလဲ
ဆက်စပ်မေးခွန်းများ
ဆရာပျိုးထောင်ပြီးပြန်စုက်တဲ့စပါးတွေကခုလိုဝါနေတယ်ဆရာဘယ်လိုပြန်လိုက်ရမလဲအကြုံပြုပါအုံး
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 2 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 2 ခု
ဒီနှစ်ပဲရာသီမှာပဲတီစိမ်းစျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်
လက်တွေ့တောင်သူ • ဖြေကြားချက် 4 ခု
စပါးတွေရဲ့အရွက်တွေကဖြူပြီးတော့ပါးသလိုဖြစ်နေတယ် ဘာပိုးလဲရောဂါမှန်းသေချာမသိပါဘူးဘာဆေးသုံးသုံးရမလဲခင်ဗျာလုံးနေပါပြီး
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 4 ခု
ဆရာရေ ခရမ်းချဥ် ပုံတော့မရိုပ်ခဲ့ရဘူးဗျာ အပွင့်တွေကြွေလို့ဆရာ အသီးမတင်လို့ ဆရာ လမ်ညွှန်ပေးပါဦး
Htay Lin Aung • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ
15/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတို့အတွက် မားကတ်တင်း
19/09/2023