အိန္ဒိယပိတ်ပင်မှုကြောင့် ဆန်ဈေးတွေ မိုးထိုးလာတော့မလား..
ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယနိုင်ငံက ဆန်ပို့ကုန်အများအပြားကို ပိတ်ပင်လိုက်ပြီးနောက် ကမ္ဘာ့ဆန်ဈေးတွေ ထိုးတက်လာဖို့ ရှိနေပြီး ဒီလိုသာဖြစ်ရင် မိုးလေဝသက မကောင်း၊ ယူကရိန်းပဋိပက္ခက ပိုမိုပြင်းထန်လာတာကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ကမ္ဘာ့စားသောက်ကုန်စည်ဈေးကွက်တွေအတွက် ဖိအားသစ်တွေ ထပ်တိုးကျရောက်စေမှာဖြစ်ပါတယ်။

"ရေတိုကာလမှာ ဆန်ဈေးတွေ ကျိန်းသေ တက်ပါလိမ့်မယ်။ ဘယ်လောက်ထိ တက်မလဲဆိုတာပဲ မေးခွန်းထုတ်ရမှာပါ" လို့ ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောပါတယ်။ “ဒါက နှစ်အလိုက်မြင့်တက်မှုပုံစံ မဟုတ်ဘဲ ရုတ်ချည်းထောင်တက်မှုမျိုး ဖြစ်လာလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။
ဆန်ဟာ အာရှနဲ့ အာဖရိကတိုက်က လူသန်းထောင်ချီရဲ့ အခြေခံအစားအစာဖြစ်ပြီး ဈေးတွေထောင်တက်လာခဲ့ရင် ကုန်ဈေးနှုန်းဖိအားတွေ တိုးလာပြီး တင်သွင်းရတဲ့နိုင်ငံတွေအတွက်လည်း ငွေကုန်ကြေးကျ ပိုများလာစေပါလိမ့်မယ်။
ယခုတစ်ကြိမ် အိန္ဒိယက ဘာစမာတီအမျိုးအစားမဟုတ်တဲ့ ဆန်ဖြူအားလုံး တင်ပို့ခွင့်ပိတ်လိုက်တာဟာ ပြည်တွင်းဆန်ဈေး ထိန်းချုပ်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှု၊ ဥရောပမှာ အပူချိန်မြင့်တက်လာနေမှုနဲ့ ယူကရိန်းကုန်စည်တင်ပို့ရာဌာနတွေကို ရုရှားဘက်က ပစ်မှတ်ထားတိုက်ခိုက်မှုတို့ကြောင့် ကောက်ပဲသီးနှံရောင်းအားနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်မားနေတဲ့ တစ်ချိန်တည်းမှာ အိန္ဒိယက အခုလို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
"အိန္ဒိယရဲ့ ပို့ကုန်ပိတ်ပင်မှုကို သုံးသပ်တဲ့အခါ ယိုယွင်းနေတဲ့ နောက်ခံအခင်းအကျင်းကို ကြည့်ဖို့လိုပါတယ်။ အနေအထားက အာရှတိုက်မှာ ဆန်ဈေးတွေ ရုတ်ချည်းဆိုသလို ထိန်းမနိုင်သိမ်းမရ တက်လာဖို့ အကြောင်းတွေ ပိုများလာတဲ့သဘောပါ" လို့ စားနပ်ရိက္ခာဖူလုံရေးနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာ လေ့လာခဲ့သူ ဟားဗတ်တက္ကသိုလ် အငြိမ်းစားပါမောက္ခ Peter Timmer က ပြောပါတယ်။
ဆန်တင်ပို့မှုထိပ်သီးတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဆိုရင် ငါးမှတ်ဆန်ဖြူ တင်ပို့ဈေးကို တစ်တန် ဒေါ်လာ ၆၀၀ ထိ သတ်မှတ်လိုက်ပြီဖြစ်ကာ ထိုင်းကလည်း အလားတူလုပ်ဆောင်လာနိုင်တယ်လို့ Chookiat က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
အဲဒီဈေးအထိသာ ခုန်တက်သွားမယ်ဆိုရင် ထိုင်းဆန်ဈေးဟာ ၂၀၁၂ နောက်ပိုင်း အမြင့်ဆုံးနှုန်းကို ရောက်သွားပါလိမ့်မယ်။ လက်ရှိမှာကို ဈေးက နှစ်နှစ်အတွင်း အမြင့်ဆုံးအဖြစ် တစ်တန်ကို ၅၃၄ ဒေါ်လာမှာ ရှိနေပါတယ်။
ဂျုံ၊ ပြောင်းနဲ့ အခြားကောက်ပဲသီးနှံဈေးတွေ ယခုလအတွင်း တက်လာနေချိန်မှာ ဆန်ဈေးတွေ ထိုးတက်လာခဲ့ရင် ကာလရှည်တစ်ခုအထိ ကျဆင်းခဲ့တဲ့ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းတွေ တဖန်ပြန်မြင့်တက်လာဖို့ ရှိပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ လအလိုက် စားသောက်ကုန်ဈေးနှုန်းတွေဟာ သုံးလပတ် ငါးခုဆက်ကျဆင်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လမှာ ၂၀၂၁ ဧပြီနောက်ပိုင်း အနိမ့်ဆုံးအထိ ရောက်ရှိသွားခဲ့တာပါ။
အိန္ဒိယဟာ အစောပိုင်းကတည်းက ဆန်ကွဲတင်ပို့မှု ပိတ်ပင်ထားပြီးဖြစ်သလို ယခုနောက်ဆုံးပိတ်ပင်မှုပါပေါင်းရင် နိုင်ငံစုစုပေါင်းဆန်တင်ပို့မှုရဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအပေါ် သက်ရောက်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးမမှန်တာနဲ့ ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်တာ ကြုံခဲ့ရင် အိန္ဒိယက အခြားဆန်အမျိုးအစားတွေကိုပါ တိုးချဲ့ပိတ်ပင်လာဖွယ်ရှိကြောင်း ဂျပန်ဘဏ်လုပ်ငန်းကြီးဖြစ်တဲ့ Nomura Holdings Inc. က သတိပေးထားပါတယ်။
လက်ရှိအနေအထားအရ အိန္ဒိယပိတ်ပင်ချက်ဟာ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ အာဖရိကနိုင်တွေဆီ စီးဆင်းနေတဲ့ ဆန်ပို့ကုန်တွေအပေါ် သက်ရောက်စေဖွယ်ရှိပါတယ်။
ဒါပေမဲ့ အခြားနိုင်ငံအစိုးရတွေက ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးလိုအပ်ချက်အတွက် အိန္ဒိယအစိုးရထံ မေတ္တာရပ်ခံလာခဲ့ရင်တော့ အိန္ဒိယအစိုးရခွင့်ပြုချက်အရ ဆန်တင်ပို့နိုင်ဖွယ်တော့ ရှိနေပါသေးတယ်။ ဒါ့အပြင် ဘာစမာတီဆန်နဲ့ ဘာစမာတီမဟုတ်တဲ့အမျိုးအစားထဲက ပေါင်းဆန် တင်ပို့မှုကို ခွင့်ပြုထားဆဲ ဖြစ်တာကြောင့် အခြေအနေကို အထိုက်အလျောက်တော့ ထိန်းသိမ်းပေးနိုင်ဖွယ် ရှိပါတယ်။
အာရှနဲ့ အာဖရိကနိုင်ငံတွေရဲ့ ဆန်တင်သွင်းမှုအပေါ် ဘယ်အတိုင်းအတာထိ ထိခိုက်လာနိုင်မယ်ဆိုတာဟာ အိန္ဒိယရဲ့ ပိတ်ပင်မှုကာလ ဘယ်လောက်ကြာမလဲအပေါ် မူတည်နိုင်သလို နိုင်ငံတွေအနေနဲ့ သံတမန်လမ်းကြောင်းကနေ ဘယ်လောက်ထိ ဝယ်ယူနိုင်မလဲဆိုတဲ့အပေါ် မူတည်လိမ့်မယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ စီးပွားရေးပညာရှင် Shirley Mustafa က ပြောပါတယ်။
ဆန်တင်သွင်းနိုင်ငံတွေဟာ အိန္ဒိယပို့ကုန် ပိတ်ပင်လိုက်တာကြောင့် ဆန်ဈေးတင်ရောင်းတာမျိုး မရှိတဲ့ အခြား ဆန်တင်ပို့နိုင်ငံတွေဆီကနေလည်း ပြောင်လဲဝယ်ယူလာနိုင်တယ်လို့ Mustafa က ပြောဆိုခဲ့ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Rice Risks Hitting Decade-High as Indian Curbs Rock Market - Bloomberg
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသီးနှံဈေးကွက်
ko htike
လွန်ခဲ့သော ၃ နှစ် ကငွေကညာ
ko htike
လွန်ခဲ့သော ၃ နှစ် က်အ့ညုါ
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023