မေလ ကမ္ဘာ့စားသောက်ကုန်ဈေးများ နှစ်နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း
ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ထုတ်ပြန်တဲ့ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းတွေဟာ ပြီးခဲ့တဲ့မေလအတွင်းမှာ နှစ်နှစ်အတွင်း အနိမ့်ဆုံးကို ကျသွားခဲ့ပါတယ်။

မေလထဲမှာ သကြားနဲ့ အသားဈေးတွေ မြင့်တက်ခဲ့ပေမဲ့ ဟင်းသီးဟင်းရွက်ဆီ၊ နှံစားသီးနှံနဲ့ နို့ထွက်ပစ္စည်းဈေးတွေ ကျဆင်းမှုက အလေးသာသွားခဲ့တာကြောင့်ပါ။
ကမ္ဘာ့ကုန်သွယ်မှုအများဆုံး စားသောက်ကုန်စည်ဈေးနှုန်းတွေကို စောင့်ကြည့်တိုင်းတာနေတဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ထုတ် စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းဟာ ဧပြီလတုန်းက ၁၂၇ ဒသမ ၇ မှတ်မှာ ရှိခဲ့ရာကနေ မေလမှာတော့ ပျမ်းမျှ ၁၂၄ ဒသမ ၃ မှတ်မှာ ရှိခဲ့ကြောင်း FAO က သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မေလဈေးနှုန်းညွှန်းကိန်းဟာ ၂၀၂၁ ဧပြီနောက်ပိုင်း အနိမ့်ဆုံး ဖြစ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စကာစ ၂၀၂၂ မတ်လမှာ ရောက်ခဲ့တဲ့ စံချိန်တင်အမြင့်ဆုံးနှုန်းထက် ၂၂ ရာခိုင်နှုန်း လျော့နည်းခဲ့တာဖြစ်ပါတယ်။
နှံစားသီးနှံဈေးညွှန်းကိန်းကတော့ မေလမှာ ယခင်လထက် ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါက နှံစားသီးနှံရောင်းလိုအား မြင့်မားလာနိုင်မှုနဲ့ ယူကရိန်းသီးနှံတင်ပို့ရောင်းချမှုကို ခွင့်ပြုပေးစေတဲ့ ပင်လယ်နက်ကောက်ပဲသီးနှံရောင်းချခွင့်သဘောတူညီချက်ကို သက်တမ်းတိုးပေးခဲ့တာတို့ကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဆန်ဈေးတွေကတော့ မေလအတွင်း မြင့်တက်ခဲ့ပြီး ဒါဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဆန်တင်ပို့နိုင်ငံတွေမှာ ရောင်းအားလျော့နည်းလာတာကြောင့်လို့ FAO က ထုတ်ပြန်ပါတယ်။ အေဂျင်စီအနေနဲ့ ပြီးခဲ့တဲ့လကတည်းက ဆန်ဈေးတွေ မြင့်တက်လာမှာ စိုးရိမ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
FAO ရဲ့ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းညွှန်းကိန်းဟာ လအလိုက် ၉ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ဆီထွက်သီးနှံရောင်းအား များနေကြောင်းနဲ့ စာအုန်းဆီဝယ်လိုအား နည်းနေတာကို ထင်ဟပ်ပြနေပါတယ်။ ကမ္ဘာ့နို့ထွက်ပစ္စည်းဈေးနှုန်းကတော့ မြောက်ကမ္ဘာခြမ်းနိုင်ငံတွေမှာ နွားနို့အထွက်ကောင်းချိန် ကျနေလို့ ဈေးသုံးရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ အေဂျင်စီက ထုတ်ပြန်ပါတယ်။
အယ်နီညိုရာသီဥတုဖြစ်ထွန်းမှုက ကမ္ဘာ့သကြားရောင်းအားပြဿနာကို ထပ်တိုးစေမယ်ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် သကြားဈေးကတော့ လေးလဆက် ဈေးတက်မှုအဖြစ် ဧပြီလကထက် ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း FAO က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဘရာဇီးနိုင်ငံမှာ မိုးလေဝသကောင်းမွန်လာတာနဲ့ ရေနံစိမ်းဈေးကျလာတာတွေကတော့ သကြားဈေးကို အထိန်းအချုပ်ဖြစ်စေခဲ့တယ်လို့ ယင်းက ထုတ်ပြန်ပါတယ်။ သကြားကြိုပွိုင့်ဈေးတွေဟာ ဧပြီလကုန်ပိုင်းတုန်းက ၁၂ နှစ်အတွင်း အမြင့်ဆုံးရောက်ခဲ့ရာကနေ မေလရောက်တော့ ပြန်လည်ကျဆင်းလာမှုတော့ရှိခဲ့တယ်လို့ သိရပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: World food prices fall to two-year low in May, UN food agency says
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 0 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 0 ခု
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023