ရောင်းအားနည်း၊ ဝယ်အားများနေမှုကြောင့် အာရှဆန်ဈေးများ နှစ်နှစ်အတွင်း အမြင့်ဆုံးရောက်
အာရှတိုက် ဆန်တင်ပို့မှုထိပ်သီးနိုင်ငံတွေမှာ ဆန်ရောင်းလိုအားစိုးရိမ်ချက်တွေ ရှိနေတဲ့အပြင် ဝယ်လိုအား ဆက်တိုက်ကောင်းနေတာကြောင့် ယခုအပတ် ဆန်တင်ပို့ဈေးနှုန်းတွေ နှစ်နှစ်ကျော်အတွင်း အမြင့်ဆုံးအထိ ရောက်ရှိလာပါတယ်။

ဗီယက်နမ်ငါးမှတ်ဆန်ဈေးဟာ အရင်အပတ်က တစ်တန်ကို ၄၉၈ ဒေါ်လာ ရှိခဲ့ရာကနေ ယခုအပတ်မှာ ၂၀၂၁ ဧပြီနောက်ပိုင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်တန်ကို ၄၉၅ ကနေ ၅၀၅ ဒေါ်လာကြား ရောက်ရှိခဲ့ပါတယ်။
" ဗီယက်နမ်ဆန်တင်ပို့လုပ်ငန်းတွေဟာ ပို့ကုန်စာချုပ်တွေ ဖြည့်ဆည်းရောင်းချနိုင်ရေး ဆန်အလုအယက် ဝယ်ယူနေကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ဆန်ရောင်းအားနည်းနေပြီး ဆန်ဈေးတွေကို မြင့်တက်စေခဲ့ပါတယ်" လို့ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။
ဗီယက်နမ်မှာ မိုးလေဝသမကောင်းတာကြောင့် နွေစပါးအထွက်ဟာ မျှော်လင့်ထားသလောက် မကောင်းခဲ့ဘူးလို့ ကုန်သည်တွက ဆိုပါတယ်။
ဗီယက်နမ်ဟာ ဇွန်လပထမလဝက်အတွင်း ဆန် ၂၈၄၇၉၈ တန် တင်ပို့ထားပြီး ယခုနှစ်စကနေ ဇွန် ၁၅ ရက်အထိ တင်ပို့မှုစုစုပေါင်း တန်ချိန် ၃ ဒသမ ၉ သန်း ရှိပြီဖြစ်ကြောင်း အကောက်ခွန်ဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းငါးမှတ်ဆန်ဈေးဟာလည်း ပြီးခဲ့တဲ့အပတ်က တစ်တန်ကို ၄၉၅ ဒေါ်လာ ရှိခဲ့ရာကနေ ယခုအပတ်မှာ နှစ်နှစ်ကျော်အတွင်း အမြင့်ဆုံးအနေနဲ့ တစ်တန် ၅၀၅ ဒေါ်လာထိ ရောက်ရှိခဲ့ပါတယ်။
"အင်ဒိုနီးရှားနိုင်ငံကို တင်ပို့ဖို့အတွက် ဆန်ကောက်ယူဖို့စောင့်နေတဲ့ သင်္ဘောတွေ ရှိပါတယ်။ ဒါပေမဲ့ ဆန်သစ်က ဈေးကွက်ထဲကို ဝင်ရောက်မလာသေးပါဘူး။ ပို့ကုန်လုပ်ငန်းတွေအနေနဲ့ လိုအပ်တဲ့ဆန် အချိန်မီရရှိရေး အခက်တွေ့နေကြပါတယ်" လို့ ဘန်ကောက်အခြေစိုက်ကုန်သည်တစ်ယောက်က ပြောပါတယ်။
ပြည်တွင်းဆန်ဈေး ကောင်းနေတဲ့အတွက် ဈေးတွေဟာ အခုနှုန်းအတိုင်း ဆက်ရှိနေနိုင်တယ်လို့ ထိုင်းကုန်သည်နောက်တစ်ယောက်က ပြောပါတယ်။
ယခုနှစ် ထိုင်းဆန်တင်ပို့မှုဟာ တန်ချိန် ရှစ်သန်းကျော်နိုင်ပြီး ယခင်လျာထားချက် တန်ချိန် ခုနစ်သန်းခွဲထက် ပိုများနိုင်ကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီး ပြီးခဲ့တဲ့အပတ်မှာ ပြောထားပါတယ်။
ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယရဲ့ ငါးမှတ်ပေါင်းဆန်ဈေးဟာ ယခင်အပတ်က တစ်တန်ကို ၃၉၀-၃၉၈ ဒေါ်လာကြား ရှိခဲ့ရာကနေ ယခုအပတ်မှာ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း အမြင့်ဆုံးအဖြစ် ၃၉၇-၄၀၅ ဒေါ်လာကြား ရောက်ရှိလာပါတယ်။
"စပါးဈေးတက်နေတဲ့အတွက် ပို့ကုန်လုပ်ငန်းတွေဟာ ဆန်ဈေးကို မဖြစ်မနေ မြှင့်တင်ခဲ့ရပါတယ်။ နောက်ပြီး ဒီလထဲမှာ ရူပီးငွေဈေး ကောင်းခဲ့တာကလည်း ဈေးတက်ဖို့အကြောင်းတစ်ခု ဖြစ်စေခဲ့ပါတယ်" လို့ နယူးဒေလီအခြေစိုက် ကုန်သည်တစ်ယောက်က ပြောပါတယ်။
အိန္ဒိယဟာ တောင်သူလယ်သမားတွေဆီက ဝယ်ယူတဲ့ ကောက်သစ်စပါးဈေးကိုလည်း မကြာသေးခင်တုန်းက ခုနစ်ရာခိုင်နှုန်း မြှင့်တင်ပေးခဲ့ပါတယ်။
အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ရဲ့ ယခုနှစ် (၂၀၂၃-၂၄ ဈေးကွက်နှစ်) ဆန်ထုတ်လုပ်မှုဟာ နှစ်အလိုက် ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၃၈ ဒသမ ၉ သန်း ရှိနိုင်မယ်လို့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအလားအလာအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Asia rice: Tight supply, robust demand propels export prices to 2-year peak - Reuters
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 0 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 0 ခု
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....