မုန်လာဥနီတွေ စိမ်းနေရင် အန္တရာယ်ရှိလား..
အာလူးတွေစိမ်းနေရင် သတိ...အန္တရာယ်ရှိနေပြီ...လို့ဆိုတော့...
မုန်လာဥနီတွေ စိမ်းနေတာမျိုးကို စားမိရင်ကော အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်သွားစေမလား...?

မုန်လာဥနီဟာ Apiaceae မျိုးရင်းဖြစ်ပြီး အရေးပါတဲ့ အမြစ်/ဥစား ဟင်းသီးဟင်းရွက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ မာကြွပ်သော၊ အရသာရှိသော၊ အာဟာရပြည့်ဝသော ဥစားဟင်းသီးဟင်းရွက် ဖြစ်ပြီး ကျန်းမာရေးအတွက် ပြည့်စုံတဲ့အစားအစာတစ်ခုဆိုတာလည်း အတော်များများ သိပြီးဖြစ်ကြမှာပါ။ အစိမ်းလိုက်လည်းစားလို့ရသလို ချက်ပြုတ်ပြီးလည်း စားလို့ရပါတယ်။
သူ့မှာ Beta carotene ၊ အမျှင်ဓာတ်၊ ဗီတာမင် ကေ(၁)၊ ပိုတတ်ဆီယမ်၊ antioxidants တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်လိုရီနည်းတာမို့ ဝိတ်ချချင်သူတွေအတွက် စပါယ်ရှယ်အစားအစာတစ်မျိုးပါ။ အစာကြေရင်ချောင်စေတယ်။ ခုခံအားစနစ်ကိုလည်း တက်စေလို့ ကူးစက်ရောဂါတွေကို အလွယ်ဝင်မလာအောင် အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။
ပုံမှန်အားဖြင့်တော့ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်၊ အနီရောင်နှင့် ခရမ်းရောင်စသဖြင့် အရောင်မျိုးစုံရှိနိုင်ပါတယ်။ ဒါပေမဲ့ မုန်လာဥနီ ထိပ်မှာစိမ်းနေတာမျိုးကိုတွေ့ရင်တော့ ဒါဟာပုံမှန် အရောင် မဟုတ်တော့တော့ပါဘူး။
အစိမ်းရောင်ဖြစ်စေသောအကြောင်းအရင်း
အပင်ပေါ်က အရွက်တွေက ဥထိပ်ကို ကောင်းကောင်းမဖုံးထားခြင်းကြောင့် ဖြစ်နိုင်သလို အာလူးလိုမျိုးပဲ မိုးသည်းထန်စွာရွာခြင်းကြောင့် ပင်ခြေရှိ မြေကြီးတွေ အဝေးကိုလွင့်ထွက်သွားပြီး အမြစ်တွေ/ ဥတွေ မြေပေါ်ပေါ်လာလို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီတော့ မုန်လာဥနီတွေဟာ နေရောင်ခြည်နဲ့ထိတွေ့ပြီး အစိမ်းရောင်ခြယ် ကလိုရိုဖီးလ် (chlorophyll) များ စုလာလို့ ပုံမုန်လိမေ္မာ်ရောင်ကနေ အစိမ်းရောင်တွေ ဖြစ်ကုန်တာပါ။ လူတွေမှာ နေလောင်ရင် အသားအရေနီသွားသလိုမျိုးပေါ့။ မုန်လာဥနီကျတော့ နေလောင်ပြီး စိမ်းသွားတာပါ။
အစိမ်းရောင်ခြယ် (chlorophyll) ဟာ အပင်ကို အလင်းမှီစုအစာဖွဲ့စည်းခြင်း (photosynthesis) ကနေတဆင့် နေရောင်ခြည်က စွမ်းအင်များကို ရယူနိုင်စေပါတယ်။ အဲ့ဒီအခါ မုန်လာဥနီမှာ နေရောင် ခြည်တိုက်ရိုက်ထိတွေ့နေတဲ့နေရာဟာ ရေကြောနှင့် အစာကြောကြားမှာ အဟန့်အတားတစ်ခု ဖြစ်ပေါ်လာစေပါတယ်။ ပုံမှန်ဆိုရင် မုန်လာဥနီထဲကအတွင်းပိုင်း ရေကြောက မြေထဲရှိ ရေနဲ့အာဟာတွေကို ကျန်အစိတ်အပိုင်းတွေဆီ ပို့ပေးတာပါ။ အပြန်အလှန်အားဖြင့် အပြင်အစာကြောကတော့ အလင်းမှိီစုအစာဖွဲ့ခြင်း( အစာချက်လုပ်ခြင်း)ကနေ ရရှိလာတဲ့ သကြားဓာတ်တွေကို အမြစ်/ဥ တွေဆီ ပို့ပေးပါတယ်။ ဒီအခါမျိုးမှာ အစာကြောပတ်လည်မှာ အစိမ်းရောင်အရစ်တွေ ဖြစ်ပေါ်လာစေ တာပါ။
စိမ်းနေတဲ့ဥကို ပြန်စိုက်မယ်ဆိုရင် မျိုးရိုးလိုက်နိုင်သလား?
မုန်လာနီဟာ အပူချိန် 40°F - 80°F ကြားမှာ အကောင်းဆုံးကြီးထွားပြီး သကြားဓာတ်အများဆုံး ဖွံ့ဖြိုးပါတယ်။ မုန်လာဥနီထိပ်မှာ စိမ်းနေတဲ့ဥကနေရတဲ့မျိုးစေ့ကို ပြန်စိုက်မယ်ဆိုရင် မျိုးရိုးလိုက်နိုင်မှုတော့ နည်းပါတယ်။ (၂၅) ရာခိုင်နှုန်းအောက်လောက်တော့ ရှိပါတယ်တဲ့။ UN စိုက်ပျိုးရေးလမ်းညွှန်အရဆို အဲ့ဒီအစိမ်းဖြစ်နေတဲ့ မုန်လာဥနီကရတဲ့မျိုးက စိုက်ဖို့ အရည်အသေွး ပိုကောင်းတယ်လို့တောင် ယူဆပါတယ်တဲ့။ (အကောင်းဆုံး အရည်အသွေးလို့တော့ မဆိုလိုပါ။)
စားရင်ရော အဆိပ်ဖြစ်စေသလား?
လာပါပြီအဖြေ...။ အဖြေကတော့ “မဖြစ်ပါဘူး” ဆိုတာပါ။ မုန်လာဥနီရော၊ အာလူးရော နှစ်ခုလုံးကတော့ အန္တရာယ်ကင်းတဲ့ အစိမ်းရောင်ခြယ်တွေကနေ ဖြစ်လာတာပါပဲ။ သို့ပေမဲ့ အစိမ်းရောင်ခြယ်ဟာ အာလူးမှာတော့ solanine လို့ခေါ်တဲ့ အန္တရာယ်ရှိစေတဲ့ဒြပ်ပေါင်း ဖွံ့ဖြိုးလာစေပြီး ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ အာရုံကြောရှုပ်ထေွးခြင်း တို့ကိုဖြစ်စေပါတယ်။ ကံကောင်းချင်တော့ မုန်လာဥနီကိုစိမ်းစေတာမျိုးကျတော့ ဒီလိုမျိုးအန္တရာယ်ရှိစေတဲ့ အရာများ ရှိမနေပါဘူး။
ဆိုတော့ မုန်လာဥနီစိမ်းခြင်းက အပြစ်ကင်းတယ်လို့ ပြောရမှာပါပဲ..။
အရသာရော ဘယ်လိုဖြစ်သွားမလဲ?
မုန်လာဥနီမှာ အစိမ်းရောင်ပြောင်းသွားတာနဲ့ အရသာလည်း ပြောင်းလာပါတယ်။ အရသာပျက်လာပြီး ခါးလာနိုင်လို့ စားလို့မကောင်းတော့ပါဘူး။ ဒါကြောင့် စားတော့မယ်၊ ယိုထိုးတော့မယ်ဆိုရင် အဲ့ဒီထိပ်ပိုင်းကို ဖြတ်ပစ်ဖို့လိုပါမယ်။
မုန်လာဥနီကို (၄)ပတ်ခန့်အထိ ရေခဲသေတ္တာထဲမှာ သိုလှောင်နိုင်ပါတယ်။ မိမိဆီမှာ စိမ်းနေတဲ့ာမုန်လာဥနီရှိနေပီဆိုရင် ရေမဆေးဘဲ တစ်သျှူးလေးနဲ့ပတ် အိတ်နဲ့ထုပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားတာက အကောင်းဆုံးပါ။ အိတ်ကိုအလုံပိတ်ထုတ်ထားရင်တော့ ငွေ့ငွေ့ရည်ဖွဲ့ခြင်းဖြစ်လာပီး ဥတွေ ပုပ်သွားနိုင်တာကိုတော့ သတိထားပါ။ ဥအပေါ်ပိုင်းရှိအပင်အစိတ်အပိုင်းများကို ဖယ်ပေးခြင်းဖြင့် ဥကနေ ရေဆုံးရှုးမှုကို သက်သာစေပါတယ်။
မုန်လာဥနီသုံးပြီး ကိတ်လုပ်တဲ့အခါ ဘာကြောင့် အစိမ်းရောင်ပြောင်းသွားသလဲ?
နုတ်နုတ်စဉ်းထားတဲ့ မုန်လာဥနီနဲ့ကိတ်လုပ်မယ်ဆို တခါတရံမုန့်ဖုတ်ပြီးနောက် အစိမ်းရောင်ပြောင်းသွားတာကို တွေ့ရတတ်ပါတယ်။ ဒီလိုပြောင်းသွားတာဟာ ကိတ်လုပ်ရာမှာ သုံးတဲ့ batter ရှိ မုန့်ဖုတ်ဆိုဒါ (baking soda) နဲ့ ထိတွေ့ခြင်းကြောင့်ပါ။ မုန်လာဥနီမှာရှိတဲ့ ရောင်ခြယ်တွေဟာ pH level (အချဉ်၊အငန်ပမာဏ) ပြောင်းလဲခြင်းကို တုံ့ပြန်မှုမြန်ပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အယ်လကာလီ(အငန်)ဓာတ်ရှိတာကြောင့် မုန့်လာဥနီကို ဓာတ်ပြုပြီး အစိမ်းရောင်ပြောင်းသွားစေတာဖြစ်ပါတယ်။
ဒါကြောင့်မုန်လာဥနီနဲ့ ကိတ်လုပ်တိုင်း အစိမ်းရောင်ပြောင်းသွားနေတယ်ဆိုရင် မုန့်ဖုတ်ဆိုဒါပမာဏလျှော့ထည့်ပြီး အသုံးပြုဖို့ အကြံပြုပါတယ်။ ကံကောင်းတာတစ်ခုကတော့ အစိမ်းရောင်ပြောင်းသွားတဲ့ာ မုန်လာဥနီကိတ်ဟာ အရသာအားဖြင့်တော့ ပြောင်းလဲခြင်းမရှိသလို စားတဲ့လူကိုလည်း အန္တရာယ်မဖြစ်စေတာပါပဲ။
Ref: https://foodsguy.com/can-you-eat-green-carrots/
https://www.eatortoss.com/green-areas-inside-your-carrot/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Aye Aye
အားလုံး
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023