အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)

ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)

Aye Aye
Aye Aye • 28/06/2023

 

ပိုတက်စီယမ် (K) ဆိုတာ လက်တင်ဘာသာစကား [kalium] ကနေ ဆင်းသက်လာပြီး အယ်လကာလီ [alkali]ဆိုပြီး အဓိပ္ပာယ်သက်ရောက်ပါတယ်။ ငန်တဲ့ဂုဏ်သတ္တိရှိပါတယ်။ အင်္ဂလိပ်အမည် ပိုတက်ရှ်ဆိုတဲ့ စကားလုံးကတော့ ပိုတက်စီယမ်ဆားအမျိုးမျိုးကို ထုတ်ယူတဲ့ နည်းလမ်းကို ရည်ညွှန်းပါတယ်။

ရှေးတုန်းကတော့ ထင်းကို မီးရှို့ပြီးရလာတဲ့ပြာကို ရေဖျော်ကာ အိုးထဲထည့်ပြီး အပူပေး၊ အငွေ့ပျံစေတဲ့နည်းနဲ့ ပိုတက်စီယံ အရင်းအမြစ်ကို ရရှိကြတယ်လို့ဆိုပါတယ်။

၁၈၀၇ ခုနှစ်မှာ Sir Humphry Davy ဆိုသူက ပိုတက်စီယမ်ဓာတ်ပါဝင်တဲ့ ဓာတ်ပေါင်းကို လျှပ်စစ်သုံးဖြိုခွဲခြင်း (electrolysis) ဖြစ်စဉ်နဲ့ ဖြတ်တောက်လိုက်တဲ့အခါ တောက်ပတဲ့ငွေရောင်ပိုတက်ဆီယမ်ကို ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ ငွေရောင်ပိုတက်စီယမ်လေးဟာ လေနဲ့ထိတွေ့လိုက်တဲ့အခါ ဓာတ်ပြုပြီး အောက်ဆိုဒ်အဖြစ် ပြောင်းလဲသွားကာ မီးခိုးရောင်ပြောင်းသွားပါတယ်။

ပိုတက်စီယမ်ဓာတ်ဟာ စိုက်ပျိုးပင်တွေ၊ လူ၊ တိရစ္ဆာန်တွေရဲ့ အာဟာရအတွက် အရေးပါသလို အခြားထုတ်ကုန်တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

ပိုတက်စီယမ်အရင်းအမြစ်တွေ ဘယ်ကရလဲ…

စီးပွားဖြစ်အသုံးပြုနေတဲ့ ပိုတက်ရှ်အနည်တွေ အားလုံးဟာ တိမ်‌ကောနေတဲ့ ရှေးပင်လယ်တွေ (Ancient seas)၊ ဆားငန်ကန်တွေ၊ ဆားငန်ရည်တွေ(brines)၊ မြေအောက်မှာရှိတဲ့ အနည်ကျသတ္တုရိုင်းတွေကနေ ထုတ်လုပ်ရရှိပါတယ်။

အနည်ကျသတ္တုရိုင်းအများစုဟာ မြေအောက်အနက်( ပေ ၃၀၀၀ကျော်)မှာ ရှိတာကြောင့် အပေါ်ယံမျက်နှာပြင်ကနေ တူးဖော်လို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဥမင်လိုဏ်ခေါင်းတွေပြုလုပ်ပြီး တူးဖော်တာ(Shaft mining)၊ အခြားဖျော်ရည်ပစ္စည်းတွေ အသုံးပြုပြီး ရရှိလာတဲ့ ပိုတက်အရည်ထုတ်လုပ်ယူတာ(Solution mining) စတဲ့နည်းစနစ်တို့နဲ့ စီးပွားဖြစ် ထုတ်လုပ်နေကြပါတယ်။

နောက် ပင်လယ်သေတွေ၊ ဆားငန်ကန်တွေကနေတော့  အငွေ့ပျံနည်းနဲ့ ထုတ်လုပ်ကြပါတယ်။ ယခုမျက်မှောက်ချိန်မှာဆိုရင် ကမ္ဘာတစ်ဝန်း တစ်နှစ်မှာ တန်ပေါင်း သန်း ၃၀ ကျော် ထုတ်လုပ်နေပါတယ်။

 

ပုံ - တွေ့ရများသည့် ပိုတက်စီယမ်ဓာတ်ပါဝင်သော သတ္တုများ

ပိုတက်စီယမ်ဆာလဖိတ်ကို mineral langbeinite ကနေ ထုတ်လုပ်နိုင်ပြီး ပိုတက်စီယမ်ကလိုရိုက်ကိုတော့ ဆာလဖြူရစ်အက်စစ်နဲ့ အပူချိန်မြင့်မြင့်မှာ ဓာတ်ပြုပြီး ထုတ်လုပ်နိုင်ပါတယ်။  မဂ္ဂနီဆီယမ်ဆားကို ပိုတက်စီယမ်ဆာလဖိတ်နဲ့ ပေါင်းပြီးလည်း ပိုတက်စီယမ်-မဂ္ဂနီဆီယမ်အခဲကွန်ပေါင်းအဖြစ် ထုတ်လုပ်အသုံးပြုနိုင်ပါတယ်။

ထုတ်လုပ်ရရှိတဲ့ အရွယ်အစားအလိုက် စံသတ်မှတ်ပြီး အခဲ၊ အမှုန့်၊ အရည်ဖျော်အနေနဲ့ ပုံစံမျိုးစုံ ဖြန့်ဖြူးနေကြပါတယ်။ အခဲကိုတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်တို့နဲ့ရောစပ်ပြီး အပင်က လိုအပ်တဲ့ အာဟာရတွေကို တစ်ပြိုင်နက်ရရှိအောင် ကွန်ပေါင်းအနေနဲ့ ပြုပြင်ထုတ်လုပ်ရောင်းချနေတာကို အပြင်မှာ တွင်တွင်ကျယ်ကျယ် တွေ့ရပါတယ်။

ပုံ - ပိုတက်စီယမ် ထုတ်လုပ်မှု ဖြစ်စဉ်  

ပုံ - နိုက်ထရိုဂျင်၊ဖော့စဖောရပ်၊ ပိုတက်စီယမ် ထုတ်လုပ်မှုဖြစ်စဉ်   

အပိုင်း (၂) မှာတော့ ' ပိုတက်စီယမ်ကို ဘယ်နိုင်ငံတွေကနေ အများဆုံးထုတ်နေသလဲ' ' မြေသြဇာတွေမှာ ပိုတက်စီယမ် ပါဝင်ကြောင်း ဘယ်လိုသိနိုင်မလဲ' 'အော်ဂဲနစ်ပိုတက်စီယမ်အရင်းအမြစ်တွေက ဘာတွေလဲ' ' စိုက်ပျိုးရေးမှာ ဘယ်လိုအသုံးပြုသလဲ' 'အပင်တွေက ဘယ်လိုရယူအသုံးပြုကြလဲ' ဆိုတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ပိုတက်စီယမ်

ပိုတက်စီယမ်

2
Aye Aye

Aye Aye

လွန်ခဲ့သော ၃ နှစ် က

စောင့်မျှော်ပေးလို့ ကျေးဇူးပါရှင့်

Nan Win Oo

Nan Win Oo

လွန်ခဲ့သော ၃ နှစ် က

ဘယ်တော့လောက်တင်ပြပေးမလဲဗျစောင့်မျှော်နေပါတယ်

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။