အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?

ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?

Dr. Kyaw Phyo Lwin
Dr. Kyaw Phyo Lwin • 02/10/2026

ဟင်းသီးဟင်းရွက်တွေဟာ နေ့စဉ်စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ အခြားအပင်ထွက်အာဟာရဓာတ်တွေ ရရှိနိုင်တာ ကြောင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးကို ပုံမှန်စားသုံးပေးခြင်းက ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။

ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါ ဘယ်လိုချက်ပြုတ်သလဲ ဆိုတာကလည်း အရေး ကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်အချို့ဟာ ရေမှာပျော်ဝင်နိုင်တာ၊ အပူဒဏ်ကို အလွယ်တကူခံရနိုင်တာကြောင့် ရေအများကြီးအသုံးပြုခြင်း၊ အချိန်ကြာကြာချက်ပြုတ်ခြင်း တို့ကြောင့် အာဟာရဓာတ်အချို့ လျော့နည်းနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရဓာတ်မဆုံးရှုံးအောင် မီးဖိုချောင်မှာ လက်တွေ့လိုက်နာနိုင်တဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။

မချက်ပြုတ်ခင်ကတည်းက အာဟာရကို ထိန်းသိမ်းပါ

အာဟာရဓာတ်ထိန်းသိမ်းရေးဟာ ချက်ပြုတ်မှ စတင်တာမဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေကို ပြင်ဆင်တဲ့အဆင့်ကတည်းက ဂရုစိုက်ဖို့ လိုပါတယ်။

ဟင်းသီးဟင်းရွက်တွေကို မလှီးဖြတ်ခင် ရေနဲ့ သေချာဆေးကြောပါ။ လှီးဖြတ်ပြီးမှ ရေထဲမှာ အချိန်ကြာအောင် မစိမ်ထားပါနဲ့။

ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်အချို့ဟာ ရေထဲကို ရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်ကို အရမ်းသေးငယ်အောင်မလှီးပါနဲ့

ချက်ပြုတ်ရလွယ်ကူစေဖို့ ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ရပေမယ့် အရမ်းသေးငယ်အောင် လှီးဖြတ်ဖို့ မလိုအပ်ပါဘူး။

ဟင်းသီးဟင်းရွက်ကို အလွန်သေးငယ်အောင် လှီးလိုက်တဲ့အခါ ရေနဲ့ထိတွေ့နိုင်တဲ့ မျက်နှာပြင်ဧရိယာ ပိုများလာနိုင်ပါတယ်။ အာဟာရတွေပိုဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ချက်မယ့်ဟင်းလျာနဲ့ သင့်တော်တဲ့ အရွယ်အစားအတိုင်း လှီးဖြတ်ပေးတာက ပိုကောင်းပါတယ်။

ရေအများကြီးနဲ့ အချိန်ကြာကြာ မပြုတ်ပါနဲ့

ဟင်းသီးဟင်းရွက်တွေကို ရေအများကြီးနဲ့ အချိန်ကြာကြာပြုတ်တဲ့အခါ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အချို့ဟာ ပြုတ်ရည်ထဲကို ရောက်သွားနိုင်ပါတယ်။

အထူးသဖြင့် ဗီတာမင် စီ ဟာ ရေမှာပျော်ဝင်နိုင်ပြီး အပူဒဏ်ကိုလည်း ခံနိုင်ရည်နည်းတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် ဟင်းသီးဟင်းရွက်ကို ပြုတ်စားမယ်ဆိုရင်

ရေကို လိုအပ်သလောက်သာ အသုံးပြုပါ။

အချိန်အကြာကြီး မပြုတ်ပါနဲ့။

နူးရုံလောက် ရှိတဲ့အချိန်မှာ ချက်ပြုတ်မှုကို ရပ်ပါ။
(ဟင်းချို၊ ဟင်းရည်လိုမျိုး ပြုတ်ရည်ကိုပါ စားသုံးတဲ့ဟင်းလျာဆိုရင်တော့ ပြုတ်ရည်ထဲကို ရောက်သွားတဲ့ အာဟာရဓာတ်အချို့ကိုပြန်လည်စားသုံးမိမှာဖြစ်ပါတယ်။)


အာဟာဓာတ်တွေ အပြည့်ရရှိအောင် "ပေါင်း" ခြင်းကိုလည်း ရွေးချယ်နိုင်ပါတယ်

ဟင်းသီးဟင်းရွက်တွေကို "ပေါင်း"ခြင်းဟာ ရေနဲ့တိုက်ရိုက်ထိတွေ့မှုကို လျှော့ချနိုင်တဲ့ ချက်ပြုတ်နည်း တစ်ခု ဖြစ်ပါတယ်။

ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ရုံးပတီသီး၊ ပဲတောင့်ရှည်နဲ့ အခြားဟင်းသီးဟင်းရွက်အချို့ကို ပေါင်းပြီး နူးရုံ လောက်မှာ စားသုံးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ကို အရမ်းနူးအိပြီး အရောင်ပြောင်းသွားတဲ့အထိ ချက်ပြုတ်ဖို့ မလိုအပ်ပါဘူး။

အချိန်တိုအတွင်း အမြန်ကြော်နိုင်ပါတယ်

ဟင်းသီးဟင်းရွက်အချို့ကို ဆီအနည်းငယ်နဲ့ အချိန်တိုအတွင်း အမြန်ကြော်ခြင်းကလည်း လက်တွေ့ အသုံးပြုနိုင်တဲ့ ချက်ပြုတ်နည်းတစ်ခု ဖြစ်ပါတယ်။

“အစိမ်းစားမှ အာဟာရအပြည့်ရမယ်” ဆိုတာ မဟုတ်ပါ


ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားရင် အာဟာရပိုရမယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ ဟင်းသီးဟင်းရွက်အမျိုးအစားနဲ့ အာဟာရဓာတ်အမျိုးအစားပေါ်မူတည်ပြီး ချက်ပြုတ်ခြင်းရဲ့ သက် ရောက်မှုက မတူညီနိုင်ပါဘူး။


အချို့ဟင်းသီးဟင်းရွက်တွေဟာ ချက်ပြုတ်လိုက်တဲ့အခါမှသာ ၄င်းတို့ရဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုအသုံးချနိုင်တာလည်း ရှိပါတယ်။


ဒါကြောင့် ဟင်းသီးဟင်းရွက်အားလုံးကို အစိမ်းစားဖို့ မလိုသလို၊ အာဟာရဓာတ်တွေ ဆုံးရှုံးမှာစိုးလို့ ချက်ပြုတ်ခြင်းကို ရှောင်ဖို့လည်း မလိုအပ်ပါဘူး။

အရေးကြီးတာက ဟင်းသီးဟင်းရွက်အမျိုးအစားနဲ့ သင့်တော်တဲ့ ချက်ပြုတ်နည်းကို ရွေးချယ်ဖို့ ဖြစ်ပါ တယ်။

အရောင်စုံလင်အောင် စားသုံးပါ

ဟင်းသီးဟင်းရွက်အမျိုးအစားစုံလင်အောင် စားသုံးပေးဖို့ကလည်း အရေးကြီးပါတယ်။

ဥပမာ—

အစိမ်းရောင် — ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ မုန်ညင်းရွက်

အဝါရောင်/လိမ္မော်ရောင် — ဖရုံသီး၊ မုန်လာဥနီ

အနီရောင် — ခရမ်းချဉ်သီး

ခရမ်းရောင် — ခရမ်းသီး၊ ခရမ်းရောင်ဂေါ်ဖီထုပ်

စတဲ့ အရောင်စုံလင်တဲ့ ဟင်းသီးဟင်းရွက်တွေကို အလှည့်ကျ စားသုံးနိုင်ပါတယ်။

အရောင်မတူတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်နဲ့ အပင်ထွက်ဒြပ်ပေါင်းတွေလည်း မတူညီနိုင်တာကြောင့် အမျိုးအစားစုံလင်အောင် စားသုံးခြင်းက ပိုမိုမျှတတဲ့ အစားအစာပုံစံကို ရရှိစေ ပါတယ်။

အိမ်မှာ လက်တွေ့လိုက်နာနိုင်တဲ့ အချက် ၅ ချက်

ဟင်းသီးဟင်းရွက်တွေကို ပြင်ဆင်ချက်ပြုတ်တဲ့အခါ အောက်ပါအချက်တွေကို မှတ်ထားနိုင်ပါတယ်။

၁။ မလှီးခင် ရေဆေးပါ။

၂။ လှီးပြီးသား ဟင်းသီးဟင်းရွက်တွေကို ရေထဲမှာ အချိန်ကြာကြာ မစိမ်ထားပါနဲ့။

၃။ လိုအပ်တာထက် ပိုမိုသေးငယ်အောင် မလှီးပါနဲ့။

၄။ ရေအများကြီးနဲ့ အချိန်ကြာကြာ မပြုတ်ပါနဲ့။

၅။ ပေါင်းခြင်း၊ အချိန်တိုအတွင်း အမြန်ကြော်ခြင်း စတဲ့ သင့်တော်တဲ့ ချက်ပြုတ်နည်းတွေကို ရွေးချယ်ပါ။

ထို့အပြင် ဟင်းသီးဟင်းရွက်တစ်မျိုးတည်းကို အားမကိုးဘဲ အမျိုးအစားစုံလင်အောင် စားသုံးပေး ဖို့လည်း အရေးကြီးပါတယ်။

အာဟာရကောင်းမွန်တဲ့ အစားအစာတစ်နပ်ရဖို့အတွက် ဟင်းသီးဟင်းရွက်ကို ရွေးချယ်တဲ့အချိန်ကနေ စားသုံးတဲ့အချိန်အထိ နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား

ကိုရှား • ဖြေကြားချက် 2 ခု

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 2 ခု

စပါးကျဲခင်း၁၀ရက်သားဘယ်​ပေါင်းသက်​ဆေးသုံးရမလဲ။

u win zaw • ဖြေကြားချက် 1 ခု

နွားသေးက ဘယ်နှစ်လထိ အထားခံပါသလည်း ကြာပီဆိုတော့ ပက်ရပါသေးလား

နံပတ်2 • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။