သတိ..အန္တရာယ်ရှိသည်...အာလူးတွေစိမ်းနေရင်သတိထား
- မြန်မာအမည် - အာလူး
- မျိုးရင်း - Solanaceae
- သိပ္ပံအမည် - Solanum tuberosum
အာလူးသည် အာဟာရတန်ဖိုးမြင့်မားသောကြောင့် စားဖိုဆောင်အဓိကဟင်းမယ်တစ်ခုအနေဖြင့် ကမ္ဘာတစ်ဝန်း အသုံးပြုနေကြသည်။ အာလူးသည် ကစီဓာတ်ကြွယ်ဝသော အဥစားဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်သည်။ ပုံမှန်အားဖြင့် အဝါရောင်၊ အညိုဖျော့ရောင်တို့ဖြစ်သည်။ သို့သော် အချို့အာလူးဥများတွင်မူ ပုံမှန်အရောင်ထဲ အစိမ်းရောင်ပါရှိနေခြင်းမျိုးကို အပြင်မှာ မြင်နေရပါသည်။

ဒါက ဘာကြောင့်ဖြစ်တာလဲ…
ကောင်းလား…၊ ဆိုးလား…
စားသုံးရင်ရော အန္တရာယ်ဖြစ်စေလား…ဆိုတာတွေက စဉ်းစားစရာဖြစ်ပါသည်။
အာလူးစိုက်ရာသီတွင် မိုးသည်းထန်စွာရွာခြင်းက အာလူးပင်ခြေရှိ မြေကြီးများကို အဝေးသို့လွင့်စင်ထွက်စေပြီး အမြစ်များ/ ဥများ မြေပေါ်သို့ ပေါ်လာစေပါသည်။ ထိုဥများကို အပင်ပေါ်က အရွက်များကလည်း လုံလောက်သည့် အရိပ်အာဝါသမပေးနိုင်ခြင်း/ ကောင်းကောင်းမဖုံးထားခြင်းမျိုး ဖြစ်နိုင်ပါသည်။ ဆိုတော့ ဥများသည် နေရောင်ခြည်နှင့်ထိတွေ့ပြီး အစိမ်းရောင်ခြယ် (chlorophyll)များ စုလာကာ ပုံမှန်အဝါရောင်ထဲတွင် အစိမ်းရောင်များပေါ်လာစေခြင်းဖြစ်ပါသည်။ အဓိကအနေဖြင့် နေလောင်ခြင်း၊အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ကြောင့် ဖြစ်သည်။
အစိမ်းရောင်ခြယ် ကလိုရိုဖီးလ်(chlorophyll) သည် အပင်ကို အလင်းမှီစုအစာဖွဲ့စည်းခြင်း (photosynthesis) မှတဆင့် နေရောင်ခြည်မှ စွမ်းအင်များကို ရယူနိုင်စေပါသည်။ ၎င်းဖြစ်စဉ်မှတဆင့် အာလူးပင်တို့သည် နေရောင်ခြည်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို အသုံးပြု၍ ကစီဓာတ် (carbohydrate) နှင့် အောက်ဆီဂျင်တို့ကို ထုတ်လုပ်နိုင်ပါသည်။ ကောင်းသောအချက်မှာ ၎င်းအစိမ်းရောင်ခြယ်ဖြစ်ပေါ်ခြင်းသည် အင်းဆက်၊ ပိုးမွှား၊ ရောဂါတိုက်ခိုက်ခြင်းတို့ကို ကာကွယ်ပေးသော ဒြပ်ပေါင်းများကိုလည်း ဖြစ်စေပါသည်။
အစိမ်းရောင်ရောင်ခြယ်သည် ၎င်းကိုယ်တိုင်ဆိုလျှင် အန္တရာယ်မရှိပေ။ သို့သော် အာလူးတွင်ဖြစ်သော အစိမ်းရောင်ခြယ်ကတော့ solanine ဟုခေါ်သော အန္တရာယ်ရှိစေသောဒြပ်ပေါင်းကို ဖွံ့ဖြိုးလာစေပါသည်။ နိုက်တြိုဂျင်ပမာဏမှန်ကန်စွာမကျွေးခြင်း၊ ဥများကို စောစောတူးဖော်ခြင်း(ရိတ်သိမ်းခြင်း) တို့ကြောင့်လည်း အာလူးတွင် solanine ဒြပ်ပေါင်းပမာဏ များစေနိုင်ပါသည်။
၎င်း solanine သည် လူ့ခန္ဓာကိုယ်တွင် neurotransmitters ဖြိုခွဲခြင်း၌ ပါဝင်သော အင်ဇိုင်းများကို ဟန့်တားပါသည်။ အူနံရံရှိ ဆဲလ်အမြေှးပါးများကို ထိခိုက်စေပြီး အူနံရံတွင် စိမ့်ဝင်နိုင်မှုမရှိသောကြောင့် ချေဖျက်၍မရနိုင်သဖြင့် ဆိုးကျိုးဖြစ်စေပါသည်။ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ အာရုံကြောရှုပ်ထေွးခြင်းတို့ကိုဖြစ်စေပါသည်။ ပြင်းထန်သော အခြေအနေများတွင် မေ့မြောခြင်း၊ သေဆုံးခြင်းတို့ကိုပါ ဖြစ်စေနိုင်သည်။
ပုံမှန် အာလူးဥတွင် solanine သည် ပမာဏအနည်းငယ်သာ ရှိပြီး နေရောင်ခြည်ထိတွေ့၍ စိမ်းလာခြင်းဖြင့် ၎င်းဒြပ်ပေါင်းပမာဏသည် ဖွံ့ဖြိုးလာပြီး များလာပါသည်။ Solanine ဒြပ်ပေါင်းပမာဏသည် အာလူးအခွံတွင်အမြင့်ဆုံးရှိနေသောကြောင့် အစိမ်းရောင်အခွံဖယ်လိုက်ခြင်းဖြင့်တော့ ပမာဏ၏ (၃၀)ရာခိုင်နှုန်းကို ဖယ်ရှားနိုင်ပါသည်။ သို့သော် ၎င်းဥတွင်(၇၀) ရာခိုင်နှုန်းကျန်ရှိနေသောကြောင့် အန္တရာယ်ပေးနိုင်သော ပမာဏကျန်ရှိနေသေးသည်ဟု ဆိုနိုင်ပါသည်။
ချက်ပြုတ်ခြင်း၊ မီးဖုတ်ခြင်း၊ ကြော်ခြင်းတို့ကလည်း အာလူးထဲရှိ Solanine ဒြပ်ပေါင်းပမာဏကို သိသိသာသာ မလျှော့ချပေးနိုင်ပေ။ ထို့ကြောင့် အာလူးဥထဲရှိ Solanine ပမာဏကို လျော့ကျသွားအောင်၊ လုံခြုံစိတ်ချစွာစားသုံးနိုင်အောင် လုပ်နိုင်သောနည်းလမ်း မရှိပေ။
အာလူးဥ၌ အစိမ်းရောင်အစက်သေးသေးသာ ရှိနေလျှင် Solanine ပမာဏသည် ၎င်းအစက်အနားပတ်ပတ်လည်တွင်သာ ရှိနေသောကြောင့် ဖယ်ထုတ်နိုင်ပါသည်။ သို့သော် အာလူးဥသည် အလွန်စိမ်း၍ မြည်းကြည့်လျှင်ခါးနေသည်ဆိုပါက မစားဘဲ လွှင့်ပစ်ခြင်းသည်သာလျှင် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်။
ရိတ်သိမ်းပြီးနောက်ပိုင်း အလင်းရောင်၊ အပူချိန်နိမ့်ခြင်း၊ မြင့်ခြင်းတို့ကလည်း အာလူးဥကို Solanine ပမာဏတိုးလာအောင် လှုံ့ဆော်ပေးပါသည်။ ထို့ကြောင့် ဆိုင်မှဝယ်ယူချိန်တွင် ဒဏ်ရာရှိသလား၊ စိမ်းနေပြီလား ဆိုတာကို ဂရုတစိုက်စစ်ဆေးပြီး ဝယ်ဖို့လိုပါသည်။ ဝယ်လာပြီးပြီဆိုလှျင်လည်း အိမ်တွင် ဂရုတစိုက်သိမ်းဆည်းထားဖို့လည်း လိုအပ်ပါသည်။
ရေခဲသေတ္တာထဲတွင် သိမ်းခြင်းသည် အာလူးဥများအတွက် အေးလွန်းသောကြောင့် Solanine ပမာဏပိုတိုးလာစေသည်ဟု တချို့စမ်းသပ်ချက်များက ဖော်ပြထားပါသည်။ ထိုကဲ့သို့ပင် အာလူးဥများကို မီးဖိုဆောင်တွင် ကြာရှည်သိမ်းခြင်းသည်လည်း မကောင်းပေ။ ပုံမှန်ထက် အပူချိန်မြင့်သောကြောင့်ဖြစ်သည်။ ဒါ့အပြင် ဥများကို ရေမထိအောင် ဂရုတစိုက်သိမ်းဖို့လည်း လိုပါသည်။ ထို့ကြောင့် သာမန်အခန်းပူချိန်- အေးသော၊ ခြောက်သေွ့သော၊ မှောင်သောနေရာ (သို့) အလင်းပိတ်အိတ်များဖြင့် ထည့်၍ သိမ်းဆည်းထားသင့်ပါသည်။ ဖယောင်းသုတ်၍ သိမ်းခြင်းသည် စိမ်းခြင်းကို ဟန့်တားပေးနိုင်မည်မဟုတ်ပါ။
ဒါကြောင့် အာလူးဥများ စိမ်းနေပြီဆိုလှျင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်များရှိနေပြီဖြစ်တာကြောင့် စားသုံးရန် မသင့်ပါဘူးလို့ အကြံပြုချင်ပါသည်။
https://www.healthline.com/nutrition/green-potatoes
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Aye Aye
အားလုံး
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....