အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုသည်မှာ..

ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုသည်မှာ..

Okkar
Okkar • 28/05/2023

မင်္ဂလာပါ

ဒီနေ့ စာဖတ်သူအားလုံးကို မိတ်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ ကိုယ်ရေးကိုယ်တာအချက်အလက်(Personal data) အကြောင်းပဲဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှတိုးတက် ပြောင်းလဲနေတဲ့ ကမ္ဘာပေါ်မှာ ဖန်တီးမှုအသစ်အသစ်တွေလည်း အမြဲဖြစ်ပါ်နေပါတယ်။ ဖန်တီးမှုအများစုဟာ ရှိပြီးသားပစ္စည်းတွေ၊ အကြောင်းအရာတွေနဲ့ အချက်အလက်တွေကို ပေါင်းစည်းကာ ပိုမိုကောင်းမွန်သော အသစ်အသစ်တွေကို ဖန်တီးကြခြင်းဖြစ်ပါတယ်။ အချက်အလက်(Data)  ဆိုတာ ကျွန်တော်တို့ လူအဖွဲ့အစည်းအတွင်းမှာ အလွန်ကိုအရေးပါသောအရာတခုဖြစ်ပါတယ်။

အချက်အလက်(Data) ဆိုတာကို အလွယ်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုရလျှင် တစ်ဦးချင်းအချက်အလက် (သို့မဟုတ်) စုစည်းထားသော အချက်အလက်များဟု သတ်မှတ်ပါတယ်။ ဥပမာပေးရသော် လူတစ်ဦးချင်းစီ၏ မွေးနေ့၊ အသက်၊ နာမည်၊လိပ်စာ၊ နေ့စဉ်အပူချိန်များ၊ ဈေးနှုန်းများ၊ တစ်နေရာမှ တစ်နေရာသို့ အကွာအဝေးများ၊ အကြောင်းအရာလေ့လာချက်များ၊ ရုပ်ပုံများ စသည်ဖြင့် အမျိုးအစား စုံလင်စွာသည် အချက်အလက်များဖြစ်ပါတယ်။

အထက်တွင်ပြောပြခဲ့သည်အတိုင်း အချက်အလက်(Data) တွင်ပါဝင်သော ကိန်းဂဏန်းများ၊ အကြောင်းအရာများသည် ရိုးရှင်နိုင်ပါတယ်။ ရိုးရှင်သည့်အချက်အလက်တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွင် အမြဲအသုံးပြုနေကြပါတယ်။ ကျွန်တော်တို့ဘဝ မွေးဖွားသည့်အချိန်တွင် ကျွန်တော်တို့၏ မွေးဖွားသောနေ့ကိုမှတ်ထားကြပါတယ်။ ကျွန်တော်တို့က နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့နေထိုင်ခဲ့သော အသက်များကို မှတ်ထားကြပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့တွေက အချက်အလက်တွေနဲ့အတူ နေ့စဉ်ရှင်သန်နေထိုင်နေကြခြင်းဖြစ်ပါတယ်။

ထိုရိုးရှင်းသော အချက်အလက်တွေက တစ်ခုချင်းအနေဖြင့် အဓိပ္ပာယ်ကြီးကြီးမားမားဖော်ဆောင်မပေးသော်လည်း အချက်အလက်များစွာကို စုစည်းလိုက်သာအခါ လွန်စွာအသုံးဝင်သော အချက်အလက်များဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့ဘဝတစ်လျှောက်လုံးကို ဖော်ပြနိုင်သည်မှစ၍ စီးပွားရေး လုပ်ငန်းတခုလုံး၏ အရှံးအနိုင်၊ အကျိုးအမြတ်တွေအထိ ဖော်ပြနိုင်ပါတယ်။ အချက်အလက်တွေက ကျွန်တော်တို့ လူအဖွဲ့အစည်းရဲ့ သမိုင်းများပင်ဖြစ်ပါတယ်။

အချက်အလက်များမျိုးစုံတွင် ကျွန်တော်အဓိကပြောပြသွားမည်က ကိုယ်ရေးကိုယ်တာအချက်အလက် 

(Personal Data) အကြောင်းဖြစ်ပါတယ်။

ကိုယ်ရေးကိုယ်တာအချက်အလက်များတွင်  ဥပမာ -

အမည် - လူတစ်ဦးကို မိမိကိုယ်တိုင်သတ်မှတ်သောအမည်၊ သူငယ်ချင်းများကခေါ်သောနာမည်၊ မိဘမှ သတ်မှတ်ပေးသောနာမည် စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ ဤကဲ့သို့ မျိုးစုံကွဲပြားနေသော်လည်း နာမည်တစ်ခုသည် လူတစ်ဦးကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း အခြားသောသူများနှင့်ကွဲပြားစွာ သိရှိစေနိုင်သော အရေးပါသောအချက်အလက်ဖြစ်ပါတယ်။

ဆက်သွယ်ရန်အချက်အလက် - ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အီးမေးလ်လိပ်စာ ဒါမှမဟုတ် လူမှုမီဒီယာနာမည်စသည်တို့သည် လူတဦးကိုဆက်သွယ်ရန်အရေးပါသောအချက်အလက်များပဲ ဖြစ်ပါတယ်။

ငွေကြေးဆိုင်ရာအချက်အလက်များ - ဘဏ်အကောင့်အသေးစိတ်၊ ဘဏ်ကဒ်နံပါတ်များ၊  မိမိ၏ဝင်ငွေထွက်ငွေ၊ အခွန်ပေးဆောင်မှုမှတ်တမ်းများစသည်တို့ ပါဝင်ပါတယ်။

ဥပမာတွင် ပါဝင်သော ကိုယ်ရေးကိုယ်တာအချက်အလက်တွေက လူတစ်ဦးချင်းစီအတွက် လွန်စွာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့၏နာမည်ကို လူသိခံလို့ရပါသည်။ သို့သော် ကျွန်တော်တို့၏ ဘဏ်အကောင့်နှင့်လျှို့ဝှက်နံပါတ်ကို တခြားသူများ အသိခံလို့မရပါ။

ထိုကဲ့သို့ ကျွန်တော်တို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များစွာတွင် တစ်ခြားသူများ အသိခံလို့မရသော အချက်အလက်များစွာရှိပါတယ်။

ကိုယ်ရေးကိုယ်တာအချက်အလက်များပေါက်ကြားမှုက ကျွန်တော်တို့ တစ်ဦးချင်းစီအတွက်ဆိုကျိုးများစွာရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော့လက်ကိုင်ဖုန်း လမ်းတွင်ကျပျောက်ခဲ့မည်ဆိုပါစို့။ မသမာသူ တစ်ဦးမှ ထိုဖုန်းကိုရရှိသွားပါက ဖုန်းထဲတွင်ရှိသောဖုန်းနံပါတ်များကို အသုံးပြု၍ ငွေကြေးလိမ်လည်ခြင်း (သို့) တခြားသောမသမာမှုများပြုလုပ်နိုင်ပါတယ်။

ဘဏ်ကဒ်ပျောက်သွားပါက ငွေကြေးဆိုင်ရာပြဿနာများဖြစ်နိုင်ပါတယ်။ ၎င်းတို့က ကျွန်တော်တို့၏ပစ္စည်းများမှ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားခြင်းဖြစ်ပါတယ်။ တချို့သောအချက်အလက်တွေက ကျွန်တော်တို့ကိုယ်တိုင် မသိလိုက်ခင်တစ်ပါးသူများကို ပေးလိုက်မိခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းရန်အလွန်အရေးကြီးပါတယ်။

ဒါကြောင့် ကိုယ်ရေးကိုယ်တာအချက်များနေစဉ် ဘယ်လိုခိုးယူခံနေရသလဲဆိုတာနှင့် ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို နောက်အပတ်မှာ ဆက်လက်ဖတ်ရှုပေးကြပါဦးဗျ။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၁ လ က

ကိုယ်ရေးကိုယ်တာ အချက်အလက်များ

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။