အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အွန်လိုင်းမှ လိမ်လည်မှုများကို အကောင်းဆုံးကာကွယ်နည်းများ

အွန်လိုင်းမှ လိမ်လည်မှုများကို အကောင်းဆုံးကာကွယ်နည်းများ

Okkar
Okkar • 28/07/2023

အွန်လိုင်းကိုအသုံးပြုပြီး လူမှုမီဒီယာ(Social Media)မှ လိမ်လည်မှုများကို ရှေ့အပတ်များတွင်ဖော်ပြခဲ့ပြီ ဖြစ်ပါသည်။ 

မဖတ်ရသေးပါက လိမ်ပုံလိမ်နည်းများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

အွန်လိုင်းချေးငွေလုပ်ငန်းများ၏ နည်းမျိုးစုံ လိမ်လည်မှုများ >>> https://greenwaymyanmar.com/posts/Online_frauds_and_Threatens

အွန်လိုင်းပေါ်မှ နည်းမျိုးစုံလိမ်လည်မှုများ (၂) >>> https://greenwaymyanmar.com/posts/online_frauds_and_threatness_two

ယခုအပတ်တွင်တော့ လိမ်လည်နည်းများကို ကာကွယ်နိုင်သည့်နည်းလမ်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။ အလိမ်မခံရလိုပါက အောက်ပါအချက်များကို လိုက်နာကျင့်သုံးကြရန် လိုအပ်မည်ဖြစ်ပါသည်။

၁။ မည်သည့် လူမှုမီဒီယာတွင်မဆို လုံခြုံသောလျှို့ဝှက်နံပါတ်ကိုထားရှိပါ။ လုံခြုံသောလျှို့ဝှက် နံပါတ် သည် သာမန်ခန့်မှန်းလွယ်သော လျှို့ဝှက်နံပါတ်များထက် ခိုးယူရန်ခက်ခဲပါသည်။ လုံခြုံသောလျှို့ဝှက်နံပါတ်ထားသည့်ပုံစံကို အောက်ဖော်ပြပါ Link တွင်လေ့လာနိုင်သည်။

https://greenwaymyanmar.com/posts/facebook_security

၂။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာထားရှိပါ။ မိမိ၏တစ်ဦးတည်းသာသိရန်လိုသော အချက်အလက်များကို မည်သူကိုမှ မျှဝေခြင်းမပြုပါနှင့်။ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကာကွယ်ရန်နည်းလမ်းကို အောက်ဖော်ပြပါ Link တွင်လေ့လာနိုင်သည်။

https://greenwaymyanmar.com/posts/personal_data_stealing_and_protecting

၃။ လူမှုမီဒီယာတွင် မိမိနှင့်သိကျွမ်းခြင်း မရှိသော အကောင့်(account) များကို သူငယ်ချင်းအဖြစ် လက်ခံခြင်း မပြုလုပ်ပါနှင့်။ အထူးသဖြင့် သံသယဖြစ်ဖွယ် (သို့) မိမိမရင်းနှီးပုံပေါ်ပါက သူငယ်ချင်းအဖြစ်လာရောက်အပ်နှံသူအား မေးမြန်းပြီးမှ လက်ခံသင့်မသင့်ဆုံးဖြတ်ပါ။ 

၄။ လူမှုမီဒီယာများတွင်ရှိသော လုံခြုံရေး setting များကိုအသုံးပြုပါ။ လူမှုမီဒီယာများအားလုံးတွင် အသုံးပြုသူများ၏ အကောင့်များအား လုံခြုံစွာအသုံးပြုနိုင်ရန် ပြုလုပ်ထားသော လုံခြုံရေး setting များပါရှိပါသည်။ ထို လုံံခြုံရေး setting များကို အသုံးပြုခြင်းဖြင့် မိမိတို့၏ လူမှုမီဒီယာအကောင့်များကို တပါးသူများက ခိုးယူခြင်းကို ကာကွယ်နိုင်သည်။

၅။ လူမှုမီဒီယာများတွင် မသင်္ကာဖွယ်ရာ လုပ်ဆောင်မှုများ၊ လိမ်လည်မှုများကို တွေ့ရှိပါက တိုင်ကြားနိုင် သည့် report system များ ပါရှိပါသည်။ ထို report system ဖြင့် လူမှုမီဒီယာများသည် အကောင့် အတု များ၊ လိမ်လည်ရန်ကြိုးစားသည့် ပိုစ့်များကို ဖယ်ရှားပေးပါသည်။ ထို့ကြောင့် report ပြုလုပ်ခြင်းသည် မိမိအပါအဝင် တခြားသောသူများကိုပါ ကူညီရာရောက်သောကြောင့် လူမှုမီဒီယာများတွင် ပါရှိသော report  system ကို အသုံးပြုပါ။

၆။ အွန်လိုင်းကိုအသုံးပြု၍ လူမှုမီဒီယာများမှလိမ်လည်ရန်ပြုလုပ်သည့်နည်းလမ်းများစွာ ထွက်ပေါ်ပါသည်။ ယုံကြည်စိတ်ချရသော သတင်းများမှအမြဲဖော်ပြနေသည့် လိမ်လည်မှုဖြစ်စဉ်များကို ရှာဖွေဖတ်ရှုခြင်းဖြင့် ထိုလိမ်လည်သည့်နည်းလမ်းများ၊ ဖြစ်စဉ်များကို သိရှိနိုင်ပါသည်။ ထို့ကြောင့် သတင်းများကို ဖတ်ရှုခြင်းဖြင့် မိမိကိုယ်တိုင်လိမ်လည်ခံရခြင်းမှ ကာကွယ်နိုင်ပါသည်။

၇။ လူမှုမီဒီယာများတွင် မိမိမသိသောအကောင့်များမှပေးပို့လားသော Link များ ကိုဝင်ရောက်ကြည့်ရှုခြင်းမပြုရန် နှင့် မိမိမသိသော၊ ရင်းနှီးခြင်းမရှိသော ဖုန်းsoftware များကို မိမိဖုန်းအတွင်းထည့်သွင်းခြင်းမပြုရန် အလွန်အရေးကြီးပါသည်။ ၎င်းတို့သည် မိမိဖုန်းအတွင်းရှိ အချက်အလက်များကို ရယူနိုင်သောကြောင့် အထူးသတိထားရန်လိုအပ်ပါသည်။

၈။ လူမှုမီဒီယာများတွင် ငွေကြိုတင်ပေးရသောဈေးဆိုင်များ၊ ဝန်ဆောင်မှုများသည် အများအားဖြင့် ငွေကြေးလိမ်လည်ကြသူများ ဖြစ်ပါသည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ ဈေးဝယ်မည် (သို့) ဝန်ဆောင်မှု များကို အသုံးပြုမည်ဆိုပါက သေချာစွာစစ်ဆေးပြီးမှ ဝယ်ယူရန်၊ ဝန်ဆောင်မှုကို အသုံးပြုရန် လိုအပ်ပါသည်။

၉။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တောင်းဆိုသည့် မည်သည့် အွန်လိုင်း website များ၊ software များကိုမျှ အသုံးမပြုပါနှင့်။ အသုံးပြုရန်လိုအပ်ပါက မိမိ၏အချက်အလက်များကို မည်သို့ လုံခြုံစွာထားရှိပေးမည် (သို့) ပြန်လည်အသုံးချမည်ကို ရှင်းလင်းစွာမေးမြန်းရန်လိုအပ်ပါသည်။ အဖွဲ့အစည်းများနှင့် နာမည်ကြီး လူမှုမီဒီယာများတွင် ၎င်းတို့၏ terms & conditons များ ရှိပါသည်။ ထို terms & conditions များကို ဖတ်ရှုရန် လိုအပ်ပါသည်။

၁၀။ မိမိပိုင်ဆိုင်သော ဖုန်းနှင့် laptop စသော အွန်လိုင်းနှင့်ချိတ်ဆက်အသုံးပြုနိုင်သည့် ပစ္စည်းများကို လုံခြုံစွာထားရှိရန် လိုအပ်သည်။ လုံခြုံအောင်ထားရန်ဆိုရာတွင် ၎င်းတို့အတွင်းရှိသော software များကို လုံခြုံရေးထားရှိခြင်းနှင့် ပစ္စည်းများ ပျောက်ဆုံးခြင်း၊ ခိုးယူမခံရခြင်းတို့ ပါဝင်သည်။

၁၁။ မိမိသိရှိနားလည်ထားသော လူမှုမီဒီယာများမှ လိမ်လည်မှုများအကြောင်းကို မိမိသူငယ်ချင်းများ၊ မိ သားစုများနှင့်မိမိအသိုင်းအဝန်းများကို မျှဝေခြင်း၊ အသိပညာပေးခြင်းပြုလုပ်ရပါမည်။ မိမိအပါအဝင် မိမိအသိုင်းအဝန်းများကို အမြဲသတိရှိရန် အသိပေးပါ။

၁၂။ အွန်လိုင်းပေါ်မှ သိကျွမ်းသော မည်သူကိုမျှ အလွယ်တကူမယုံပါနှင့်။ လူမှုမီဒီယာများသည် အတုအယောင်ဖန်တီးရန် လွန်စွာလွယ်ကူပါသည်။ ထို့ကြောင့် မည်သူ့ကိုမှ အလွယ်တကူမယုံကြည် ခြင်းဖြင့် လိမ်လည်မှုများမှ ကင်းဝေးနိုင်ပါသည်။

အထက်ပါအချက်အလက်များကို လုပ်ဆောင်ခြင်းဖြင့် အွန်လိုင်းပေါ်မှလိမ်လည်မှုများကို ရှောင်ရှားနိုင်ပါသည်။

စာဖတ်သူများအားလုံး ဘေးကင်းလုံခြုံအေးချမ်းစွာဖြင့် အွန်လိုင်းကို အသုံးပြုနိုင်ကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။