ဆိုက်ဘာရာဇဝတ်မှု(Cyber Crime)နှင့် လူမှုမီဒီယာ (အပိုင်း − ၁)
မင်္ဂလာပါ
စာဖတ်သူတို့နေကောင်းကျန်းမာကြမယ်လို့မျှော်လင့်ပါတယ်။ ရှေးအပတ်တွေတုန်းက ဝေမျှခဲ့တဲ့ Facebook ကိုလုံခြုံစွာအသုံးပြုနည်း တွေကို ဖတ်ပြီးလိုက်လုပ်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီအပတ်မှာတော့ စာဖတ်သူတို့ကို ဝေမျှပေးမယ့် အကြောင်းအရာကတော့ ဆိုက်ဘာရာဇဝတ်မှု (Cyber Crime အကြောင်းနဲ့ လူမှုမီဒီယာပေါ်က ရာဇဝတ်မှုများ ဘဲဖြစ်ပါတယ်။ အောက်မှာ ဆက်ပြီးတော့ ဖတ်ကြည့်ကြပါဦးနော်။
အရင်ဆုံး ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) ဆိုတာကို အရင်ဆုံးရှင်းပြပါ့မယ်။ အင်တာနက်အပေါ်ခင် ကာလများမှာ ဆိုက်ဘာရာဇဝတ်မှုဆိုတဲ့ စကားလုံးက လူသိအလွန်နည်းပါတယ်။ ၁၉ ရာစုနှောင်းပိုင်း နဲ့ ၂၀ ရာစုမှာ အင်တာနက်အသုံးပြုမှု ကမ္ဘာပေါ်မှာ များပြားလားပြီး ရာဇဝတ်မှုကျူးလွန်သူများက အင်တာနက်ပေါ်ကို ရောက်ရှိလာချိန်ကစပြီး ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) ဆိုတာကို သတိပြုမိလာ ကြတာပါ။ ဆိုက်ဘာ (Cyber) ဆိုတဲ့စကားလုံးက ကွန်ပျူတာ၊ သတင်းအချက်အလက်ဆိုင်ရာနည်းပညာနှင့် အင်တာနက်ဆိုင်ရာ ဗန်းစကားဖြစ်ပါတယ်။ ရာဇဝတ်မှုဆိုတာကတော့ ဥပဒေနှင့်မလွတ်ကင်းသော လှုပ်ရှားမှုတွေကိုပြောတာပါ။ အဲ့တော့ ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) ဆိုတာ အင်တာနက်ကို တဆင့်ခံပြီး ကျူးလွန်ကြသော ရာဇဝတ်မှု အရိုးရှင်းဆုံး မှတ်ထားနိုင်ပါတယ်။ ဒါကြောင့် ဆိုက်ဘာရာဇဝတ်မှု(Cyber Crime) မှာ အင်တာနက်၊ ကွန်ပျူတာ နဲ့ အခုခေတ်ကာလများမှာတော့ မိုဘိုင်းဖုန်းများပါဝင်လာပါတယ်။

Cyber Crime and the Victimization of Women စာအုပ်ကိုရေးသားခဲ့တဲ့ Dr.Debarati Halder နဲ့ Dr. K. Jaishankar တို့ကတော့ ဆိုက်ဘာရာဇဝတ်မှုဆိုတာ လူတစ်ဦး (သို့) အဖွဲ့စည်းတခုခုမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခံရသူအား ဂုဏ်သိက္ခာပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကိုပါ ထိခိုက်စေရန် အင်တာနက်ကဲ့သို့ ခေတ်မီဆက်သွယ်ရေးကွန်ယက်များ ဥပမာ အင်တာနက်( Chat room များ၊ Email များ၊ Social media များ)နှင့် မိုဘိုင်းဖုန်းများကို အသုံးပြု၍ ပြုလုပ်ခြင်းဟု သတ်မှတ်သည်။
ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခြင်းပုံစံတွေကို အမျိုးအစားအများအပြားခွဲခြားနိုင်ပါတယ်။ အဓိအားဖြင့် လူတစ်ဦးချင်းကိုကျူးလွန်ခြင်း၊ အချက်အလက်များအပေါ်ကျူးလွန်ခြင်းနှင့် အစိုးရအပေါ် ကျူးလွန်ခြင်းတို့ဘဲဖြစ်ပါတယ်။
- တစ်ဦးချင်းအပေါ်ကျူးလွန်ခြင်း − တဦးချင်းအပေါ်ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခြင်းပုံစံမှာတော့ အွန်လိုင်းပေါ်မှနောက်ယောင်ခံလိုက်ခြင်း (Cyber Stalking)၊ ညစ်ညမ်းဓာတ်ပုံများနှင့်စာများဖြန့်ဝေခြင်း၊ အွန်လိုင်းကိုအသုံးပြု၍ လူကုန်ကူးရန် ကြိုးစားခြင်း ပုံစံတို့ပါဝင်ပါတယ်။ ဒီလိုပုံစံဆိုင်ဘာရာဇဝတ်မှု များဟာ ကမ္ဘာမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။
- အချက်အလက်များအပေါ်ကျူးလွန်ခြင်း − အိမ်တစ်အိမ်ကို ပစ္စည်းများ ဝင်ရောက်ခိုးယူသကဲ့သို့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူခြင်းဟာလဲ အန္တရာယ်အလွန်များသော ဆိုင်ဘာရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပါတယ်။ လူတစ်ဦးချင်းမှစ၍ အဖွဲ့အစည်းများအထိ အချက်အလက်များ ခိုးယူခံရခြင်းဟာ ယနေ့အချိန်မှာ အချက်အလက်ခိုးယူခံရခြင်းကို ကာကွယ်ဖို့ လုပ်ဆောင်နေကြရပါတယ်။
- အစိုးရအပေါ်ကျူးလွန်ခြင်း − အစိုးရကိုဆန့်ကျင်သော ဆိုင်ဘာရာဇဝတ်မှုများမှာ အစိုးရ၏လျို့ဝှက် အချက်အလက်များကိုခိုးယူကာ အများသို့ဖြန့်ဝေခြင်း၊ တခြားနေရာများသို့ရောင်းချခြင်းဖြင့် ကျူးလွန်ကြပါတယ်။
- နောက်အပတ်မှာ ဆိုက်ဘာရာဇဝတ်မှု(Cyber Crime)နှင့် လူမှုမီဒီယာ (အပိုင်း − ၂ ) ကို ဆက်လက်ဖတ်ရှုကြပါလို့။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Okkar
အားလုံး