ဒီဂျစ်တယ်စာတတ်မြောက် ခရီးစဉ် အပိုင်း(၁)
မင်္ဂလာပါ
အစိမ်းရောင်လမ်းရဲ့ ဒီဂျစ်တယ်စာတတ်မြောက်မှု(Digital Literacy) အပိုင်း (၁) မှကြိုဆိုလိုက်ပါသည်။
ယခုတစ်ပတ်အပိုင်း (၁) မှာတော့ ဒီဂျစ်တယ်စာတတ်မြောက်မှုခရီးစဉ်မှာပါဝင်မယ့် အကြောင်းအရာများကို မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။
၁။ အခြေခံကွန်ပြူတာကျွမ်းကျင်မှု
အခြေခံကွန်ပြူတာကျွမ်းကျင်မှုသည် ဒီဂျစ်တယ်စာတတ်မြောက်ခြင်းတွင်မရှိမဖြစ်လိုအပ်သော ပညာရပ်တခုဖြစ်ပါသည်။ Smart Phone များတွင် နည်းပညာများမည်မျှတိုးတတ်စေကာမူ ကွန်ပြူတာများသည် ဒီဂျစ်တယ်ကမ္ဘာတွင် မရှိမဖြစ်လိုအပ်သော အရာတခုဖြစ်သည်။ ကွန်ပြူတာကျွမ်းကျင်မှုသည် လုပ်ငန်းခွင်နှင့်တစ်ကိုယ်ရည်အတွက်ပါ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှု ဖြစ်ပါသည်။
၂။ အင်တာနက်ကို အသုံးပြုမှု
အင်တာနက်သည် ဒီဂျစ်တယ်စာတတ်မြောက်မှု၏ ကျယ်ပြောသောပင်လယ်ကြီးဖြစ်သည်။ ပင်လယ်ကြီးထဲမှ ကပ်လိုသောကမ်းကို သွားရောက်နိုင်ရန်အတွက် အင်တာနက်ကို ကျွမ်းကျင်စွာနားလည်ပြီးအသုံးပြုတတ်ရန် လိုအပ်ပါသည်။ အင်တာနက်ကို ကျွမ်းကျင်စွာအသုံးပြုတတ်ခြင်းဖြင့် အချက်အလက်များရှာဖွေခြင်းနှင့် သုံးစွဲခြင်း၊ ပညာရပ်များကိုလေ့လာခြင်းနှင့် ပြန်လည်အသုံးပြုခြင်း စသည်ဖြင့် များစွာသောအကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

၃။ ဒီဂျစ်တယ်ထုတ်ကုန်များအကြောင်း နားလည်မှု
ဒီဂျစ်တယ်ထုတ်ကုန်များဆိုသည်မှာ ဝက်ဆိုက်များ၊ ဂိမ်းများနှင့် ဆော့ဝဲလ်များ ကိုဆိုလိုသည်။ မိမိအသုံးပြုလိုသော ထုတ်ကုန်ကို မှန်ကန်စွာရှာဖွေတတ်ရန်နှင့် အသုံးပြုတတ်ရန်အတွက် ဒီဂျစ်တယ်ထုတ်ကုန်များ၏ အခြေခံသဘောတရားများနှင့် အလုပ်လုပ်ပုံများကို နားလည်ရန်လိုအပ်ပါသည်။
၄။ ဒီဂျစ်တယ် ဆက်သွယ်မှုများ
ဒီဂျစ်တယ်ဆက်သွယ်မှုများတွင် အီးမေးလ်(E-mail) မှအသုံးပြုခြင်းနှင့် ကျင့်ဝတ်များ၊ စာရေးသားပေးပို့ခြင်းနှင့် စာပြန်ခြင်း၊ ဆိုရှယ်မီဒီယာတွင် ဆက်သွယ်မှုကွန်ယက်များ ချဲ့ထွင်ခြင်း၊ တစ်ကိုယ်ရည်နှင့် အလုပ်ပိုင်းဆိုင်ရာခွဲခြားခြင်းများကို လေ့လာရမည်ဖြစ်သည်။
၅။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနှင့် အကဲဖြတ်ခြင်း
ဒီဂျစ်တယ်စာတတ်မြောက်မှုခရီးစဉ်တွင် အင်တာနက်ကို ကျယ်ပြန့်စွာအသုံးပြု၍လေ့လာရသောကြောင့် ဝေဖန်ပိုင်းခြားခြင်းနှင့် တွေးခေါ်ခြင်းတတ်ရန် အလွန်အရေးကြီးသည်။ အကြောင်းအရာများ၊ အချက်အလက်များနှင့် သတင်းများကို ကိုယ်တိုင်အကဲဖြတ်နိုင်ရန်နှင့် တွေးခေါ်နိုင်ရန် ပိုင်းခြားနည်းများကို နောက်ပိုင်းတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့်နောက်အပတ်များတွင် အစိမ်းရောင်လမ်းတွင် အမြဲဖော်ပြပေးသွားမည့် ဒီဂျစ်တယ်စာတတ်မြောက်မှုခရီးစဉ်များကို စောင့်မျှော်ဖတ်ရှုကြပါရန် တိုက်တွန်းလိုက်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပိုးသတ်ဆေးနဲ့အားဆေးအတူပတ်ရလားဆရာခဗျ
အောင်အောင် • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ 24d ပေါင်းသတ်ဆေးဂျုံခင်းမှာဖြန်းချင်လို့ပါဂျုံနှံလေးတွေထွက်နေပြီမို့ဖြန်းလို့အဆင်ပြေနိုင်မလားခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု
တီကောင်မွေးမြူရေးနည်းပညာနှင့် တီကောင်မျိုးရနိုင်မည့်နေရာ၊ ဈေးနှုန်းများသိချင်ပါတယ်။
Chan Nyein Moe • ဖြေကြားချက် 1 ခု
ဆရာပျိုးထောင်ပြီးပြန်စုက်တဲ့စပါးတွေကခုလိုဝါနေတယ်ဆရာဘယ်လိုပြန်လိုက်ရမလဲအကြုံပြုပါအုံး
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 2 ခု
ဘိုကာရှီနဲ့အာမို15ပတ်လည်နှပ်ထားတဲ့ထဲကိုထရိုင်ကိုဒါးမားပါရောထည့်လို့ရလားဗျ။သိချင်လို့ပါ
ko paing • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ
15/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
More from Okkar
အားလုံး