နှမ်း ရေပေးတာ များသွားလို့လား မသိဘူးဗျ အကြံညာဏ်လေး ပေးကြပါအုံး
ပုလဲပက်ပီး အပူးဆွဲတင်ပြစ်
နမ်းပင်က ရေများလို့ဖြစ်တက်သလို မြေအောက်ပိုးဆွဲရင်လဲဖြစ်တယ်ဗျ
ကျေးဇူးပါဗျ
အပွင့်မဝင်သေးရင်အပင်အားဆေးဖျန်းလို့ရပါတယ်။အပွင့်လိုက်လာပြီဆိုရင် ပုလဲ+လက်ချား သီးပွင့်အားဆေးဖျန်းပေးပါ။သီးကင်းဝင်လာချိန်ထိ အနည်းဆုံး၂ကြိမ်ခန့်ဖျန်းပေးပါ။ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း + လက်ချား(အမှုန့်) ၄ဇွန်း ရောပြီးပက်ဖျန်းပေးပါ။
သဲဆန်တဲ့မြေက ရေကို ညနေဖက်သွင်းတာ ကောင်းပါတယ်။အောက်မြေငွေ့ သဲပူရိုက်ရင် အပင်ညိုးပါတယ်။
ဟုတ် အားဆေးပတ်မလို့ အဆင်ပြေလောက်လားဗျ ဘယ်နေ့လောက်ဖြန်းရမလဲ ဆရာ
ဟုတ်ကဲ့ပါ။မြေအနေထားကြည့်ရတာသဲဆန်တဲ့မြေဖြစ်တာကြောင့်သွင်းရေကိုစုပ်ယူသွားခြင်းဖြစ်ပါတယ်။သဲဆန်တဲ့မြေကြောင့်နေအပူ...မြေအပူကြောင့်ဖြစ်တာပါ။၃..၄ရက်အတွင်းပြန်ကောင်းလာပါလိမ့်မယ်။
ရေတော့ မဝပ်ဘူးဗျ ရေကတော့ ရွဲနေအောင် သွင်းလိုက်တာ မနက်ခင်းသွင်းတာ ရေတခါတည်းစုပ်သွားတယ် မနေ့မနက်တုန်းက ပေးတာ ဒီနေ့မှ အပင်ညိုးနေလို့
မစိုးရိမ်ပါနဲ့။အပူရှပ်တဲ့သဘောပါ။ရေသွင်းတုန်းကဘယ်လောက်များသလဲ။ရေဝပ်တာဘယ်နှစ်ရက်ကြာသလဲ။နှမ်းကရေဝပ်တာမကြိုက်ဘူး။အစိုဓာတ်တော့လိုအပ်တယ်။အထူးသဖြင့်ပန်းပွင့်ချိန်နဲ့သီးကင်းဝင်ချိန်မှာရေအစိုဓာတ်လိုအပ်တယ်။ရေသွင်းရင်လည်းရေနည်းနည်းနဲ့မြန်မြန်သွင်းရတယ်။အစိုဓာတ်ကမိုးဖွဲဖွဲလေးရွာတဲ့အစိုဓာတ်လောက်ဆိုရင်ရပါပြီ။ဒီအချိန်အပူချိန်မြင့်မားတာကြောင့်အရွက်တွေညှိုးတတ်ပါတယ်။ညနေပိုင်းဆိုရင်ပြန်လန်းတတ်ပါတယ်။
ဆက်စပ်မေးခွန်းများ
နှမ်းများအသီးအားနည်းနေလို့ ပန်းပွင့်များ ကြွေပီး အသီးမတင်ဖြစ်နေလို့ပါ ဘာလုပ်သင့်လဲဗျ
ဖြေကြားချက် 2 ခု
ဆရာဦးအေးနိုင်ခမျယခုကျနော်တိုဒေသမှာအအေးဓာတ်ကမကုန်သေးဘူးနနက်တိုင်ဆိုမြူတွေဆိုင်းတယ်နေခင်ဆိုရင်ပူတယ်လေလဲတိုက်တယ်...
ဖြေကြားချက် 3 ခု
ဆရာသမားများဖြေကြားပေးပါအုံးဗျ အဖူးလေးတေကမပွင့်ပဲကြွေကျနေလို့ ဘယ်လိုလုပ်ရမလဲဗျ
ဖြေကြားချက် 4 ခု
ဆရာကြီးဦးအေးနိုင် ပုလဲ+လက်ချား ဖျန်းထားတာ7ရက်တပက်ရှိပါပီ ယခုရေမတင်တော့ပဲနဲ့ဖျန်းလို့ရပါသလား နောက်ပီသဘာဝတမာပိုး...
ဖြေကြားချက် 6 ခု
မိုးမရွာတော့နှမ်တွေကငုတိတုတ်ပွင့်နေတယ်ဗျဘာဆေးလေးသုံးရမလည်းဗျ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။