အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
8,101
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

ဆရာကြီးဦးအေးနိုင် ပုလဲ+လက်ချား ဖျန်းထားတာ7ရက်တပက်ရှိပါပီ ယခုရေမတင်တော့ပဲနဲ့ဖျန်းလို့ရပါသလား နောက်ပီသဘာဝတမာပိုး...

ဆရာကြီးဦးအေးနိုင် ပုလဲ+လက်ချား ဖျန်းထားတာ7ရက်တပက်ရှိပါပီ ယခုရေမတင်တော့ပဲနဲ့ဖျန်းလို့ရပါသလား နောက်ပီသဘာဝတမာပိုးဆေးနဲ့ဘယ်နှစ်ရက်ချားဖျန်းရသလဲဆိုတာဖြေကြားပေးပါအုံး

Post image
Post image
6

ဖြေကြားချက် ၆ ခု

8,101 လွန်ခဲ့သော ၆ နှစ် က

အထူကျေးဇူးတင်ပါတယ်ဦးအေးနိုင် ဆရာကြီးပေးသမျှအကြံညဏ်တွေကိုမျှော်လင့်နေလျက်ပါ

5,053 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ကိုမိုးထက်ရေ...အခုချိန်ဆိုရင်မိုးလေဝသသတင်းအရ မိုးရွာပြီထင်တယ်။ရေမသွင်းရတော့ဘူးပေါ.။မိုးရွာပြီးရင်ပုလဲ.လက်ချားတစ်ကြိမ်လောက်ဖျန်းပေးနိုင်ပါတယ်။တစ်ခုအကြံပေးပါရစေ။ပိုးသတ်ဆေးကိုအရင်ဖျန်းပြီးမှ၃..၅ရက်ကြာမှအားဆေးဖျန််ပေးပါ။အားဆေးကိုအရင်မဖျန်းပါနဲ့။ပိုးတွေအကြိုက်ဖြစ်သွားမယ်။နောက်တစ်ခုက တပင်တိုင်မျိုးစိုက်မယ်ဆိုရင် ၁၂လက္မခြား ဘောင်စနစ်နဲ့စိုက်သင့်ပါတယ်။ရေသွင်းလွယ်ကူပြီးရေကိုလိုသလောက်ဘဲ(ဘောင်နဲ့ထိပ်တိုက်)သွင်းနိုင်တာမို့ အပင်ဖြစ်ထွန်းမှုအတွက်များစွာအကျိုးရှိပါတယ်။အထွက်လည်းပိုပါတယ်။ကိုထွန်းလွင်ဦးမေးထားတဲ့တမာဆေးက ပိုးကာကွယ်/ပိုးနှင်ဆေးပါ။ကြိုတင်ပက်ဖျန်းထားရပါတယ်။၅ရက်/၇ရက်တစ်ကြိမ်ဖျန်းပေးရပါတယ်။လူအတွက်ဘေးဥပါဒ်မဖြစ်ပါဘူး။ပိုးကဒီဆေးနဲ့တွေ့ရင်မသေပါဘူး။ဒါပေမဲ့တမာဆေးနံ့ကြောင့်ပိုးကအစာစားချင်စိတ်မရှိတော့ဘူး။ဒီဆေးစားမိရင်မြုံသွားတယ်။အင်္ဂါမစုံတဲ့ပိုးကောင်လေးတွေမွေးတတ်တယ်။အန္တရာယ်ကင်းတဲ့သဘာဝပိုးကာကွယ်ဆေးပေါ့ဗျာ။စျေးကွက်မှာဝယ်ယူရရှိနေပါပြီ။နီးစပ်ရာစိုက်ပျိုးရေးရုံး/ဆေးပစ္စည်းဆိုင်တွေမှာစုံစမ်းကြည့်ပါ။တမာပင်ရှိရင်ကိုယ်တိုင်လုပ်နိုင်ပါတယ်။တမာ အရွက်/အကိုင်းတွေကိုဓားနဲ့ခုတ်ထစ်ပြီးရေတစ်ညစိမ် (ရေမြုပ်အောင်စိမ်ပါ)...မနက်ကျစစ်ရေကိုပက်ဖျန်းနိုင်ပါပြီရေမရောရပါ။

5,053 လွန်ခဲ့သော ၆ နှစ် က

ဆရာပြောတဲ့ တမာဆေးအကြောင်းလေး ပြောပြပါလားခင်ဗျာ သူများပို့စ်အောက် ဝင်မေးမိတဲ့အတွက် တောင်းပန်ပါတယ်

8,101 လွန်ခဲ့သော ၆ နှစ် က

အခုလိုဖြေကြားပေးတဲ့အတွက်အထူးကျေးတင်ပါဆရာကြီး ဒီရက်ထဲ့မှာမိုးရှိနေတာတာကြောင့်ရေမသွင်းဖြစ်တာပါ နောက်ပီကျနော်တို့ရေသွင်းစနစ်ကမရွာသလိုအပေါ်ကနေလိုက်ဖျန်းပေးတာ အတော့အပင်ကျိုးတာတို့အပွင့်ကေကြွတာတို့ဖြစ်တယ် အခုချိန်ကအပင်ကလဲလူတထိုင်စာလောက်မြုပ်နေပီဆိုတော့ပေးဖို့ရာလဲအခက်ခဲဖြစ်နေတယ် အတော့ရေမသွင်းပဲ လက်ချားဖျန်းလိုရနိုင်သလားဆိုတာ ဆရာကြီးကို အကြန်တောင်းချင်ဖြစ်ပါတယ်

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

စိတ်ဝင်စားစွာမေးမြန်းတဲ့အတွက်ကျေဇူးတင်ပါတယ်။အမှန်တော့ပုလဲ+လက်ချားက ပဲမျိုးစုံသီးနှံအတွက် သုတေသနပြု/စမ်းသပ်ပြီးမှ ရလဒ်ကောင်းတဲ့အတွက် စိုက်ပျိုးရေးသုတေသနဌာနမှ နည်းပညာဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။အဲဒါကို လွန်ခဲ့သော ၃နှစ်ခန့်က ခေတ်မီနည်းပညာတွေကိုစိတ်ဝင်​စားတဲ့တောင်သူတွေရဲ့နှမ်းခင်းမှာ ဒီနည်းပညာကို ကျွန်တော်စမ်းသပ်ဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နှမ်းပင်ဟာ ဆင့်ကဲပွင့်သီးတဲ့အပင်မျိုးဖြစ်တာမို့ နောက်ဆုံးကြားဝင်ချိန်မှာ ပုလဲ၂၈ပေါင်မဖြစ်မနေကျွေးပေးမှသာလျှင်.. ပွင့်သီးအားကောင်းပြီးအထွက်ကောင်းနိုင်တာပါ။ဒါပေမဲ့နောက်ဆုံးကြားပေါင်းလိုက်ချိန် (၁လသားအရွယ်)မှာ အပင်က​ကြီးထွားမှုကောင်းတာကြောင့် ထွန်မလွတ်တော့ဘူး။အဲဒီမှာပုလဲကလည်းကျွေးချင်တာကြောင့် ပုလဲ..လက်ချားနည်းပညာကိုအသုံးချခဲ့ပါတယ်။အဆင်ပြေအောင်မြင်ခဲ့ပါတယ်။အခုမေးထားတဲ့ ပုလဲလက်ချားဖျန်းပြီးတာ၇ရက်ရှိပြီမို့ ဖြစ်နိုင်ရင်ရေသွင်းပေးပါ။ဒီအချိန်မှာအပွင့်အသီးအတွက်ရေအလိုအပ်ဆုံးအချိန်ပါ။တမာဆေးကတော့ ၅ရက် ခြားတစ်ကြိမ်ဖျန်းနိုင်ပါတယ်။အောင်မြင်ပါစေ။(အပင်ကြပ်လွန်းတာကြောင့် သီးရှင်းကျဲပြီးအသီးအရေအတွက်နည်းနေပါတယ်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။