အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Aye Naing

U Aye Naing

အတည်ပြုပြီး Greenovator

စိုက်ပျိုးရေးပညာရှင် · ပဲခူး

180,398
လွန်ခဲ့သော ၇ လ က

နှမ်းနက်တွေထဲမှာ စမုံနက်ရဲ့အနက်ရောင်က အတောက်ပဆုံးပါ။အရှေ့အာရှနိုင်ငံများကနှမ်းနက်ကိုအသုံးပြုမှုများကြပါတယ်။ဈေးကွက်အခြအနေကောင်းပါတယ်။စမုံနက်အစား ဆင်းရတနာ(၁၄)နဲ့ဆင်းရတနာ(၃)လည်းစိုက်သင့်ပါတယ်။မိုးခေါင်ရေငတ်ဒဏ်ခံနိုင်ပါတယ်။

စမုန်နက်အကြောင်းလေး သိပါရစေဆရာ ဈေးကွက်ထဲမှာ သူ့‌ေစျးကိုမှီတဲ့ဟာမရှိတဲ့အတွက် တောင်သူများလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်လို့ရအောင်ပါဗျာ

လွန်ခဲ့သော ၇ လ က

စမုံနက်၏သက်တမ်းသည် ရက်(၁၀၀-၁၀၅)ရက်ခန့်ရှိပါသည်။(၁)သီးပါအစေ့က၊(၇၂)စေ့ခန့်ရှိပါသည်။အထွက်နှုန်းက (၁၀-၁၅)တင်းခန့်ရှိပါသည် ။အဖူးစဝင်ချိန်နဲ့ပန်းဖြိုင်ဖြိုင်ပွင့်ချိန်မှာ ယူရီယား(ပုလဲ)-(၂၈)ပေါင်စီထည့်ပေးပါကအထွက်ပိုမိုရရှိနိုင်ပါသည်။တန်းကြားထဲထည့်ဖို့ခက်နေရင် ( ပုလဲ+လက်ချား)ရွက်ဖျန်းအားဆေးကို ပွင့်ဖူးဝင်စအချိန်ရယ်၊ပန်းစပွင့်ချိန်ရယ်၊ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွေမှာပက်ဖျန်းပေးပါ။(ပြန်လည်ဖြေကြားခြင်းနှောင့်နှေးသွားတာကိုခွင်လွှတ်ပါ)

စမုန်နက်အကြောင်းလေး သိပါရစေဆရာ ဈေးကွက်ထဲမှာ သူ့‌ေစျးကိုမှီတဲ့ဟာမရှိတဲ့အတွက် တောင်သူများလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်လို့ရအောင်ပါဗျာ

လွန်ခဲ့သော ၈ လ က

ဥပမာ.လက်ချားကgypsumမဟုတ်ပါ။ကုလားပဲကsoybeanမဟုတ်ပါ။

ကုလားပဲခင်းကိုလက်ချားမှုန့်ဖျန်းရင်အဆင်ပြေလားဘယ်လိုဖျန်းသင့်လဲ

လွန်ခဲ့သော ၈ လ က

သားဘစ်ရေ...မြန်မာအမည်နဲ့englishအမည်များလွဲနေပါတယ်။နောက်ပြီးဆိုလိုချင်တာကို လိုတိုရှင်းရေးပြပါလား။(အထင်မလွဲစေချင်ပါ)

ကုလားပဲခင်းကိုလက်ချားမှုန့်ဖျန်းရင်အဆင်ပြေလားဘယ်လိုဖျန်းသင့်လဲ

လွန်ခဲ့သော ၈ လ က

ပုလဲ(၄)ဇွန်း+လက်ချားအမှုန့်(လှော်ပြီးသား)..(၁)ဇွန်း+ ရေ(၁)ဂါလံနှုန်းပက်ဖျန်းပေးပါ။ပန်းဖူးထွက်ချိန်၊ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့သီးကင်းဝင်စအချိန်တွေမှာ ပက်ဖျန်းပေးပါ။

ကုလားပဲခင်းကိုလက်ချားမှုန့်ဖျန်းရင်အဆင်ပြေလားဘယ်လိုဖျန်းသင့်လဲ

လွန်ခဲ့သော ၈ လ က

ကုန်ကျစရိတ်သက်သာပြီးအလွယ်တကူလုပ်နိုင်တာ‌ကြောင့် တချို့ကအထင်သေးကြပါတယ်။ကိုယ်တိုင်လုပ်ပြီးအသုံးပြုကြည့်ပါ။တကယ်အသုံးဝင်တာတွေ့ရှိပါလိမ့်မယ်။အပင်ငယ်စဉ်ပင်ပိုင်းကြီးထွားမှုကိုအားပေးပါတယ်။ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာအလွန်အသုံးဝင်ပါတယ်။ရုံးပတီ,ပဲတောက်ရှည် စိုက်ခင်းတွေမှာ (၅)ရက်တစ်ကြိမ်ပက်ဖျန်းပေးရင် အသီးထွက်အလွန်ကောင်းပါတယ်။

fish amino က တကယ်ထိရောက်ပါသလားဆရာကြီးဗျ

ငါးအမိုင်နိုအက်စစ်
လွန်ခဲ့သော ၈ လ က

မြေခံအနေနဲ့ထည့်နိုင်ပါတယ်။မြေပဲမှာဆိုရင် နောက်ဆုံးကြားထွန်ဝင်ချိန်မှာထည့်သင့်ပါတယ်။ကြားထွန်မဝင်ခင် မြေအစိုဓါတ်ရှိချိန်မှာအပင်ခြေနားမှာဖြူးချပေးပါ။ဂျစ်ဆမ်အမှုန့်က လေတိုက်ရင် လွင့်တတ်တာကြောင့် နွားချေးဆွေး/မြေဆွေး အမှုန့်များနဲ့ရောစပ်ပြီးဖြူးချသင့်ပါတယ်။မြေပဲအစေ့အဆံတည်မှုကိုအားပေးပါတယ်။

ဆရာတို့ခင်ဗျ ဂျစ်ဆမ်ကျောက် မှုန့်ထည့်ရင် ဘယ်လိုအသုံးပြုရပါသလဲ? ရေထယ်ရေး ရေပေါ်မှာ ပစ်ကျဲရင် ရသလား? အခြောက်ထယ်ရေးမှာ ပစ်ကျဲထည့်ရမာလား? အခြောက်ဖစ်ဖစ် ရေဖစ်ဖစ် ဂျစ်ဆမ်အရင် ထည့်ပီးမှ ထွန်ယှက်ရမာလား? ရေတိုက်စားမှုဒဏ် ခံနိုင်ပါသလား? သိချင်ပါတယ် တစ်ဧက ကို 25kg အိတ်ဘယ်‌‌လောက်နှုန်းထည့်ရမာလဲ? ဖြေ‌ေပေးကြပါခင်ဗျ

ဂျစ်ပဆန် (ကျောက်မှုန့်မြေသြဇာ)
လွန်ခဲ့သော ၁ နှစ် က

ပျိုးခင်းမြေပြုပြင်ရာမှာ ဘာမြေဩဇာမှမထည့်ပါနဲ့။စပါးအစေ့တွင်းစာက စပါးပင် ၁၄ ရက်စာခန့်စားသုံပြီးရှင်သန်နိုင်ပါတယ်။ပျိုးသက်၂ပါတ်ကျော်မှရွှေ့စိုက်မယ်ဆိုရင်တော့ ပုလဲကိုရွက်ဖျန်းအားဆေးအနေနဲ့ကျွေးပေးပါ။မြေဩဇာကိုပျိုးခင်းမှာထည့်ပေးရင် ပျိုးပင်ကအစာကို အလွယ်တကူရနေတာကြောင့် အမြစ်ပိုင်းဆိုင်ရာအားနည်းတတ်ပါတယ်။

စပါးပျိုးထောင်ရန်အတွက်မြေခံကိုဂျစ်ဆန်နဲ့ဘာမြေဩဇာတွဲသုံးသင့်သလဲခင်ဗျ

စပါးမြေပြင်ချိန်မြေသြဇာကျွေးနည်း
လွန်ခဲ့သော ၁ နှစ် က

ခရုတွေကိုက်ဖြတ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ညဖက် ဓါတ်မီးနဲ့လိုက်ရှာပြီးနှိမ်နင်းပေးပါ။အပင်နားတဝိုက် ထုံးမှုန့်ကြဲပေးပါ။

ဇီဇဝါပင်မှ အဖူးများ ဖူးသော်လည်း အပွင့်မပွင့်ဘဲကြွေကျခြင်းကိုမည်သို့ပြုပြင်ရပါမည်လဲ

ဇီဇဝါပင် အဖူးကြွေကျခြင်း
လွန်ခဲ့သော ၁ နှစ် က

ဘယ်အရာမဆို ကိုယ်မသုံးဖူးသေးရင် နေရာအနည်းငယ်မှာ စမ်းသပ်သုံးကြည့်ပါ။အဆင်ပြေပြီဆိုမှ စိုက်ခင်းတခုလုံးမှာသုံးပါ။

ဆားကြမ်းကိုလယ်ယာမှာဘယ်လိုသုံးနိုင်လည်း

စိုက်ပျိုးရေးတွင် ဆားအသုံးပြုခြင်း
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။