ဆရာသမားများဖြေကြားပေးပါအုံးဗျ အဖူးလေးတေကမပွင့်ပဲကြွေကျနေလို့ ဘယ်လိုလုပ်ရမလဲဗျ
နမ်းဟာ ဉတုရာသီကောင်းကိုလိုပါတယ်။အဲတာကြောင့် ဆောင်းသီးနှံအဖြစ်စာရင်းသွင်ကြတာပါ။နွေနှောင်းရာသီမှာ ရွာတဲ့မိုးကို ချိန်ရွယ်စိုက်ပျိုးကြတဲ့ နွေနှမ်းက ရာသီအလှည့်ပြောင်းမှန်ရင် အထွက်ကောင်းပါတယ်။
ရေပေးပြီပုလဲကြွေးထားတာတစ်ပတ်ပဲရှိသေးပါတယ်ဗျကျွန်တော်တို့ဘက်မှာအပူချိန်40`Cလောက်ရှိတယ်ဗျအပူချိန်များလို့လားဆရာ
ပုလဲ+လက်ချား ပွင့်သီးအားကောင်းဆေး ဖျန်းပေးပါ။(ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ဇွန်း +လက်ချား ၄ဇွန်းနှုန်း ဖျန်းပေးပါ)
အာဟာရချို့တဲ့ရင်,ရေအစိုဓာတ်လိုအပ်နေရင်,လေထုအပူချိန်မြင့်မားနေရင်,လေပြင်းတိုက်နေရင်....အပွင့်တွေကြွေတတ်ပါတယ်။နောက်အပွင့်တွေအသီးတင်အောင် ရေသွင်းပေးပါလား။ရေနည်းနည်းနဲ့မြန်မြန်လေးပေါ့။အပင်တွေကပွင့်ဦးကြွေတတ်တာမို့စိတ်မပျက်ပါနဲ့။ပန်းပွင့်ချိန်နဲ့သီးကင်းဝင်ချိန်တွေမှာ အစိုဓာတ်လိုအပ်တာမို့ ဒါကိုဆောင်ရွက်နိုင်မယ်ဆိုရင် ပွင့်သီးတွေကောင်းလာပါလိမ့်မယ်။
ဆက်စပ်မေးခွန်းများ
အသီးမတင်ပဲအပွင့်တွေကြွေနေလို့ဘာအပ်လို့လည်းပြေားပြပေးပါဆရာသမားတို့
ဖြေကြားချက် 6 ခု
နှမ်း၁လကျော်ရှိကါပီအပင်မဖြစ်လို့ဘာဆေးဖျန်းရမလဲရှင်တချိုပင်တွေကပန်းပွင့်နေပီ
ဖြေကြားချက် 13 ခု
နှမ်းကိုဟင်ချိုမုန့်ဖျန်းရင်ကောင်လားသိချင်လို့ပါ အားဆေးနဲ့ပိုးသက်ဆေးဖျန်းပြီးပါပြီဘာတွေလိုအပ်သေးလဲဗျာနှမ်းမ...
ဖြေကြားချက် 6 ခု
လုပ်ကြပါအုံးဆရာတို့အပွင့်တွေအရင်းကနေအကုန်ကြွေကြကုန်ပီဘာဖြစ်တာလဲအပွင့်ဆွဲခွာလိုက်ရင်အသီးလေးတွေပါသွားတယ်တခင်း...
ဖြေကြားချက် 3 ခု
နှမ်းမှာအရွက်အပင်ရဲ့စိမ်းရောင်တောက်ပမူ့ဘာမှပြောစရာမရှိပါဘူးအပွင့်တွေကကြွေလိုက်နေတယ်နောက်ပီအပွင်တွေမှာအမဲပြောက်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။