အရွက်တေဒီလိုဖစ်လာလို့ပါခင်ဗျာ
@ကိုချမ်း ဂန္ဓမာ ရွက်ပြောက်/ပင်နာကျ ရောဂါ (Bacterial Blight) သည် ကုသရန် ခက်ခဲသဖြင့် ကာကွယ်ခြင်းကို ဦးစားပေးရပါမယ်။ ရောဂါရအရွက်များနှင့် အပင်အစိတ်အပိုင်းများကို စိုက်ခင်းမှ ချက်ချင်းဖယ်ရှား မီးရှို့ဖျက်ဆီးပြီး၊ အသုံးပြုသည့် ကတ်ကြေးနှင့် ကိရိယာများကို ပိုးသတ်ဆေးဖြင့် သေချာဆေးကြောပါ။ ဘက်တီးရီးယားများ ရေစင်ရာမှတစ်ဆင့် မကူးစက်စေရန် အပင်အပေါ်မှ ရေလောင်းခြင်းကို ရှောင်ကြဉ်ပြီး အပင်ခြေရေ ပေးစနစ် သို့မဟုတ် အစက်ချစနစ်ဖြင့် မနက်စောစောတွင်သာ ရေသွင်းပါ။ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး ရောဂါကာကွယ်နှိမ်နင်းရန်အတွက် ကော့ပါး (Copper) ပါဝင်သော ဆေးဝါးများ သို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin) , Bismerthiazole, Oxolinic acid ကဲ့သို့သော စိုက်ပျိုးရေးသုံး ဘက်တီးရီးယားသတ်ဆေးများကို အညွှန်းစာအတိုင်း စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ဆေးတခါဖျန်းပြီး ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ယင်ဖြူတွေ ဂန္ဓမာပန်းခင်းမှာ ကုန်ကျစရိတ်တွေများလွန်းလို့ အကြံညဏ် ပေးကြပါအုံး ဆေးတစ်ခါဖျန်း ၃ ရက်လောက်ပဲ ခံသလို...
ဖြေကြားချက် 2 ခု
အရင်ကအပင်ကကောင်းတယ်အစားကြွေးပီးမီးလောင်သလိုဖစ်ဘာတေပက်ရမှန်းမသိလိုပြောပေးပါအုန်း
ဖြေကြားချက် 3 ခု
ဂန္ဓာပန်းခင်းကျောက်ရောဂါစတွေ့လာလို့ဆိုင်ကဒီဆေးနှစ်မျိုးရောဖျန်းခိုင်းလို့အဆင်နိုမလားခင်ဗျ
ဖြေကြားချက် 4 ခု
အခုလိုအယ်နီညိုရာသီမာဂန်နမာအပင်အစာကြွေးရင်ဂျစ်စန်ထဲကြွေးရင်ကောင်းမလားပြောပေးပါနော်သူကရေများရင်နွေးပီအပူပျားအေး...
ဖြေကြားချက် 1 ခု
အပင်ငယ်စဉ်မြေစီဘာကြွေးသင့်လဲဆရာ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။