ဖြေကြားချက် ၂ ခု
@U Aung ဂန္ဓမာခင်းများတွင် ယင်ဖြူ (Whitefly) များ ဆေးယဉ်ပါးပြီး ၃ ရက်အတွင်း ပြန်ကျရခြင်းမှာ လက်ရှိသုံးစွဲနေသော ဒိုင်နိုတီဖျူရန်နှင့် ဖလူနီကာမစ်တို့သည် ပိုးကောင်ကြီးကိုသာ သေစေပြီး ဥနှင့်လောက်ကောင်များကို မဖျက်ဆီးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဤပြဿနာကို ကျော်လွှားရန် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ယင်ဖြူများကို အဆင့်ဆင့် အမြစ်ပြတ်နှိမ်နင်းရန် ပေးထားသော ဆေးဝါးများကို အတွဲ (၃) တွခွဲခြားသုံးစွဲ လေ့ရှိတယ်။ ပထမအပတ်တွင် ပိုးကောင်ကြီးသတ်ဆေး ဒိုင်နိုတီဖျူရန် (Dinotefuran) ကို ဥသေဆေး ပိုင်ရီပ ရောက်ဆီဖန် (Pyriproxyfen) နှင့် တွဲဖက်၍ စတင်ပက်ဖျန်းသုံးစွဲလေ့ရှိတယ်။ ဤအတွဲသည် အကောင်ကြီးကို သေစေပြီး ဥများကို ကန်းစေသဖြင့် ပိုးဦးရေကို ချက်ချင်းကျဆင်းစေတယ်။ ဒုတိယအပတ် (သို့မဟုတ်) ၅ ရက်ခန့်အကြာတွင် ဆေးယဉ်ပါးမှု မဖြစ်စေရန် အုပ်စုပြောင်း၍ ဖလူနီကာမစ် (Flonicamid) ကို စုပ်စားပိုးနှင့် ဖြုတ်ပိုးပါနိုင်နင်းသော ပိုင်ရီဒါဘင် (Pyridaben) နှင့် တွဲဖက်ဖျန်းပေးသုံးစွဲလေ့ရှိတယ်။ တတိယအပတ်တွင် ကျန်ရှိနေသေးသော ယင်ဖြူများနှင့် အခြားကိုက်စားပိုး/လောက်ကောင်များကို အပြတ်ရှင်းရန် အက်ဆီတာမီပရစ် (Acetamiprid) နှင့် အာနိသင်ပြင်းထန်သော ကလိုဖန်နာပိုင် (Chlorfenapyr) တို့ကို တွဲစပ်ဖျန်းပေးသုံးစွဲလေ့ရှိတယ်။ ဤသို့ အတွဲလိုက် အလှည့်ကျစနစ်ဖြင့် ဖျန်းခြင်းသည် ဆေးဖျန်းရသည့် အကြိမ်ရေကို လျှော့ချပေးပြီး အထိရောက်ဆုံး ဖြစ်စေပါလိမ့်မယ်။ ဓာတုဆေးအပြင် အဝါရောင် ကော်စေးထောင်ချောက်များ သုံးခြင်း၊ အရွက်အောက်မျက်နှာပြင်ကို မိအောင်ဖျန်းခြင်းနှင့်ဆေး စွဲကပ် ပျံ့နှံ့ ဆေးထည့်သုံးခြင်းတို့ကိုပါ ပေါင်းစပ်လုပ်ဆောင်မှသာ ကုန်ကျစရိတ် သက်သာပြီး ယင်ဖြူကို အမြစ်ပြတ် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အရင်ကအပင်ကကောင်းတယ်အစားကြွေးပီးမီးလောင်သလိုဖစ်ဘာတေပက်ရမှန်းမသိလိုပြောပေးပါအုန်း
ဖြေကြားချက် 3 ခု
ဂန္ဓာပန်းခင်းကျောက်ရောဂါစတွေ့လာလို့ဆိုင်ကဒီဆေးနှစ်မျိုးရောဖျန်းခိုင်းလို့အဆင်နိုမလားခင်ဗျ
ဖြေကြားချက် 4 ခု
မန်ကိုဇက်ရယ်အဇိုဇီကိုနာဇောရယ်ကာတတ်ရယ်စေးကပ်ရေရောဖျန်းကောင်းလား
ဖြေကြားချက် 3 ခု
အရွက်တေဒီလိုဖစ်လာလို့ပါခင်ဗျာ
ဖြေကြားချက် 3 ခု
အခုလိုအယ်နီညိုရာသီမာဂန်နမာအပင်အစာကြွေးရင်ဂျစ်စန်ထဲကြွေးရင်ကောင်းမလားပြောပေးပါနော်သူကရေများရင်နွေးပီအပူပျားအေး...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ