အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုချမ်း
လွန်ခဲ့သော ၅ နာရီ က · ပြင်ဦးလွင်

ဂန္ဓာပန်းခင်းကျောက်ရောဂါစတွေ့လာလို့ဆိုင်ကဒီဆေးနှစ်မျိုးရောဖျန်းခိုင်းလို့အဆင်နိုမလားခင်ဗျ

ပိုးမွှားရောဂါ ဂန္ဓမာ
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 380,076 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဂန္ဓမာပန်း သံချေးရောဂါ (Chrysanthemum rust) အတွက် ပုံပါ ရွှေဇိုဘင် (Azoxystrobin 25% SC) နှင့် မက်ဂါ ပိုစီ (Epoxiconazole 5% + Kresoxim-methyl 25% SC) ဆေးနှစ်မျိုးလုံးသည် ပင်လုံးပြန့်အာနိသင်ရှိ အစွမ်းထက်မှိုသတ်ဆေးများဖြစ်ကြသဖြင့် ပေါင်းစပ်ဖျန်းပေးရန် အလွန်သင့်တော်ပါတယ်။ ဤဆေးနှစ်မျိုးကို ရောစပ်ပြီး အရွက်အောက်မျက်နှာပြင်များအထိ နှံ့စပ်အောင် ၇ ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် ဖျန်းပေးရပါမယ်။ ဆေးမဖျန်းမီ ရောဂါရင့်နေသော အရွက်များကို စိုက်ခင်းအဝေးဖယ်ရှားဖျက်ဆီးပစ်ရန်လိုအပ်ပါတယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,777 လွန်ခဲ့သော ၃ နာရီ က

အကယ်၍၊ကျောက်ဖြူရောဂါ ကုသရာမှာ၊အခြားဆေးတွေ မနုိင်တဲ့အခြေအနေဆိုရင် Trifloxystobin+ tebuconazole အတွဲ မှိုဆေးဖျန်းပါ။

ကိုချမ်း
ကိုချမ်း 4,178 လွန်ခဲ့သော ၄ နာရီ က

အခုလိုပြန်လည်ဖြေကြားပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။