ဖြေကြားချက် ၁ ခု
@pupu ဂန္ဓမာပန်းပင်ငယ်စဉ် (ရွှေ့ပြောင်းစိုက်ပြီးစ အဆင့်) တွင် အမြစ်စနစ် သန်စွမ်းစေရန်နှင့် ပင်ပိုင်းဆိုင်ရာ လျင်မြန်စွာ ကြီးထွားလာစေရန်အတွက် နိုက်ထရိုဂျင် (N) နှင့် ဖော့စ်ဖရပ် (P) ဓာတ်တို့ကို အဓိက ဦးစားပေး ကျွေးရပါမယ်။ စိုက်ပျိုးခင်း မြေပြင်စဉ်ကတည်းက သဘာဝမြေဆွေး၊ ဆွေးမြေ့နေသော နွားချေး တို့ကို မြေခံမြေဩဇာအဖြစ် ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ စိုက်ပြီး ၁၄ ရက်ခန့်အကြာ အပင်အမြစ်စွဲချိန်တွင် နိုက်ထရိုဂျင်ဓာတ် မြင့်မားသော NPK 15:15:15 သို့မဟုတ် 16:20:0 ကဲ့သို့သော ကွန်ပေါင်းဓာတ်မြေဩဇာကို ပမာဏနည်းနည်းဖြင့် စတင်ခွဲကျွေးရပါမယ်။ ထို့အပြင် အမြစ်ပွားများများ ထွက်စေရန် ဖော့စ်ဖရပ်ဓာတ် မြင့်မားသော ရွက်ဖျန်းမြေဩဇာ (ဥပမာ- 10:52:10) နှင့် အပင်ခွန်အားဖြစ်စေမည့် အမိုင်နိုအက်ဆစ်၊ အနည်းလိုအဟာရဓာတ်များကိုပါ ၁၀ ရက် သို့မဟုတ် ၂ ပတ်တစ်ကြိမ် ပက်ဖျန်းပေးခြင်းဖြင့် အပင်ငယ်များကို သန်မာထွားကြိုင်းလာစေပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အခုလိုအယ်နီညိုရာသီမာဂန်နမာအပင်အစာကြွေးရင်ဂျစ်စန်ထဲကြွေးရင်ကောင်းမလားပြောပေးပါနော်သူကရေများရင်နွေးပီအပူပျားအေး...
ဖြေကြားချက် 1 ခု
အရွက်တေဒီလိုဖစ်လာလို့ပါခင်ဗျာ
ဖြေကြားချက် 3 ခု
ယင်ဖြူတွေ ဂန္ဓမာပန်းခင်းမှာ ကုန်ကျစရိတ်တွေများလွန်းလို့ အကြံညဏ် ပေးကြပါအုံး ဆေးတစ်ခါဖျန်း ၃ ရက်လောက်ပဲ ခံသလို...
ဖြေကြားချက် 2 ခု
အခုချိန်ဂန္ဓမာစိုက်လို့အဆင်ပြေလားဗျ၊ဘယ်ချိန်လောက်ဆိုရင်အကောင်းဆုံးလဲဗျ
ဖြေကြားချက် 3 ခု
ဘယ်ဖြစ်တာလဲဗျဘယ်လို့ကုသရ
ဖြေကြားချက် 4 ခု
ရေပန်းစားသော အကြောင်းအရာများ