ဖြေကြားချက် ၆ ခု
အပင်တစ်ပင်က သူ့ရဲ့ ကြီးထွားမှုအဆင့်တွေအလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေက မတူပါဘူး။ ၁၅ ပတ်လည်ထဲမှာ NPK(ပုလဲ၊တီစူပါ၊ ပိုတက်) ကိုအချိုးညီညီထည့်ထားတာမို့ ၁၅ ပတ်လည်ကွန်ပေါင်းကို သုံးရင် သူလိုအပ်တဲ့ အာဟာရကို လိုအပ်တဲ့ ပမာဏလောက်မရဘဲ အခြား မလိုတဲ့ အာဟာရဓာတ်တွေကိုပါ ရလိုက်သလို ဖြစ်သွားမှာပါ။ ဥပမာ - ပုလဲကို ၂၀% လိုနေတဲ့အချိန်မှာ ၁၅ ပတ်လည်ကျွေးလိုက်ရင် ပုလဲကို ၁၅% ပဲ အပင်ကရတော့မှာပါ။ အခုကိစ္စမှာက နှမ်းသီးနှံက ပုလဲကို ပိုလိုအပ်တဲ့ သီးနှံမို့လို့ ပုလဲချည်းကျွေးတဲ့သူတွေက ရလဒ်ပိုကောင်းနေတာပါ။ ၁၅ ပတ်လည်ထည့်တာရဲ့ ကောင်းကျိုးကိုပြောရရင်တော့ အာဟာရဓာတ် သုံးမျိုးလုံးကို အချိုးညီညီရနိုင်ပြီး ခွဲကျွေးစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ ရေးတတ်သလို ပြန်ရေးထားတာမို့ နားမလည်ဖြစ်သွားရင် စိတ်မရှိပါနဲ့ရှင့်။ မရှင်းတဲ့နေရာကို ပြန်မေးလို့ရပါတယ်။
ပုလဲရဲ့အာနိသင်က အပင်ကြီးထွားဖြစ်ထွန်းမှုကိုအားပေးပါတယ်..အပင်စိမ်းစိုမယ်..ကြီးထွားမှုကောင်းမယ်.. နှမ်းသီးနှံမှာ ပုလဲပိုမိုလိုအပ်ပါတယ်။ဒါကြောင့်အပင်ပေါက်ကောင်းနေတာပါ။ဒါပေမဲ့ဘယ်သီးနှံမဆိုသင့်လျော်တဲ့မြေသြဇာကိုလိုအပ်တဲ့ပမာဏအတိုင်းလိုအပ်တဲ့အချိန်မှာကျွေးမှသာအပင်ဖြစ်ထွန်းမှုကောင်းပြီးအထွက်နှုန်းကောင်းနိုင်မှာပါ။တီစူပါ..ပိုတက်ရှ်တွေလည်းအသုံးပြုသင့်ပါတယ်။ဟိုတုန်းက ပုလဲ..တီစူပါ..ပိုတက်ရှ်တွေကိုသီးခြားစီအသုံးပြုကြပေမဲ့ အခုအခါမှာတောင်သူအများစုက အလုပ်သက်သာတဲ့ ကွန်ပေါင်းမြေသြဇာကိုသုံးစွဲလာကြတာပါ။
ဆက်စပ်မေးခွန်းများ
မြေခံကိုNPKအချိုးဘယ်လိုင်္သုးလဲ ကျေးဇူးပါ
ဖြေကြားချက် 4 ခု
နှမ်းအသီးတစ်င်္လုးနှစ်င်္လုးစင်နေပြီဘာမြေသြဇာပေးသင့်လဲးအပြည့်အင်္စုဖြေကြားပေးပါကျေးဇူးပါ
ဖြေကြားချက် 1 ခု
နှမ်းပင် ၄၅ ရက်သားပါ အပင်အားကောင်းပါတယ်( သီးရှင်း နည်းကျဲ နေပါတယ်) ပုလဲ ၄း လက်ချား၁ တစ်ခါ ဖြန်းထားပါတယ် ကော့...
ဖြေကြားချက် 3 ခု
ဆောင်းနှမ်းစိုက်တာတစ်လကျော်ပြီ အားဆေး ပိုးသတ်ဆေး ဘာတွေလုပ်ဆောင်သင့်လဲဗျ...
ဖြေကြားချက် 8 ခု
ဒီပုံမှာ တွေ့ရတဲ့ လက္ခဏာလေးတွေကို ဆရာများ ဖြေပေးဖို့ မေတ္တာရပ်ပါတယ်ဗျ ပွင့်ဖို့အချိန်မကျသေးတာလား ပွင့်နိုင်...
ဖြေကြားချက် 2 ခု