အိစက်ဝေ
တောင်သူ · ရွှေဘို
ဗိုင်းရပ်စ်ရောဂါလက္ခဏာပါ စုပ်စားပိုးကနေတဆင့် ရောဂါကူးစက်ပါတယ်။ အခြေအနေဆိုးရွားနေတဲ့အပင်တွေကို နှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ မီးရှို့ဖျက်စီးပစ်ပါ။ စုပ်စားပိုးကာကွယ်နိုင်တဲ့ ပိုးသတ်ဆေးတမျိုးမျိုးသုံးပေးပါ။ ဒါမှမဟုတ် တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ် ဖျန်းပေးနိုင်ပါတယ်။
ဘာ ဖစ် လို့အရွက်တေက အဲ့ လို့ ဖစ်သွားတာလဲရှင့် 😕
ပုံလေးပြပေးရင် ပိုအဆင်ပြေပါမယ်ရှင့်
စတော်ဘယ်ရီပင်စိုက်ထားတာပိုးတအားကျနေလို့ဘာဆေးဖြန်းရမလဲအဲ့ပိုးတေလဲညဘက်မှထွက်တာ
ခရမ်းချဉ် စိုက်ပျိုးနည်း အဝါရောင်စာတန်းလေးကိုဖိပြီး လေ့လာနိုင်ပါတယ်
ခရမ်းချဥ်ဆိုက်နည်းလေးများသိချင်လို့
အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ချက်များ ဒီဆောင်းပါးထဲကနည်းတွေအတိုင်း လိုက်နာကျင့်သုံးနိုင်ပါတယ်။
အပင်ကတော့ကောင်းတယ် ဥ ချအောင်ဘာလုပ်သင့်လဲ ပြောပြပေးကြပါ
မှိုကြောင့်ဖြစ်တဲ့ ရွက်လောင်ရောဂါလို့ ယူဆရပါတယ်။ ရေဖျန်းစနစ်ကြောင့် ရေတွေကအရွက်ပေါ်မှာ ကြာကြာတင်နေတာမို့ ရောဂါကျရောက်မှုကို ပိုဆိုးရွားစေပါတယ်။ ဆေးအနေနဲ့ မန်ကိုဇက်၊ မီတလက်ဇီအဇိုဆီစတိုဗင် စတဲ့ ဆေးအုပ်စုဝင်တစ်မျိုးမျိုးကို ဆေးအညွှန်းအတိုင်း သုံးပေးနိုင်ပါတယ်။ စိုက်ပျိုးနည်းစနစ်နဲ့ ကာကွယ်တဲ့နည်းလမ်းတွေကို ပေးထားတဲ့ ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။ စတော်ဘယ်ရီအရွက်တွင် ကျရောက်လေ့ရှိသော မှိုရောဂါများ
အဲတာဘာရောဂါလဲဗျ ရေပုံမှန်ဖျန်ပေးပါတယ် ခြောက်ပီးတော့ အသီးကမလှတော့ဘူး ဘာဆေးသုံး၇မလဲ စတော်ဘယ်ရီ ပင်ပါ
ပိုတက်ဆီယမ်ပါဝင်မှုများတဲ့မြေဩဇာကိုသုံးပေးပါ။ ရွက်ဖြန်းအနေနဲ့ ဇင့်၊ မဂ္ဂနီဆီယမ်ပါတဲ့ ရွက်ဖြန်းမြေဩဇာကို အသုံးပြုနိုင်ပါတယ်။
ဂန္ဓမာ ပန်း အရောင်တောက်ပအောင်ဘယ်လိုဆေး မြေသြဇာ သုံးရင် .ကောင်းမလဲခင်ဗျ
နောက် ၅ လအကြာ (နိုဝင်ဘာ)လောက်ကနေစပြီး ဝါဆွတ်လို့ရပြီလို့ သိရပါတယ်။ စသိမ်းတဲ့ နေ့ကနေ နောက်ထပ် ၅ လအကြာအထိ ဝါဆွတ်ရတယ်လို့ သိရပါတယ်။
ဇွန်လ မှာ ဝါ စစိုက်မယ်ဆိုရင် ဘယ်လ လောက်မှာ စသိမ်းနိုင်မလဲ
လျှော်ဖြူစိုက်ဖို့ မြေပြုပြင်မယ်ဆိုလျှင်ဖြင့်.... မြေအမျိုးအစားနဲ့ မြေပြုပြင်နည်းဆောင်းပါး link ပါ။ စာတန်းအဝါလေးကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။
၁။ လျှော်ဖြူစိုက်ပျိုးဖြစ်ထွန်းသည့်မြေအမျိုးအစား ၂။စိုက်ပျိုးပြုစုရမည့်နည်းလမ်း ၃။အချိန်ကာလ ဘယ်လောက်မှာ စျေးကွက်ဝင်
ကာကွယ်နှိမ်နင်းခြင်း • စပါးဆစ်ပိုးခံနိုင်ရည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ • ပျိုးခင်းနဲ့ ရွှေ့ပြောင်းစိုက်တဲ့အချိန်တွေမှာ ဥမြုံတွေကို လက်နဲ့ကောက်ယူဖျက်ဆီးပါ။ • စပါးပင်အောက်ခြေမှာရှိတဲ့ ဥတွေကို ရေနှစ်သတ်ဖို့ သွင်းရေအမြင့်ကို အခါအားလျော်စွာ ပုံမှန်မြှင့်ပေးပါ။ • ရွှေ့ပြောင်းမစိုက်ပျိုးမီ ပျိုးခင်းကနေ စပါးခင်းထဲကို ဆစ်ပိုးဥတွေပါလာတာ လျော့ကျစေဖို့ စပါးရွက်ထိပ်ဖျားများကို ဖြတ်ပါ။ • အချိန်ကိုက်စိုက်ပြီး တစ်ပြိုင်တည်းစိုက်ကာ ရိုးပြတ်က လောက်ကောင်တွေကို ဖယ်ရှားဖို့ မြေမျက်နှာပြင်ကနေ စပါးကိုရိတ်ကာ ရိုးပြတ်တွေနဲ့ စပါးမျိုးရိုင်းတွေကို ဖယ်ရှားပြီး စပါးခင်းထဲမှာ ထယ်ထိုးရေလွှမ်းပါ။ • ရွှေ့ပြောင်းစိုက်ပြီး (၁) လခန့်မှစတင်ကာ တစ်ကွင်းတစ်စပ်တည်း အပတ်စဉ် မီးထောင်ချောက် ထွန်းပါ။ • ထရိုင်ခိုဂရားမားနဂျီ၊ ပုရွက်ဆိတ်၊ လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူတို့လို ဇီဝထိန်းချုပ်သက်ရှိတွေကို ထိန်းသိမ်းဖို့ အဝါရောင် ဒါမှမဟုတ် အဖြူရောင်ပွင့်တဲ့ ရုံးပတီ၊ နေကြာ၊ ခွေးသေးပန်း၊ ဘိစပ်ပင် စတာတွေကို စိုက်ပါ။ • နိုက်ထရိုဂျင်မြေသြဇာကို အကြိမ်ကြိမ်ခွဲပြီး ထောက်ခံနှုန်းထားအတိုင်း အချိန်ကိုက် အသုံးပြုပါ။ • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ ◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride) ◦ အဆီဖိတ် (Acephate) အ သေစိတ်ကို ပေးထားတဲ့ ဆောင်းပါး link ထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။ စပါးဆစ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
စပါးပင်ဆစ်ပိုးတွေနေလို့ဘာဆေးသုံးရင်အဆင်ပြေမလဲဆရာ
တမားပိုးသတ်ဆေးအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ဒိုင်မီသိုအိတ်၊ အဘာမက်တင်၊ ထရိုင်ဇိုဖော့စ် စတဲ့ ဆေးများကို ဆေးဗူးပါအညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။ အဝါရောင် စေးကပ်ထောင်ခြောက်တွေထောင်ထားပေးပါ။ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ အရွက်တွေက ရွက်ထွင်းပိုးရဲ့ဖျက်ဆီးမှုကြောင့် ပုံစံပျက်နေတာပါ။ ဘေးပတ်ဝန်းကျင်က ပေါင်းပင်တွေကိုလည်းရှင်းပေးပါ။
ပဲပင်ပေါ်ပိုးကျနေတယ်။ပြီးတော့အရွက်တွေခြောက်ပြီဝါနေတယ်။ဘာဆေးသုံးရမလည်း။ဘယ်ကြောင့်ဖြင့်သည်ကိုသိချင်ပါတယ်ခဗျာ။