အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,215
လွန်ခဲ့သော ၅ နှစ် က · စစ်ကိုင်း

နှမ်းပင် ၄၅ ရက်သားပါ အပင်အားကောင်းပါတယ်( သီးရှင်း နည်းကျဲ နေပါတယ်) ပုလဲ ၄း လက်ချား၁ တစ်ခါ ဖြန်းထားပါတယ် ကော့...

နှမ်းပင် ၄၅ ရက်သားပါ အပင်အားကောင်းပါတယ်( သီးရှင်း နည်းကျဲ နေပါတယ်) ပုလဲ ၄း လက်ချား၁ တစ်ခါ ဖြန်းထားပါတယ် ကော့မက် အဝါ တစ်ခါ ဖြန်းပြီးပါပြီ အားမရဘူးဗျာ အကြံလေးပေးပါဦး ဆရာတို့

Post image
Post image
3

ဖြေကြားချက် ၃ ခု

236 လွန်ခဲ့သော ၅ နှစ် က

DAP နဲ့ ပုလဲ သုံးဘို့ညွှန်းထားပါတယ် ကျနော်လဲ အဲ့တာကို လိုက်ပြီးလေ့လာနေပါတယ်

2,215 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးကမ္ဘာပါ ဆရာ ဦးအေးနိုင် ကပ်ကြီးသုံးပါးလွယ်ကူလျှင်မြန်ကျော်ဖြတ်နိုင်ပါစေ ဟုတ်ကဲ့ဗျ မနက်မှုန်း ည မိုးဖိ ၂ကြိမ်လုံးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

သီးရှင်းကျဲပြီးအသီးနည်းရခြင်းမဖြစ်စေရန်..(၁)မျိုးကောင်းမျိုးသန့်များသုံးစွဲပါ.၃နှစ်ဆက်တိုက်စိုက်ပြီးပါက မျိုးကိုပြန်ဝယ်စိုက်ပါ..ဥပမာ,ဆင်းရတနာ(၃),ဆင်းရတနာ(၁၄). .(၂)ပုလဲယူရီးယားကို၂ကြိမ်ခွဲကျွေးပါ(မြေပြင်ချိန်နှင့်နောက်ဆုံးကြားပေါင်းဝင်ချိန်).. (၃)ရေအစိုဓာတ် မြေကြီးဆွတ်စိုရုံအမြဲရှိသင့်သည်/အစိုဓာတ်ထိန်းနိုင်သောမြေဖြစ်နေရန်ပြုပြင်ပေးသင့်သည်။.. (၄)နှမ်းပင်ရဲ့ရေသောက်မြစ်ဟာ၁ပေခွဲခန့်ရှည်တာကြောင့် ထယ်ရေးနက်နက်ပြုလုပ်သင့်ပါသည်..(၅) အပင်မှုန်းတာကိုပက်ပက်စက်စက်လုပ်ရပါမယ်.အပင်မှုန်းတာနှမျောရင် အပင်တွေကြပ်..လေဝင်လေထွက်မကောင်း. ကိုင်းဖြာမှုနည်းပြီးပွင့်သီးမှုညံ့ပါတယ်။တစ်ကျင်းကို အသန်ဆုံး၂ပင်သာထားသင့်ပါတယ်..(၆)အပင်၂ပါတ်သားမှပန်းစပွင့်သည့်အချိန်ထိ ငါးအမိုင်နိုအက်စစ်ကို၅ရက်တစ်ကြိမ်ဖျန်းသင့်ပါတယ်။ပန်းစပွင့်သည်မှသီးတောင့်ဖြစ်တည်ချိန်ထိ ပုလဲ.လက်ချားကို ၅ရက်ကိုတစ်ကြိမ်ရွှဲရွှဲဖျန်းပေးရပါမယ်။နှမ်းပင်ကအဆုံးမရှိအပွင့်ဆက်ပွင့်တာကြောင့် အခု၄၅ရက်သားဆိုတော့ ပုလဲ.လက်ချားကို ဆက်ဖျန်းပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။