အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်နီနဲ့အတူ ပေါင်းခံရည်ချက်ကြမယ်

မောင်နီနဲ့အတူ ပေါင်းခံရည်ချက်ကြမယ်

မြေဆီလွှာကို စစ်ဆေးဖို့ ပြင်ဆင်ခြင်း (ပေါင်းခံရေ ချက်လုပ်ခြင်း) နည်းလမ်းကို ပြောပြမှာ ဖြစ်ပါတယ်။ 

စိုက်ပျိုးဖြစ်ထွန်းတဲ့ မြေကို မျက်မြင်စစ်ချင်တယ်ဆိုရင်လည်း မောင်နီ ပြောပြပါ့မယ်။

ကောင်းတဲ့ အခြေအနေလို့ ပြောလို့ရတဲ့ မြေကြီးရဲ့ အရည်အချင်းတွေမှာ မဲနက်တဲ့ အရောင်ရှိရမယ်။ အပေါ်မြေလွှာကိုပဲ မျက်မြင်က စစ်လို့ရမှာနော်။ 

နည်းနည်းလေး အရောင်ဖျော့သွားတယ်ဆိုရင် သိပ်မကောင်းတော့ဘူးလို့ ခန့်မှန်းလို့ရတယ်။

မြေကြပ်တာ၊ အရမ်းကိုမွနေတာမျိုး မရှိနေတာမျိုးနဲ့ ရေလောင်းကြည့်လို့ ခဏချင်းခြောက်သွားတယ်တို့ ဘာတို့ မရှိဘူးဆိုတာနဲ့လည်း သတ်မှတ်ကြတယ်။ 

ကိုယ့်ရဲ့ မြေဆီလွှာက ဘာဆိုတာရော သိချင်ကြသေးတယ်ဆိုရင် မြေကြီးကို ယူပြီးတော့ ရေစိမ်ကြည့်တာ အကောင်းဆုံးပဲ။ ရိုးရိုးသောက်ရေသန့်နဲ့လည်း အလွယ်လုပ်ကြတယ်။ ဒါပေမဲ့ ဒီမှာက Distilled Water လို့ခေါ်တဲ့ အငွေ့ပျံတာကိုမှ ပြန်ခံထားတဲ့ ပေါင်းခံရေက အတိကျဆုံးပဲ၊ ပြီးတော့ အဲ့လို ရေကို ပေါင်းခံပြန်ရေ လုပ်ထားရင် စိုက်ပျိုးရေးမှာ တစ်ခြား ဘယ်နေရာ သုံးလို့ရသေးလဲဆိုတာကို အရင်ကြည့်ပြီးတော့မှ ဘယ်လိုချက်ရမလဲဆိုတာကို လုပ်ကြည့်ကြမယ်။

ပေါင်းခံရည်မှာက ချဉ်ငံကိန်း မရှိပါ။  ဆိုလိုတာက ချဉ်ခြင်း ငန်ခြင်းမရှိဘူးဆိုတော့ စမ်းသပ်မှုကိုလည်း အနှောက်အယှက်မဖြစ်စေပါဘူး။

 ECလို့ ခေါ်တဲ့ ဓာတ်ဖို ဓာတ်မ ဖလှယ်နိုင်စွမ်းက သုညပါ။ ဆိုတော့ ဓာတ်တိုးတာ ဓာတ်ပြုတာတွေ မရှိပါဘူး။ မြေကြီးထဲရှိတဲ့ ဓာတ်ဖိုဓာတ်မဖလှယ်နှုန်းနဲ့ပဲ ဆက်တိုင်းတာလို့ရမှာပါ။

သစ်ခွပင်တို့လို ဈေးကောင်းရတဲ့အပင်တွေ၊ နောက်ထပ် အသားစားပင်လိုမျိုး ဆားဒဏ်ကိုမကြိုက်ပဲ ရိုးရိုးရေလောင်းရင် အမြစ်ခြောက်ပြီးသေတတ်တဲ့ အပင်တွေမှာ ဒီရေကို သုံးပေးနိုင်ပါတယ်။

ပစ္စည်းတွေကို ကြာရှည်ခံစေတယ်။ ဓာတ်ခွဲခန်းသုံးပုလင်းတွေလိုမျိုးမှာဆို ရေဂျိုးတက်တာလိုမျိုးမရှိသလို၊ ရိုးရိုးရေကို သုံးသလိုမျိုး နော်ဇယ်‌ခေါင်းတွေ ပိတ်တာ ဘာညာမရှိပါဘူး

ဓာတ်ခွဲစမ်းသပ်ရင် အဖြေက ပြင်ပနဲ့ အနီးဆုံးမှန်ကန်တယ်။

ဒါပေမဲ့လို့… 

သူ့မှာက ဘာမှမရှိတဲ့အတွက်ကြောင့်မို့  အပင်တွေကိုလောင်းလိုက်ရင် အာဟာရတွေက ရေရောသလိုဖြစ်ပြီး အားပျော့သွားတာ၊ မျောပါဆုံးရှုံးတာဖြစ်နိုင်ပါတယ်။

တကယ် ဘာမှ မရှိတာမို့ အနည်းလိုအာဟာရဓာတ်လည်း မပါနေပါဘူး။ 

ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း အများကြီးအတွက်ဆို ကြီးပါတယ်။ 

ဘယ်လိုချက်လုပ်မလဲ?

လိုအပ်တာကတော့ 

  • ရေ
  • အဖုံးပါ အိုးကြီး
  • ပေါင်းခံရည် ခံရန်ခွက်
  • ရေခဲ 

အဖုံးဖွင့် အိုးထဲကို ရေထည့်၊ ပြီးတော့ ပေါင်းခံရည် ထည့်မဲ့ခွက်ကို အိုးထဲထည့်ကြည့်ပါ။ ထည့်ထားတဲ့ ခွက်ရဲ့ အောက်ခြေက အိုး နဲ့ မထိနေပဲနဲ့ မျောနေတာဆိုရပါတယ်။ 

ပြီးရင် ခွက်ပြန်ထုတ်၊ ပြီး ရေဆူအောင်တည်၊ နည်းနည်းဆူလာပြီဆို ခွက်ကိုပြန်ထည့်

အဖုံးကို ပြောင်းပြန်ဖုံးလိုက်ရင် အလယ်က အဖုံးကိုင်တဲ့ အဖုက ပေါင်းခံရည်ခံမဲ့ခွက်နားကို ကွက်တိ၊

အဖုံးက ပြောင်းပြန်မို့ အဖုံးထဲကို အပေါ်ကနေ ‌ရေခဲ ထည့်လိုက်ရင် အောက်က ရေငွေ့တွေက ခံထားတဲ့ ခွက်ထဲကို ကျသွားရော။ အဲ့ရေတွေက လုံးဝ သန့်စင်တဲ့ ပေါင်းခံရည်တွေဖြစ်လာတာပေါ့။ 

လွယ်တော့ သိပ်မလွယ်ပေမဲ့ ဒါလေးက တကယ် သုံးလို့ အဆင်ပြေမဲ့ ပေါင်းခံရည်ဖြစ်လာမှာပါ။ 

ဘာပဲဖြစ်ဖြစ် ပေါင်းခံရည်တော့ ချက်တတ်သွားတာပေါ့။ 

မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
စည်သူ

စည်သူ

လွန်ခဲ့သော ၄ လ က

ပြူလလုပ်ပုံလေးပြပေးပါလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 4 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 5 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။