အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ကိုဦး
လွန်ခဲ့သော ၃ ရက် က

လယ်ကျန် စပါးအတွက် မြေခံ ဘာသုံးသင့်ပါသလဲ..

မြေဆီလွှာ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 441,685 လွန်ခဲ့သော ၃ ရက် က

@အောင်ကိုဦး လယ်ကျန်စပါးသည် ယခင်သီးနှံကြောင့် မြေဆီလွှာအာဟာရ လျော့နည်းနေသဖြင့် မြေခံအဖြစ် သဘာဝမြေဩဇာနှင့် ဖော့စဖရပ် (တီစူပါ) ကို အဓိကထား၍ ပိုတက်ရှ်၊ ဂျစ်ဆမ်၊ တို့နှင့် တွဲဖက်သုံးစွဲသင့်ပါတယ်။ မြေပြင်ချိန် နောက်ဆုံးထွန်တုံးတွင် တစ်ဧကလျှင် သဘာဝမြေဆွေး အိတ် ၃၀၊ တီစူပါ၊ ပိုတက်ရှ် ၊ ဂျစ်ဆမ် နှင့် ဇင့်ဆာလဖိတ်တို့ကို မြေကြီးနှင့် သမအောင် ရောမွှေထည့်သွင်းရပါမယ်။ နိုက်ထရိုဂျင် (ယူရီးယား) သည် ရေထဲတွင် ပျော်ဝင်ဆုံးရှုံးလွယ်သဖြင့် မြေခံအဖြစ် မကျွေးရဘဲ စိုက်ပျိုးပြီးမှသာ အကြိမ်ခွဲကျွေးရပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။