အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးနိုင်လင်းထွန်း
လွန်ခဲ့သော ၂ ရက် က · ဝါးခယ်မ

ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူးပါ။ ဓာတ်မြေသြဇာ -အာမိုနက်ကျား-၁ဧက ၁၂ကီလို နှုန်းကျွေး ပိုးသတ်ဆေး-ကံကောင်း ၂၀ မှိုဆေး-dj အားဆေး-ရွှေမိုး+ငွေမိုး ရောစပ်ပက်ဖျန်းထားပါသည်။ ဆရာတို့ခင်ဗျာ သို့ဖြစ်ပါ၍ မည်သို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပြည့်စုံစွာသိပါရစေဗျာ။

မြေဆီလွှာ မတ်ပဲ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 448,294 လွန်ခဲ့သော ၂ ရက် က

@ဦးနိုင်လင်းထွန်း ၁ လသားအရွယ် မတ်ပဲစိုက်ခင်းတွင် ၇ ရက်ဆက်တိုက် မိုးရွာပြီး ရေဝပ်ခြင်းကြောင့် (Phytophthora) ပင်စည်ပုပ်/မြစ်ပုပ်ရောဂါ (ပင်နာကျရောဂါ) ကျရောက်ကာ အပင်ခြေများ ညိုမဲပုပ်ပျော့၍ ညှိုးသေစေပါတယ်။ ဤရောဂါကို ကုသရန်အတွက် ပထမဦးစွာ စိုက်ခင်းအတွင်း ရေဝပ်မှုမရှိစေရန် အရေးပေါ် ရေနုတ်မြောင်းများ အမြန်ဆုံး ဖောက်ထုတ်ရပါမယ်။ ထို့နောက် မက်တယ်လဇီး (Metalaxyl)၊ ဖော့စတိုင်း အလူမီနီယမ် (Fosetyl-aluminium) သို့မဟုတ် အဇိုဇီစထရိုဘင် (Azoxystrobin) ကဲ့သို့သော ပင်လုံးပြန့်မှိုသတ်ဆေး တစ်မျိုးမျိုးကို ပဲပင်ခြေ မြေကြီးထဲသို့ပါ ဆေးရည်ရွှဲရွှဲရောက်အောင် ပက်ဖျန်းပေးရပါမယ်။ ထို့အပြင် ထရိုင်ကိုဒါးမား (Trichoderma) ဇီဝမှိုသတ်ဆေးကို သဘာဝမြေ ဆွေးနှင့်ရော၍ အပင်ခြေတွင် ကျွေးခြင်းဖြင့် ရောဂါကူးစက်မှုကို ထိရောက်စွာ ကုသနှိမ်နင်းနိုင်ပါတယ်၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဒီဆေးက မတ်ပဲအတွက်ဘယ်ပိုးတေကိုသေစေလဲဗျ ဘယ်အချိန်မှာစဖျန်းသင့်လဲ

ဖြေကြားချက် 3 ခု

မင်္ဂလာပါဆရာ ကျွန်တော့တို့ရွာမှာ မိုး‌ေရချိန်နေ့စဉ်၁လက်မ၀န်းကျင်ခန့် ရွာသွန်းခဲ့တာ၃ရက်ဆက်ရှိနေပါပြီ နောက်၂ရက်...

ဖြေကြားချက် 1 ခု

မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမ...

ဖြေကြားချက် 1 ခု

မတ်ပဲပန်းစပြတဲ့အချိန်မှာ ယူရီးယား+လက်ချား+စုတ်စားပိုးဆေး(သို့)ပွင့်ထွေးဆေး (သို့)မှိုဆေး တမျိုးမျိူး ရောစပ်...

ဖြေကြားချက် 1 ခု

မတ်ပဲ (TBl) အပေါဘက်ကညှိုပြီး ကုတ်ကျတာပါ အမြစ်ကတော့ မြစ်ဖုလိုက်တယ် ဘာဖြစ်တာလဲ မိုးများပြီးအစိုစာတ်များတာလား

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။