အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေတွင်းအာဟာရ ကုန်ခန်းရခြင်းအကြောင်းရင်းများ

မြေတွင်းအာဟာရ ကုန်ခန်းရခြင်းအကြောင်းရင်းများ

Green Way
Green Way • PC Myanmar • 28/07/2020
00:00
00:00

" စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို PC Myanmar မှ ENI ဖောင်ဒေးရှင်း၏ အကူအညီဖြင့် မကွေး၊ မင်းလှ နှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ၌ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ဆရာမ ဒေါက်တာစုစုဝင်းက စိုက်ပျိုးရေးတွင် ရာသီဥတုဖောက်ပြန်မှု၊ မြေဆီလွှာညံ့ဖျင်းမှု၊ ပိုးမွှားရောဂါကျရောက်မှုတို့ကြောင့် မြေတွင်းအာဟာရဓာတ်ပါဝင်မှုတွေလျော့နည်းလာခြင်း မတည်မြဲလာခြင်းတို့ဖြစ်ရတဲ့ ပြဿနာအကြောင်းတရားတွေကို ဆွေးနွေးသွားပြီး ဘယ်လိုပြုပြင်မှုတွေလုပ်သင့်ကြောင်းကို ဆွေးနွေးပေးသွားပါတယ်။

အစိမ်းရောင်လမ်း ဦးကြီး/အန်တီ တို့ လေ့လာနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ရေဒီယိုအစီအစဉ်မှလည်း ဆရာကြီး/ဆရာမကြီးများ၏ ဆွေးနွေးချက်များဖြင့် စိုက်ရေးပျိုးရေးအဆင်ပြေကြပါစေရှင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

Mg Thura Aung

Mg Thura Aung

လွန်ခဲ့သော ၅ နှစ် က

inn

ki

ki

လွန်ခဲ့သော ၅ နှစ် က

အစိမ်းရောင် လမ်းမ ှကူးယူဖော်ပြပါသည်

You

ဆက်စပ်ဆောင်းပါးများ

PC Myanmar

နည်းပညာမိတ်ဖက်အဖွဲ့

PC Myanmar

PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။        

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 4 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 5 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။