တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (9-13.10.2026)
အိန္ဒိယနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ အချို့၏ ဝယ်လိုအားကြောင့် မြန်မာ့လယ်ယာ ပို့ကုန်အချို့ ဈေးလှုပ်ရှားလာသည်။ သို့သော် တရုတ်ဈေးကွက်သို့ တင်ပို့နေသည့် လယ်ယာ ပို့ကုန်များမှာ ဈေးအေးနေသည်။
ပဲစဉ်းငုံဈေး ဆက်လက် မြင့်တက်နေ
အိန္ဒိယနိုင်ငံအတွင်း မိုးရာသီ စိုက်ပျိုးနိုင်မှု လျော့နည်းခဲ့သော ပဲစဉ်းငုံမှာ ဈေးဆက်လက် မြင့်တက်နေသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစဉ်းငုံ တစ်တန် FOB ဈေးမှာ အမေရိကန်ဒေါ်လာ ၁,၀၀၃ မှ ၁,၀၁၀ သို့ ဈေးပြောင်းသွားသည်။
အိန္ဒိယဈေးကွက်၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင်လည်း ပဲစဉ်းငုံ FOB ဈေးမှာ ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ဒေါ်လာ ၄၀ ဈေးမြင့်တက်လာသည်။
ပဲစဉ်းငုံ (နီ) (အဟောင်း) တစ်တန်လျှင် ဒေါ်လာ ၉၁၀ - ၉၂၀ မှ ၉၅၀ - ၉၆၀ သို့လည်းကောင်း၊ ပဲစဉ်းငုံ (နီ) အသစ် တစ်တန်လျှင် ဒေါ်လာ ၉၄၀ - ၉၅၀ မှ ၉၇၀ - ၉၉၀ သို့လည်းကောင်း ဈေးပြောင်းသွားသည်။
ယခုရက်သတ္တပတ် ပြည်တွင်း ပဲစဉ်းငုံဈေးမှာ ရန်ကုန်ဈေးကွက်တွင် ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ကျပ် ၄,၂၇၅,၀၀၀ မှ ၄,၂၉၅,၀၀၀ သို့ ဈေးပြောင်းသွားသည်။
မန္တလေးဈေးကွက်တွင် ပဲစဉ်းငုံမှာ ဈေးအနည်းငယ် ပြန်အေးလာသည်။ ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ကျပ် ၄,၁၈၄,၀၀၀ ကျော်မှ ကျပ် ၄,၁၃၃,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
ပဲတီစိမ်း အမျိုးအစားအချို့ ပြည်တွင်းဈေးလှုပ်
တရုတ်နိုင်ငံအတွင်းသို့ အိန္ဒိယနှင့် ဩစတြေးလျတို့မှ ပဲတီစိမ်းများ ဝင်ရောက်နေပြီး လတ်တလော ပဲလက်ကျန် လုံလောက်မှုက မြန်မာ့ဈေးကွက်အပေါ် သက်ရောက်လာသည်။
ထို့ကြောင့် တရုတ်ကုန်သည်များ၏ အဝယ် တုံ့နှေးသွားမှုနှင့်အတူ မြန်မာနိုင်ငံ အလယ်ပိုင်းဈေးကွက် တစ်ခုဖြစ်သည့် မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) ဈေး ပြန်အေးသွားသည်။
ရက်သတ္တပတ်အတွင်း ပဲတီစိမ်း (အညာ) တစ်တန်လျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင် ဈေးကျဆင်းသွားသည်။ ပဲတီစိမ်း (အညာ) တစ်တန်လျှင် ကျပ် ၄,၁၈၀,၀၀၀ ကျော်မှ ကျပ် ၄,၁၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
သို့သော် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပသို့ ရောင်းချသည့် FOB ဈေး ငြိမ်နေပြီး ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း အမျိုးအစားအချို့ ဈေးလှုပ်နေသည်။
ပဲတီစိမ်း FOB ဈေးမှာ ပဲတီစိမ်း (အညာ) တစ်တန်လျှင် ဒေါ်လာ ၇၄၀/၇၅၀၊ ပဲတီစိမ်း (ရွှေဝါ) တစ်တန်လျှင် ဒေါ်လာ ၈၈၀ - ၈၉၀ ဈေးဖွင့်သည်။
ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း (အညာ) မှအပ ကျန်ပဲအမျိုးအစား အားလုံး ဈေးလှုပ်နေသည်။ ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ - ၄,၀၂၀ ဈေးဖွင့်သည်။ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၅၀၀ မှ ၅,၅၈၀၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ - ၄,၅၂၀ မှ ၄,၅၈၀ - ၄,၆၀၀ သို့ ဈေးပြောင်းသွားသည်။
ဈေးလှုပ်နေသည့် ပြောင်း
မြန်မာ့ပြောင်းကို ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံတို့၏ ဝယ်လိုအားကြောင့် ပြည်တွင်းဈေး လှုပ်ရှားလာသည်။ ယခုနှစ် ပြောင်းဈေးမှာ ဈေးကျရန် သိပ်မလွယ်ကူကြောင်း သုံးသပ်ချက် အချို့လည်း ရှိနေသည်။
အယ်လ်နီညို ရာသီဥတုအပေါ် စိုးရိမ်သော ဖိလစ်ပိုင်နှင့် အိန္ဒိယတို့၏ ဆွဲအားကြောင့် ပြည်တွင်းဈေးကွက်တွင်လည်း အရောင်းအဝယ် သွက်နေသည်။
လက်ရှိ မြန်မာ့ဈေးကွက်တွင် ပြောင်း FOB ဈေးမှာ အနည်းငယ် ငြိမ်နေပြီး ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၅ - ၂၈၅ ဈေးဖွင့်သည်။
သို့သော် ရန်ကုန်ဈေးကွက်တွင် ပြည်တွင်း ပြောင်းဈေးမှာ သိသာစွာ မြင့်တက်လာသည်။ ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၈၄၀ - ၁,၈၆၀ မှ ကျပ် ၁,၈၆၀ - ၁,၈၈၀ သို့ ဈေးပြောင်းသွားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မန္တလေးဈေးကွက်၌ ရှမ်းပြောင်း တစ်တန်လျှင် ကျပ် ၁,၀၈၀,၀၀၀ ကျော် ဈေးဖွင့်သော်လည်း ယခု ရက်သတ္တပတ်တွင် ကျပ် ၁,၁၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်း နှမ်းဈေး အေးလာ
တရုတ်အဝယ် အားပျော့မှုနှင့်အတူ ပြည်တွင်းဈေးကွက်တွင် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နှမ်းမှာ ဈေးအေးနေသည်။
ရန်ကုန်ဈေးကွက်တွင် နှမ်း ပြည်ပသို့ ရောင်းချသည့် FOB ဈေးမှာ ငြိမ်နေသည်။ ယခုရက်သတ္တပတ် နှမ်း FOB ဈေးမှာ နှမ်းဖြူ တစ်တန်လျှင် ဒေါ်လာ ၁,၇၉၀ - ၁,၈၀၀၊ နှမ်းညို တစ်တန်လျှင် ဒေါ်လာ ၁,၇၅၀ - ၁,၇၆၀၊ နှမ်းနက် (စမုံ) တစ်တန်လျှင် ဒေါ်လာ ၂,၁၂၅ - ၂,၁၃၅ ဈေးဖွင့်သည်။
သို့သော် ဆီစက်များနှင့် လုပ်ငန်းသမားများ၏ အဝယ်သာ ရှိခြင်းကြောင့် ပြည်တွင်း နှမ်းဈေး ကျလာသည်။ နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၆,၉၄၀,၀၀၀ ကျော်မှ ကျပ် ၆,၈၀၀,၀၀၀ ဝန်းကျင်သို့လည်းကောင်း၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ် ၆,၄၆၀,၀၀၀ ကျော်မှ ကျပ် ၆,၃၉၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းသွားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်တန်လျှင် ကျပ် ၈,၃၀၀,၀၀၀ ကျော် ဈေးဖွင့်ခဲ့သည့် နှမ်းနက် (စမုံ) မှာ ယခုရက်သတ္တပတ်တွင် ကျပ် ၈,၁၀၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓမာပန်းပွင့်ရင်ပိုးသတ်ဆေးအက်စီတာမီပရစ်25အမှုန့်ကယ်စီယမ်ဘိုရွန်နဲ့တွဲဖျန်းရလား
မောပ်တိုးတတ် • ဖြေကြားချက် 0 ခု
မင်္ဂလာပါ ဆရာတို့ စိုက်ခင်း အဲ့လို ဖြစ်နေပါတယ် ဘာများ ဖြစ်တာလဲခင်ဗျာ
hhz • ဖြေကြားချက် 1 ခု
သီးနှံအတွက် မြေသြဇာမြေခံ ဘာအကောင်းဆုံးလဲ
ကျော်ထွန်း • ဖြေကြားချက် 1 ခု
ခေါင်ညွှန့်က ဘယ်အချိန်မှာ စနှိမ်ရတာလဲဗျ အပင်ငယ်ငယ်လေးနဲ့ အဖူးတေဝင်နေလို့
Htet Lin • ဖြေကြားချက် 2 ခု
အပင်သိပ်မတက်လို့ပါဆာလ်ဖာတစ်ကြိမ်အပင်အားဆေးတစ်ကြိမ်ဖျန်းထားပါတယ်ဘာဆက်လုပ်ရမလည်းလမ်းညွှန်ပေးပါအုံး
Aung Lin Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
ကုန်ကျစရိတ်သက်သက်သာနဲ့ နှစ်ပတ်အကြာမှာ စတင်အသုံးပြုနိုင်တဲ့ စူပါဘိုကာရှီ
16/11/2026
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ
15/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....