အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Htet Lin
Htet Lin 1,818
လွန်ခဲ့သော ၅ နာရီ က · မင်းလှ

ခေါင်ညွှန့်က ဘယ်အချိန်မှာ စနှိမ်ရတာလဲဗျ အပင်ငယ်ငယ်လေးနဲ့ အဖူးတေဝင်နေလို့

စိုက်ပျိုး ဗဟုသုတ ဂန္ဓမာ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 453,477 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

@Htet Lin https://greenwaymyanmar.com/posts/Different_responses_chrysanthemum_depend_on_ light_exposure ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 453,477 လွန်ခဲ့သော ၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

@Htet Lin ပုံမှန်အားဖြင့် ဂန္ဓမာပန်းပင်များကို စိုက်ပျိုးပြီး (၃) ပတ်မှ (၄) ပတ်အကြာ၊ အပင်အမြင့် (၆) လက်မခန့်နှင့် အရွက် (၅-၆) ရွက်စုံချိန်တွင် ခေါင်ညွန့် စတင်နှိမ်ပေးရပါတယ်။ လက်ရှိတွင် အပင်ငယ်ငယ်နှင့် အဖူးစောဝင်နေရခြင်းမှာ ပျိုးပင်ရင့်နေခြင်း၊ နေ့တာတိုခြင်း (နေရောင်ခြည်ရချိန်နည်းခြင်း) သို့မဟုတ် ရေနှင့် နိုက်ထရိုဂျင်အာဟာရ ပြတ်လပ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။အခုကနိုဝင်ဘာလထဲ ရော‌က်‌ နေပြီမို့ နေ့တာတိုခြင်း (နေရောင်ခြည်ရချိန်နည်းခြင်း) ကြောင့် အပင်ငယ်ငယ်နဲ့အဖူးဝင်တာပါ။ဘေးတက်များ အားကောင်းစွာ ပြန်ထွက်လာစေရန် အစိုဓာတ်မှန်မှန်ပေးပြီး နိုက်ထရိုဂျင် (ပုလဲဓာတ်) များသော မြေဩဇာ သို့မဟုတ် ရွက်ဖျန်းအားဆေးများကို အသုံးပြု၍ အပင်ပိုင်းကြီးထွားမှုကို ပြန်လည်အားပေးရန် လိုအပ်ပါတယ်။ ဂန္ဓမာပန်းခင်းကို ညမီးထွန်းပေးခြင်းဖြင့်လည်း ပင်ပိုင်းကြီးထွားချိန်ကို ဆွဲဆန့်နိုင်ပါတယ်။ ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။