အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေဆီလွှာ အစိုဓာတ်ထိန်းသိမ်းပေးမည့် နည်းလမ်းသုံးသွယ်

မြေဆီလွှာ အစိုဓာတ်ထိန်းသိမ်းပေးမည့် နည်းလမ်းသုံးသွယ်

internews
internews • UNESCO-LIFT • 12/07/2018
00:00
00:00

 ၁။ သစ်ဆွေးဓာတ်ထည့်ပြီး ရေထိန်းနိုင်စွမ်းကို မြှင့်တင်ပါ။

  •  သစ်ဆွေးဓာတ်မြေသြဇာလုပ်ဖို့ အကောင်းဆုံးကတော့ ပဲမျိုးရင်းဝင်ပင်တွေ ဖြစ်ပါတယ်။ပဲမျိုးစုံနဲ့ ပိုက်ဆံလျှော်ကို အသုံးပြုနိုင်ပါတယ်။ သုံးပေကျော်ရင် ထယ်ထိုးပြီး မှောက်ပြီး ၄၅ ရက် အကြာမှာ မြေဆွေး ရရှိနိုင်ပါတယ်။

 သစ်ဆွေးဓာတ်ဆိုတာ စျေးကြီးပေးပြီး ဝယ်ယူရတဲ့ ဓာတုမြေသြဇာတွေ မဟုတ်ဘဲ သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ မြေဆွေး ဘိုကာရှီစတဲ့ သဘာဝ မြေသြဇာတွေထဲမှာ များစွာ ပါဝင်ပါတယ်။ သစ်ဆွေးဓာတ်က မြေကြီးထဲမှာ အပင်အတွက် အာဟာရနဲ့ ရေတွေကို ထိန်းသိမ်းပေးထားတဲ့ သိုလှောင်ရုံတစ်ခုလို လုပ်ဆောင်ပေးပါတယ်။ သစ်ဆွေးဓာတ်ဆိုတာက သစ်ရွက်တွေ အပင်အပိုင်းအစတွေက အဏုဇီဝ ပိုးလေးတွေကြောင့် ဆွေးမြေ့ပြီး ဖြစ်ပေါ်လာတဲ့ အစိတ်အပိုင်းလေးတွေပါ။

 ၂။ မြေဖုံးပြီး ရေငွေ့ပြန်မှုကို ထိန်းသိမ်းပါ။ 

  • ပလပ်စတစ်သုံးဖုံးနည်းက ရေကို အတန်အသင့် ထိန်းနိုင်ပြီး ပေါင်းပင်ပေါက်ရောက်မှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

  • အရွက်၊ ရိုးပြတ်တွေနဲ့ ဖုံးတဲ့နည်းကတော့ ပေါင်းပင်ပေါက်ခြင်းကို သက်သာစေတဲ့ အပြင် ရေငွေ့ပြန်မှုကိုပါ လျော့ချပေးပါတယ်။ 

မြေဖုံးတဲ့ နေရာမှာ ပလပ်စတစ်သုံးဖုံးနိုင်သလို(ဖရဲ၊ သခွားစိုက်တဲ့ သူတွေ သုံးကြပါတယ်) အပင်ရဲ့ အရွက်တွေ၊ ရိုးပြတ်တွေ၊ စက္ကူတွေနဲ့လည်း ဖုံးနိုင်ပါတယ်။

 ၃။ ပေါင်းပင်များကို ဖယ်ရှားပေးပါ။

 မြေကြီးအစိုဓာတ်ကို ထိန်းနိုင်ဖို့ နောက်တစ်နည်းကတော့ ပေါင်းပင်တွေကို ဖယ်ရှားပါ။ အထူးသဖြင့် အမြစ်နက်နက်ဆင်းတဲ့ နှစ်ရှည်ခံ ပေါင်းပင်တွေ ဖြစ်ပါတယ်။ ပေါင်းပင်တွေက ရေတွေစုပ်ယူလေလေ မြေကြီးထဲက အစိုဓာတ်က မြန်မြန်ကုန်လေလေ ဖြစ်တာကြောင့် ပေါင်းပင်တွေကို ဖယ်ရှားဖို့ကလည်း အရေးကြီးပြန်ပါတယ်။

 ချင်းပြည်နယ်ရဲ့ မြေအနေအထားဟာ pH ၅-၆ မျှသာ ရှိတဲ့ အတွက် မြေအစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ နည်းလမ်းများကို ကျင့်သုံးသင့်ပါတယ်။

 ဥယျာဉ်ခြံမြေသီးနှံအတွက် ပေါင်းကင်းစင်ရမည့် အချိန်ကာလများ

 - ပန်းသီးပင်သစ် - မေ၊ ဇွန်

 - မုန်လာဉ – အပင်ပေါက်ပြီး (၂ – ၃ ပတ်ကြာ)

 - ဂေါ်ဖီထုပ် - အပင်ပေါက်ပြီး (၃ ပတ်ကြာ)

 - မုန်လာဥနီ - အပင်ပေါက်ပြီး (၃- ၆ ပတ်ကြာ)

 - ဘူး၊ ဖရုံ၊ သခွား၊ ဆွတ်ခူးချိန် - အစေ့ချပြီး (၄ ပတ်ကြာ)

 - ဆလပ် - အပင်စိုက်ပြီး (၃ ပတ်ကြာ)

 - ကြက်သွန်နီ - သက်တမ်းတစ်ခုလုံး

 - အာလူး - အပင်စိုက်ပြီး (၄ ပတ်ကြာ)

 - စတော်ဘယ်ရီ ပင်သစ် - မေ၊ ဇွန်

 - ခရမ်းချဉ်ပင်သစ် - ရွှေ့ပြောင်းစိုက်ပြီး (၃၆ ရက်ကြာ)

 - အစေ့စိုက် ခရမ်းချဉ် - အစေ့ချပြီး (၉ ပတ်ကြာ)

Source - Internews နှင့် စိုက်မွေးဆည် ဝန်ကြီးဌာန

ပိုစတာရယူရန် - http://bit.ly/2AllMJX

 

 

ဦးကြည်ဝင်း

ဦးကြည်ဝင်း

လွန်ခဲ့သော ၅ နှစ် က

ဓနုဖြူမြို့နယ်အင်းပိုင်း‌ေကျးရွာ‌‌ေမြဓါတ်(ကုန်းမြေ)ပါးကျားအက်ပါကွဲပြီးဆုတ်ရုပ်နေပါသဖြင့်မည်သို့ကာကွယ်ရမည်အလင်းပြပေးပါ

You

ဆက်စပ်ဆောင်းပါးများ

UNESCO-LIFT

နည်းပညာမိတ်ဖက်အဖွဲ့

UNESCO-LIFT

ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 4 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 5 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။