လိပ်ခုံးကျိုင်းတိုင်း မိတ်ဆွေလား..?
ကျောပေါ်မှာ အစက်အပြောက်တွေနဲ့အတူ ချစ်စရာပုံစံ ခုံးခုံးလေးရှိနေတဲ့ လိပ်ခုံးကျိုင်းဆိုတဲ့ အင်းဆက်လေးတွေဟာဆိုရင် ပျပိုးတွေကို ဖျက်စီးစားသောက်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် ပျော့ပျောင်းတဲ့ခန္ဓာကိုယ်ရှိတဲ့ သီးထိုးယင်၊ လှေးပိုးနဲ့ မွှားပင့်ကူတွေကိုလည်း မျိုးစိတ်အလိုက် ကိုက်ဖြတ်စားသောက်ကြပါသေးတယ်တဲ့။
ဒီလိုမျိုး လူနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ အပင်တွေကို ဒုက္ခပေးနေတဲ့ပိုးတွေကို ကိုက်ဖြတ် စားသောက်နေတော့ လိပ်ခုံးကျိုင်းဆိုတာနဲ့ မိတ်ဆွေလို့ပဲ အသိများကြပါတယ်။
ဆိုတော့ ကျွန်မတို့မိတ်ဆွေတွေ ဝါဝါမြင်တိုင်း ရွှေအစစ်လို့မထင်မိစေဖို့ ဒီနေ့မှာ လိပ်ခုံးကျိုင်း မျိုးနွယ်ဝင်အုပ်စုဖြစ်တဲ့ အပင်တွေကို ဖျက်စီးတတ်တဲ့ ရန်သူ ရောင်စုံအာဆီယံလိပ်ခုံးကျိုင်း နဲ့ အာလူးကျိုင်းတွေ အကြောင်းကို ပြောပြပေးသွားပါမယ်။

သူတို့တွေအဓိက စားသုံးတာကတော့ ဝါ၊ ပြောင်း၊ ပဲနဲ့ မုန်ညှင်း တို့ပဲဖြစ်ပါတယ်။
အာလူးကျိုင်းတွေဟာဆိုရင် အပင်ရဲ့ကြီးထွားမှုကို ရပ်တန့်စေတဲ့ အပေါ်ယံအရေပြားပါးအလွှာဖြစ်တဲ့ အရွက်တွေကို စားသောက်ပါတယ်။ ဒီလိုမျိုးအရွက်တွေကိုပဲ စားလိုက်တဲ့အခါ ပင်စည်အတံပဲ ကျန်ခဲ့အတွက် အလင်းမှီအစာဖွဲ့စည်းခြင်းမဖြစ်နိုင်တော့ဘဲ နောက်ဆုံးမှာ အပင်တွေဟာ သေပွဲကိုပဲ ဝင်ကြရပါတော့တယ်။
စားသောက်ခြင်းနည်းလမ်းတစ်ခုနဲ့ပဲ ဖျက်စီးတာမျိုးမဟုတ်ပါဘူး။ အရွက်တွေပေါ်မှာပါ ဥတွေကို ဥချသွားတဲ့အတွက် သားစဉ်မြေးဆက်လာရောက်စားသုံးနိုင်တဲ့ အစာအရင်းအမြစ်တစ်ခုကိုပါ ဖန်တီး သွားကြပါသေးတယ်။
ဘယ်လောက်တောင်ဥနိုင်လဲဆို အရွက်တစ်ရွက်ပေါ်မှာ တစ်ဒါဇင်လောက်ထိကို ဥချနိုင်ပါသတဲ့။ ဆိုတော့ ဦးကြီးတို့ရဲ့ အာလူးအရွက်ထိပ်ဖျားတွေမှာ အဝါရောက်အစက်အပြောက်လေးတွေ တွေ့ရင် သတိကို စမူသင့်ပါတယ်။ စားသောက်ပုံကတော့ အရွယ်ရောက်နေတဲ့ အာလူးကျိုင်းက အပေါ်ဖက် အရွက်မျက်နှာပြင်ကို စားပြီး သားလောင်းကတော့ အောက်ဖက်အရွက်မျက်နှာပြင်ကို စားတဲ့နည်းလမ်း ကို ကျင့်သုံးပါတယ်။
မိသားစုတစ်ခုလုံးအပေါ်အောက်ပြိုင်တူစားနေမှာတော့ ဒီအပင်လေးတွေကလည်း မသေဘဲ ခံနိုင်ရိုး လားရှင်...
အာလူးကျိုင်းဖျက်စီးနေပြီဆို အရွက်တွေမှာ အပေါက်သေးသေးလေးတွေကို အချိန်ပေးကြည့်မှ မြင်ရမှာပဲ ဖြစ်ပါတယ်။ နာမည်ကသာ အာလူးကျိုင်းဆိုပေမယ့် ခရမ်းသီး၊ ဂေါ်ဖီထုပ်နဲ့ တခြား အရွက်စားအပင်တွေမှာလည်း ကျတတ်ပါတယ်။
ပုံစံကတော့ ခန္ဓာကိုယ်ကိုယ်က အဝါရောင်ရှိပြီး အစက် ၂၈ စက် ပါပါတယ်။ နှိမ်နင်းနည်းကိုတော့ ဒီဆောင်းပါးလေးကနေလည်း သိနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Colorado_potato_beetle
နောက်တစ်ကောင်ကတော့ အာဆီယံလိပ်ခုံးကျိုင်းပါ။ ရောင်စုံကာလာတွေနဲ့ရှိတဲ့အတွက် သူ့ကို ရောင်စုံအာဆီယံလိပ်ခုံကျိုင်းလို့လည်းခေါ်ကြပါတယ်။
တောင်သူအများစု မိတ်ဆွေလိပ်ခုံးကျိုင်းနဲ့ ရောထွေးနေကျ အကောင်လေးဆိုလည်း မမှားပါဘူး။ ဘယ်လိုခွဲနိုင်လဲဆို နှစ်ကောင်ကိုယှဉ်ကြည့်လိုက်မယ်ဆို မိတ်ဆွေလိပ်ခုံးကျိုင်းက အာဆီယံလိပ်ခုံး ကျိုင်းထက် ပိုသေးပြီး ပိုဝိုင်းပါတယ်။
အာဆီယံလိပ်ခုံးကျိုင်းမှာရှိတဲ့ ခေါင်းနဲ့တောင်ပံကြားက M ပုံစံလိုမျိုး အစက်လေးနဲ့လည်း ခွဲလို့ရပါသေးတယ်။
တူတဲ့အချက်ကတော့ ရောင်စုံကာလာတွေရှိတဲ့အပေါ်မှာ အနက်စက်တွေရှိနေတာပဲဖြစ်ပါတယ်။

သူ့ရဲ့အဆိုးရွားဆုံးအချက်ကတော့ မိတ်ဆွေလိပ်ခုံးကျိုင်းတွေရဲ့ နေတတ်တဲ့ နေရာတွေကို ဝါးစား ပစ်လိုက်တာပါပဲ။ သူဟာ ပျပိုးတွေကို စားရတာနှစ်သက်တဲ့အပြင် စပျစ်၊ စတော်ဘယ်ရီနဲ့ ရက်စ်ဘယ်ရီမှာ ကျတတ်တဲ့ အခြားလိပ်ခုံးကျိုင်းလိပ်ခုံးကျိုင်းမျိုးစိတ်တွေကိုလည်း ဖမ်းဆီး စားသောက်တတ်ပါတယ်။
ပဲပုပ်ပင်ကတော့ ရောင်စုံကာလာအာဆီယံလိပ်ခုံးကျိုင်းရဲ့ အစာအရင်းအမြစ်ပဲ ဖြစ်ပါတယ်။
ရောင်စုံအာဆီယံလိပ်ခုံးကျိုင်းကို ၁၉၈၈ ခုနှစ်က အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် အာဘီတာစပရင်းမြို့နယ်ရဲ့ အိမ်ထဲမှာ ဖျက်ပိုးအဖြစ် စတင်မှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၇၀ နှောင်းပိုင်းနဲ့ ၁၉၈၀ အစောပိုင်းလောက်က မိတ်ဆွေပိုးလို့ အမှတ်မှားပြီး ဝါသီးနှံထဲက ဖျက်ပိုးတွေကို နှိမ်နင်းရန် လွှတ်ပေးခဲ့ကြမိပါသေးတယ်။
ပြီးတော့ အေးတဲ့ဆောင်းရာသီလိုမျိုးမှာဆို အိမ်ထဲကိုဝင်လာပြီး အသိုက်ဆောက်တာမျိုး၊ ချောင်ကြိုချောင်ကြားလျှောက်ဝင်တာမျိုးနဲ့ တွေ့သမျှနေရာ အပေါက်လိုက်ဖောက်တာမျိုးလုပ်ပြီး လူတွေကို စိတ်ရှုပ်အောင်လုပ်တတ်ပါသေးတယ်။ ပိုဆိုးတာက ဂျပိုးလိုမျိုး အနံ့ဆိုးကြီး ထုတ်လွှတ်တာပါ။ မိတ်ဆွေလိပ်ခုံးကျိုင်းကတော့ ဆောင်းရာသီလိုမျိုးမှာတောင် အိမ်ထဲမှာ နေရမယ့်အစား အပြင်မှာပဲနေရတာကို သဘောကျပါတယ်တဲ့။ ပြီးတော့ သူတို့ဟာ လူတွေကိုလည်း ကိုက်တတ်ပြီးတော့ အိမ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း ဖျက်လိုဖျက်ဆီး လုပ်တတ်တာမို့ လိပ်ခုံးကျိုင်းလိုမျိုး အင်းဆက်တွေ အိမ်ထဲဝင်လာရင် သတိထားဖို့အတွက် သတိပေးရင်း ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
https://www.whatsthatbug.com/do-ladybugs-damage-plants/
http://www.epestsupply.com/asian_beetles.php#:~:text=OutDoor%20Asian%20lady%20beetle%20Control&text=Killing%20as%20many%20beetles%20as,to%20kill%20Asian%20Lady%20Beetles.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အကျိုးပြုအင်းဆက်များ
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဆုမြတ်နိုး
အားလုံး