ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၁၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အမြစ်
@လက်တွေ့တောင်သူ မြေကြီးအစိုဓာတ် အလွန်အကျွံများပြားပြီး ပဲတီစိမ်းပင်များ ညှိုးသေနေပါက ရေထုတ်မြောင်းများ ချက်ချင်းဖောက်ပေးခြင်းနှင့် ရောဂါရအပင်များကို နုတ်ပယ်ရှင်းလင်းခြင်း တို့ကို ဦးစွာပြုလုပ်ရပါမယ်။ အစိုဓာတ်များခြင်းကြောင့် ပင်စည်ထိုးယင်၊ မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါ (၃) မျိုးလုံး ဖြစ်နိုင်သဖြင့် ညှိုးနေသောအပင်ကို နုတ်ယူစစ်ဆေးကြည့်ပါ။ ပင်စည်ကို အလျားလိုက်ခွဲကြည့်၍ လောက်ကောင်လေးများတွေ့ပါက ပင်စည်ထိုးယင်ကြောင့်ဖြစ်ပြီး Fipronil ကဲ့သို့ ပင်လုံးပြန့်ပိုးသတ်ဆေး ဖျန်းပေးရပါမယ်။ အမြစ်နှင့် ပင်စည်ခြေရင်း ဆွေးမြည့်ပြီး မှိုမျှင်ဖြူများတွေ့ပါက မှိုရောဂါဖြစ်၍ Hymexazol မှိုသတ်ဆေးကို အပင်ခြေရင်း စိုရွှဲအောင်ဖျန်းပေးပါ။ အရွက်စိမ်းလျက် ရုတ်တရက်ညှိုးပြီး ပင်စည်ဖြတ်စကို ရေကြည်ဖန်ခွက်ထဲနှစ်ကြည့်ရာမှ နို့နှစ်ရောင်အမျှင်တန်းများ ထွက်လာပါက ဘက်တီးရီးယားရောဂါဖြစ်သဖြင့် ကြေးနီပါသောဆေး (Copper Oxychloride) , Kasugamycin ဖျန်း၍ ကာကွယ်ပါ။ ရေဝပ်နေချိန် ဆေးမဖျန်းဘဲ ရေထုတ်ပြီးမှသာ ဆေးဖျန်းရန်အထူးသတိပြုပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဒီနှစ်ပဲရာသီမှာပဲတီစိမ်းစျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်
ဖြေကြားချက် 4 ခု
ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထား...
ဖြေကြားချက် 1 ခု
ပဲ၁၀ရက်သားပဲ ရှိသေးတယ် ဘာသုံးသင့်လည်း မနက်ပိုင်းပဲကျပြီး ညနေပိုင်းမိုးမိထားတာ အာ့တာနဲ့ ဆိုင်လားဗျ
ဖြေကြားချက် 2 ခု
သဲဆန်သောမြေကို ဘယ်လိုပြုပြင်ရမလည်း
ဖြေကြားချက် 2 ခု
ပြည် - အောင်လံ ပဲတီစိမ်းဈေးကွက်သိချင်ပါတယ်ခင်မျာ ဈေးတက်လာနိုင်ချေရောရှိနိုင်ပါသလား သိုလှောင်ထားလို့ရမရသိချင်ပါ...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။