အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hlaing Min Tun
လွန်ခဲ့သော ၁ ရက် က · ကျုံပျော်

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

ပိုးမွှားရောဂါ မတ်ပဲ
Post image
Post image
Post image
Post image
Post image
+၆

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 451,692 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

@Hlaing Min Tun ပုံပါ မတ်ပဲပင်များ၏ လက္ခဏာမှာ အစိုဓာတ်များသော ရိုးပြတ်ဖုံးစိုက်ခင်းများတွင် အဖြစ်များသည့် Web Blight (Rhizoctonia solani) မှိုရောဂါကြောင့် အဓိက ညှိုးသေခြင်းဖြစ်ပြီး ပင်စည်ထိုးယင် လောက်ကောင်ဖောက်စားမှုနှင့်လည်း တွဲဖက်နေနိုင်ပါတယ်။ လက်ရှိဖျန်းထားသော Azoxystrobin မှိုသတ်ဆေးနှင့် ပိုးသတ်ဆေးများမှာ မှန်ကန်သော်လည်း ပင်စည်အတွင်းသားကို စစ်ဆေးကြည့်ရန် လိုအပ်ပါတယ်။ သေနေသော အပင်အချို့ကို နုတ်ယူ၍ ပင်စည်အောက်ခြေကို အလျားလိုက်ခွဲကြည့်ပါ။ ပင်စည်အတွင်းထဲတွင် လောက်ကောင် သို့မဟုတ် လှိုဏ်ခေါင်းတွေ့ပါက ပင်စည်ထိုးယင်အတွက် ပင်လုံးပျံ့ ပိုးသတ်ဆေး တစ်မျိုးမျိုးကို ဖျန်းပေးရပါမယ်။ မှိုရောဂါ ဆက်လက်မပျံ့ပွားစေရန်အတွက်လည်း Azoxystrobin ဖျန်းပြီး ၇ ရက်မှ ၁၀ ရက်အကြာတွင် Carbendazim သို့မဟုတ် Propiconazole သို့မဟုတ် Validamycin ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးသို့ ပြောင်းလဲ၍ အပင်ခြေနှင့် အရွက်များ ရွှဲစိုအောင် ပက်ဖျန်းကုသပေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ

ဖြေကြားချက် 1 ခု

ပုံပါအတိုင်းဖြစ်ပြီး သေနေလို့ပါဗျ ဆေးလဲတစ်ခါမှ မဖျန်းရသေးတော့ ဆေးဖျန်းချင်ပါတယ် ပိုးသတ်ဆေးနဲ့ မှိုဆေးလေးညွှန်း...

ဖြေကြားချက် 4 ခု

မတ်ပဲ ပွင့်ထွေးပိုးအရမ်းဆိုးနေလို့ အကိုင်းထဲတောင်ဝင်နေတယ် ဘာဆေးဖျန်းရမလဲ အပွင့်ကလှိုင်လှိုင်မပွင့်သေးဘူး ၅၀ရက်...

ဖြေကြားချက် 3 ခု

မတ်ပဲရေနစ်သွားတာ 4-5 ရက်ဖြစ်သွားပြီ ဆရာ ရေနည်းနည်းတော့ကျန်နေသေးတယ် ရေကုန်သွားရင်ဘာဆေး အရင်သုံးသင့်သလဲခင်ဗျ။...

ဖြေကြားချက် 1 ခု

မတ်ပဲပေါင်းအုပ်ဆေးက ဘယ်နှစ်ရက်သားမှာ အသုံးပြုရတာလဲဗျ ဘယ်ဆေးက ကောင်းလဲ လမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။