အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Zay
Aung Zay 193
လွန်ခဲ့သော ၁ ရက် က · ဇလွန်

ပုံပါအတိုင်းဖြစ်ပြီး သေနေလို့ပါဗျ ဆေးလဲတစ်ခါမှ မဖျန်းရသေးတော့ ဆေးဖျန်းချင်ပါတယ် ပိုးသတ်ဆေးနဲ့ မှိုဆေးလေးညွှန်းပါ အကြံပေးပါဗျ

စိုက်ပျိုးနည်း မတ်ပဲ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 451,692 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

@Aung Zay ဝိစာရကထုတ်သည့် ထီး မှိုသတ်ဆေးသို့မဟုတ် ဖိုးစီ မှိုသတ်ဆေးဆိုပြီး ရှိပါတယ်၊ အကောင်းဆုံးကတော့ ဆေးဆိုင်သွားပြီး Hymexazol ဟိုင်မက်ဆာဇော သို့မဟုတ် Foestyl Al ဖော့စတိုင်း ပါဝင်သောမှိုသတ်ဆေးပေးပါလို့မေးပြီးဝယ်နိုင်ပါတယ်၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Aung Zay
Aung Zay 193 လွန်ခဲ့သော ၁ ရက် က

hymexazol သို့မဟုတ် fosetyl -al ပါတာ ဘယ်လိုဆေးတေလဲဗျ ကူညီပါ

သော်ဇင်
သော်ဇင် 451,692 လွန်ခဲ့သော ၁ ရက် က

@Aung Zay ပုံပါအခြေအနေအရ အစိုဓာတ်များခြင်းကြောင့်ဖြစ်လာသည့် ခါးရိ/အမြစ်ပုပ်မှိုရောဂါနှင့် ပင်စည်ထိုးပိုး ကျရောက်မှု ဖြစ်နိုင်ပါတယ်။ ဦးစွာ သေနေသည့်အပင်ငယ်ကို နုတ်ယူပြီး အပင်ခြေပိုင်း ပုပ်ရိနေခြင်း ရှိမရှိနှင့် ပင်စည်ကို ဓားဖြင့်ခွဲ၍ အထဲတွင် ပိုးလောက်ကောင် ရှိမရှိ သေချာစစ်ဆေးပါ။ အစိုဓာတ်များ၍ ဖြစ်ပွားသော မှိုရောဂါအတွက် Hymexazol သို့မဟုတ် Fosetyl-Al ပါဝင်သည့် မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေရင်း မြေကြီးစိုရွှဲသည်အထိ သေချာဖျန်းပေးပါ။ အကယ်၍ ပင်စည်ထိုးပိုး လောက်ကောင်တွေ့ရှိပါက Imidacloprid ကဲ့သို့ ပင်လုံးပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးကိုပါ ဖျန်းပေးရန် လိုအပ်နိုင်ပါတယ်။ အခင်းထဲ ရေဝပ်နေပါက ရေအမြန်ထုတ်ပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Aung Zay
Aung Zay 193 လွန်ခဲ့သော ၁ ရက် က

မြေက အစိုဓာတ်တေရှိနေသေးတယ်ခဗျ

You

ဆက်စပ်မေးခွန်းများ

မတ်ပဲ ပွင့်ထွေးပိုးအရမ်းဆိုးနေလို့ အကိုင်းထဲတောင်ဝင်နေတယ် ဘာဆေးဖျန်းရမလဲ အပွင့်ကလှိုင်လှိုင်မပွင့်သေးဘူး ၅၀ရက်...

ဖြေကြားချက် 3 ခု

မတ်ပဲရေနစ်သွားတာ 4-5 ရက်ဖြစ်သွားပြီ ဆရာ ရေနည်းနည်းတော့ကျန်နေသေးတယ် ရေကုန်သွားရင်ဘာဆေး အရင်သုံးသင့်သလဲခင်ဗျ။...

ဖြေကြားချက် 1 ခု

မတ်ပဲပေါင်းအုပ်ဆေးက ဘယ်နှစ်ရက်သားမှာ အသုံးပြုရတာလဲဗျ ဘယ်ဆေးက ကောင်းလဲ လမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 3 ခု

သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ

ဖြေကြားချက် 1 ခု

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ)...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။